#Local_News
Published_ 8 June 2023
ဇွန်လ ၂၆ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။
#Local_News #အွန်လိုင်းကနေအကူအညီတောင်းခံသူများရှိနေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နေအများအပြားပျက်စီးခဲ့တာဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်မှာတော့ စျေးနှုန်းအဆမတန်မြင့်တက်ခဲ့တက်တယ်လို့ စစ်တွေဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #အိမ်ဆောက်ပစ္စည်းစျေးအနည်းငယ်ပြန်ကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 8 June 2023
၁။ စစ်တွေတွင် အိမ်ဆောက်ပစ္စည်းတချို့စျေးအနည်းငယ်ပြန်ကျ
၂။ မူးယစ်ဆေးဖြတ်ချင်လို အွန်လိုင်းကနေအကူအညီတောင်းခံသူများ နေ့စဥ်ရှိနေ
၃။ ဒေါ်လာစျေး အမြင့်ပိုင်းမှာရှိနေသည့်အတွက် ပြည်ပရွှေစျေး မြင့်တက်နေတာဖြစ်
၄။ (၃,၅၀၀)ဒေါ်လာတန်ဖိုးရှိ Vision Pro နားကြပ်ကို Apple ထုတ်ဖော်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 8 June 2023
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင် ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတဲ့အတွက် မြန်မာနိုင်ငံအတွင်းရှိမြို့ကြီးများ အပါအ၀င် ပြည်နယ်နဲ့တိုင်း၁၂ ခုမှာမိုးကြီးနိုင်တယ်လို့ မိုးလေ၀နှင့်ဇလဗေဒညွှန်ကြားမှုဦးဌာနက ဇွန်လ ၈ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
#Local_News #ပြည်နှင့်တိုင်း၁၂ခုတွင်မိုးကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ဇွန်လ ၇ရက်နေ့ နံနက်ပိုင်း၌ သတင်းအရ သက်သေများနှင့်အတူ၀င်ရောက်ရှာဖွေရာ အိုက်၀မ်း နှင့် စိုင်းလှိုင်းဦး(ခ)ထွန်းဦး တို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) များဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးပမာဏမှာအလေးချိန် ၄၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေး အား အဆိုပါ ရပ်ကွက်၊ မြို့ပတ်လမ်းရှိ KTV ဆိုင်ရှေ့တွင် မော်တော်ဆိုင်ကယ် ၁ စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၉၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၇၈ သိန်း)၊ လက်ကိုင်ဖုန်း လုံးတို့နှင့်အတူ ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများဖြစ်သည့်အိုက်၀မ်း(၂၀)နှစ်၊ စိုင်းလှိုင်းဦး(ခ)ထွန်းဦး(၃၇)နှစ် နှင့် စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေး (၂၆)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#ymg/ynzw #Local_News #(Happy Water)များဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#Local_News
Published-8 June2023
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက(ယနေ့)ထုတ်ပြန်ထားသည်။
ဇွန်လ ၇ ရက်တွင် ကာကွယ်ဆေးအကြိမ်ရေ(Doses)၃ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ ၆၄ သန်းနှင့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းအများအပြားကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း သံရုံး၏စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများ နောက်ထပ်အကူအညီပေးရန် တရုတ်နိုင်ငံသို့ တောင်းဆိုခဲ့ပြီး အဆိုပါကာကွယ်ဆေးများကို သက်ကြီးရွယ်အိုများ စသည့်အားနည်းသောအုပ်စုများအတွက် အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သံရုံးကထုတ်ပြန်ထားသည်။
#ymg/BM #Local_News #ကိုဗစ်-၁၉ ကာကွယ်ဆေး၃သန်းရန်ကုန်သို့ရောက်ရှိ၊
#YMG #Yangon-Media-Group
Published 8 June 2023
အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင်ပွဲအခမ်းအနားကို ယနေ့ ဇွန် ၈ရက် မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
အဆိုပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို Viettel Group (Mytel)နှင့် လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် Viettel Group မှ (Mytel)CEO Nguyen Tien Dung တို့က အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်အား စတင်ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ် ဖွင့်ပွဲ အထိမ်းအမှတ် Logoကိုနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပေးအပ်သည်။ ယင်းနောက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်နှင့် ပတ်သက်၍ Mytelမှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေး က ရှင်းလင်းတင်ပြခဲ့ပါတယ်။
အခမ်းအနားမှာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.EDr.Luan Thuy Duong က ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာ၊ ဗီယက်နမ် အကအလှတေးဂီတ အဖွဲ့များက “We LoveMyanmar” တေးသီးချင်းနှင့် “အောင်ဘာလေအွန်လိုင်းသိန်းဆုဖီအား ထိုးလိုက်ကြပါစို့” တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
#ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#အွန်လိုင်းအောင်ဘာလေထီ
#မြန်မာ့စီးပွားရေး
#မြန်မာ_ဗီယက်နမ်ဆက်ဆံရေး



Page 1337 of 2316