#Local_News
Published_14 January 2023
CNG Gas တွေကို ည ၁၀ နာရီအချိန်ထိ ထပ်တိုးပေးထားတယ်လို့ ကြေညာထားပေမယ့် တစ်ကယ့်လက်ရှိမှာတော့ ည ၈ နာရီကျော်အထိသာရရှိတယ်လို့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- အန္တရာယ်ကင်းတဲ့ ကလေးဖြည့်စွက်အာဟာရကို ဘယ်လိုသိရှိနိုင်မလဲ ဘယ်လိုရွေးချယ်နိုင်မလဲ??
#Yangon_Media_Group
#Local_News
Published_ 14 January 2023
အိမ်သာနဲ့ရေချိုးခန်းထဲမှာ ပုံမှန်မဟုတ်တဲ့ အမွှေးနံ့တွေထွက်နေပြီဆိုရင် စိတ်ကြွရူးသွပ်ဆေးသုံးစွဲနေတဲ့ သားသမီးရှိပြီဆိုတာသိပြီး ဆေးဖြတ်ပေးဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- ကလေးဖြည့်စွက်အာဟာရတွေနှင့် ပတ်သက်လို့ အချို့ထုတ်ကုန်တွေမှာ အန္တရာယ်မကင်းတဲ့ သတင်းတွေ မကြာခဏဆိုသလိုတွေ့နေရပါတယ်။ ဘယ်လိုအန္တရာယ်မျိုးလဲ??
#Yangon_Media_Group
#DailyNews
Published_ 14 January 2023
၁။ အိမ်သာထဲတွင် ပုံမှန်မဟုတ်သောအမွှေးနံ့များ ထွက်နေလျှင် စိတ်ကြွဆေးသုံးသည့်သားသမီးရှိနေပြီဟုဆို
၂။ CNG ဂတ်စ် ည ၁၀ နာရိအထိ အချိန်ပြည့်မရဟုဆို
၃။ မြန်မာဘက်မှ ပြန်မဖွင့်သော်လည်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေဟုဆို
၄။ လာမယ့်နှစ်နှစ်အတွင်း ကမ္ဘာကြီးတွင်အဆိုးရွားဆုံးအခြေအနေများ ကြုံတွေ့ရနိုင်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်ပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- ကလေးဖြည့်စွက်အာဟာရဆိုတာဘာတွေလဲ။ ကလေးတစ်ဦးအတွက် ဘယ်လောက်အရေးကြီးပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 14 January 2023
ကျိုက္ခမီရေလယ်ဘုရား၏ ဂန္ဓကုဋီတိုက်အတွင်းရှိ ဘုရားစင်အမြင့်ပေါ်ကို တက်ရောက်ခဲ့သည့် သင်္ကန်းဝတ်ကိုယ်တော်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပက အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ င်္ကန်းဝတ်ကိုယ်တော်သည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ကျိုက္ခမီရေလယ်ဘုရားသို့ တပည့်ဒကာများဖြင့် လာရောက်ခဲ့ပြီး ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်းသို ဘုရာဖူးများမရှိသည့်အချိန်နှင့် တာဝန်ကျဝန်ထမ်းများ ထမင်းစားနေချိန်တွင် မသမာသည့်နည်းဖြင့်အခွင့်ကောင်းယူ ဝင်ရောက်ခဲ့ပြီး ယခုလို ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်သည် သာသနာ ညှိးနွမ်းစေသည့် ရည်ရွယ်ချက်နှင့် ဘုရားကြီးကို ဆွမ်းပန်းရေချမ်း ကပ်လှူထားသည့် အမြင့်ပေါ်တက်ရောက်ခဲ့မှုကို ဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီးတွေရဲ့ သြဝါဒတွေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
Page 1332 of 2047