#Local_News
Published_ 5 June 2023
မိုးရာသီကာလမှာ ပြည်ပခရီးသွားတွေနည်းပါးသွားပေမယ့် ပုဂံဒေသလိုမိုးနည်းတဲ့ဒေသတွေကို မိုးရာသီခရီးစဉ်အဖြစ်သွားရောက်လည်ပတ်လိုတဲ့သူတွေရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #မိုးရာသီခရီးစဉ်လည်ပတ်
#YMG #Yangon_Media_Group
#Local_News
Published_5 June 2023
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းမတီ အနေနဲ့ ဇွန်လ ၅ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၇၉၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် ဈေးနှုန်း ၁၇၀ ကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး #အရင်အပတ်ထက်ဈေးကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 5 June 2023
၁။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၃၇၈၀ သတ်မှတ်အရင်အပတ်ထက်ဈေးကျ
၂။ ပုဂံအပါအဝင် မိုးနည်းသောဒေသများကို မိုးရာသီခရီးစဉ် လည်ပတ်လိုသူများရှိနေ
၃။ ကမ္ဘာ့ရွှေစျေးတစ်အောင်စကို ၁၉၄၅ ဒေါ်လာရှိနေပြီး ရန်ကုန်ရွှေအသင်း ၂၂သိန်း၉သောင်းကျော်သတ်မှတ်
၄။ ဘီးတပ်ကုလားထိုင်အသုံးပြုသူများ ကိုယ်တိုင်လှေကားထစ်အဆင်းအတက်ပြုလုပ်နိုင်စေရန် တောင်အာဖရိကမှလူငယ်တစ်ဦးတီထွင်ထုတ်လုပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 5 June 2023
ဗန်းမော်ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားကျင်းပပုံနဲ့ ရေမျှောပူဇော်သဘင်အခမ်းအနားတွေကို TV Channel တွေမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး ဇွန်လ(၆) ရက်နဲ့ဇွန်လ(၇)ရက်တိုမှာ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Local_News #ဗန်းမော်ဆရာတော်ကြီး၏ဈာပနအခမ်းအနား #TV Channelများမှ တိုက်ရိုက်ကြည့်ရှုပူဇော်နိုင် #YMG #Yangon_Media_Group
#Local_News
Published_5 June 2023
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း(အောက်လမ်း)ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဝန်ထမ်းများနှင့်အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို မဟာဗန္ဓုလလမ်းထိပ်မှ ကမ်းနားလမ်းအထိ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ မမြတ်မှူးခင်၊ ဒေါ်ခင်လတ်၊ မအဉ္စနတို့နှင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် ပြင်ပ အရပ်သား မဆုနှင်းဦးနှင့် မချယ်ရီတို့ ၆ ဦးတွင် ဒဏ်ရာ များရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာများကြောင့် လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကုသမှုခံယူနေကြကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်းလည်း သိရသည်။
#ymg/BM #Local_News #ပြည်တွင်းအခွန်ရုံးပေါက်ကွဲမှုဖြစ် #ဝန်ထမ်းများနှင့် အရပ်သား၆ဦးဒဏ်ရာရ #YMG #Yangon_Media_Group
#Local_News
Published-5 June2023
မန္တလေးတိုင်း၊ မိတ္ထီလာတွင် မေလ ၅ ရက်ကဆိုင်ကယ်ခိုးလာသူက လမ်းဘေးတွင်စျေးရောင်းနေသူထန်းသီးသည်အမျိုးသမီးကြီးကို ဝင်တိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက သိရသည်။
မိတ္ထီလာမြို့ စက်မှုဇုန် (၃) လမ်းထိပ်မှ ဆိုင်ကယ်အား ခိုးယူလာသူ အမျိုးသားသည် သဲကုန်းအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် စျေးရောင်းနေသူ ထန်းသီးသည်အမျိုးသမီးကြီးအား ဝင်တိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ကယ်ခိုးသူသည် ဆိုင်ကယ်ထားခဲ့ပြီး အဖော်ပါလာသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက သိရသည်။
ဆိုင်ကယ်တိုက်ခံရသူ ထန်းသီးသည်အမျိုးသမီးကြီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်နေ၍ လိုအပ်သည်များပြုစု၍ သတိပြန်ရလာချိန်တွင်
ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းလူနာတင်ကားဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


#ymg/BM #Local_News #မိတ္ထီလာ #ဆိုင်ကယ်ခိုးလာသူထွက်ပြေး
#YMG #Yangon_Media_Group
#Local_News
Published_5 June 2023
သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် Automatic Licensing နှင့် Non-Automatic Licensing စနစ် စတင်အသုံးပြု ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အစား ဇွန်၂၂ ရက်နေ့သို့ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
မည်သည့်အကြောင်းရင်းကြောင့် ပြောင်းလဲပြင်ဆင်ရခြင်းကိုမူ ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်း မရှိသေးချေ။
လမည့်ဇွန်လ ၁ ရက်နေ့ မှစတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုလျောက်စနစ်ဖြင့် စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ပြီးခဲ့သည့်မေလပိုင်းမှာ ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Trade Net 2.0 စနစ်ဖြင့် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား MACCS စနစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ပြီးဖြစ်ကြောင်းသိရသည်။
#ymg/ynzw #Local_News #AUTOMATIC LICENSING #NON-AUTOMATIC LICENSING #YMG #Yangon_Media_Group
Page 1342 of 2316