#Local_News
Published_15 June 2023
မိုးရာသီမှာ ပုဂံဘုရားတွေကို ထိခိုက်မှုတွေများစေတဲ့အပင်တွေ တွယ်ကပ်ပေါက်ရောက်မှုတွေကို ဓာတုဆေးနဲ့သတ်ပြီး ဖယ်ရှားရှင်းလင်းတာတွေဆောင်ရွက်နေတယ်လို့ HeritageTrust Team Bagan မှ သိရပါတယ်။
#Local_News #အပင်များရှင်းလင်းခြင်း/မိုးရေယိုပေါက်ပိတ်ခြင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 15 June 2023
၁။ မိုးရာသီတွင် ပုဂံဘုရားများအား ထိခိုက်စေမည့်အပင်များရှင်းလင်းခြင်းနှင့် မိုးရေယိုပေါက်ပိတ်ခြင်းများ ဆောင်ရွက်နေ
၂။ ပြည်ပနိုင်ငံများ ဆန်တင်ပို့ရာတွင် ကျန်းမာရေးနဲ့ညီညွတ်စေဖို့ဆန်သိုလှောင်ရုံများကို ကွင်းဆင်းစစ်ဆေး
၃။ အခုရက်ပိုင်းတွင် စစ်ကိုင်း၊ ကချင်၊ ရန်ကုန်၊ ရခိုင်နှင့်ဒေသအချို့၌ မိုးကြီးပြီးလေပြင်းတိုက်နိုင်
၄။ ဟွန်ဒူးရပ်စ်သမ္မတတရုတ်နိုင်ငံသို့လာရောက်လည်ပတ်ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များသဘောတူခဲ့ကြ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_15 June 2023
(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် အများပြည်သူအား ဖွင့်လှစ်ပြသဖို့စီစဥ်နေပြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဗိုလ်တထောင်မြို့နယ် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ပြင်ဆင်နေမှုများပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News #ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့်အတွင်းဝန်ရုံးပြင်ဆင်နေ
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းပျက်ကျ၍ တပ်မတော်သားနှစ်ဦး ကျဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလေ့ကျင့်နေသောတပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ ကွယ်လွန်ကာ ရဟတ်ယာဉ်ပျက်စီးခဲ့ရကြောင်း၊ ရုပ်အလောင်းများကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
#ymg/BM #Local_News #စက်ချို့ယွင်းပျက်ကျ၍ နှစ်ဦးကျဆုံး
#YMG #Yangon_Media_Group
#Local_News
Published-15 June 2023
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် လမ်းမြောင်းများတူးဖော်နေသော ယာယီအလုပ်သမားတဲကို ကွန်တိန်နာကားတစ်စီး ဝင်တိုက်ခဲ့ပြီး အနီးရှိသစ်ပင်လဲကျကာ သစ်ပင်ပိ၍ အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
ဇွန်လ ၁၄ ရက် ညပိုင်းက လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ရွှေသံလွင်ဘုရားအနီး ကွန်တိန်နာကားတစ်စီး လမ်းချော်၍ ယာယီအလုပ်သမားတဲကို ဝင်တိုက်ခဲ့ပြီး အနီးရှိသစ်ပင်လဲကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"မိုးကလည်းရွာတာဆိုတော့ ကွန်တိန်နာကားက စလစ်ဖြစ်ပြီး ဝင်တိုက်တာ။ လူ၂ဦးဒဏ်ရာရတယ်"ဟုရပ်ကွက်နေသူ တစ်ဦးကဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား၂ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။


#ymg/BM #Local_News #ယာယီအလုပ်သမားတဲကိုကွန်တိန်နာကားဝင်တိုက်မိ
#YMG #Yangon_Media_Group
#Local_News
Published_14 June 2023
ကိုဗစ်ဖြစ်ပွားချိန်ကစလို့ (၃)နှစ်ကြာ မကျင်းပဖြစ်ခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် အခုနှစ်နိုဝင်ဘာလမှာ ပြန်ကျင်းပဖို့ရှိတယ်လို့ ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်းမှ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 14 June 2023
ပြည်တွင်းဆန်ထွက်ရှိမူ အားလုံးရဲ့ ၂၀ရာခိုင်နူန်းကိုသာ ပြည်ပကိုတင်ပို့နေတာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နူန်းကို ပြည်တွင်းမှာစားသုံးဖို့ ထားရှိတာဖြစ်တဲ့ ဆန်စျေးကွက်အခြေအနေကို စိုးရိမ်ရမရှိဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌဦးရဲမင်းအောင်က ပြောပါတယ်။
#YMG #Yangon_Media_Group
Page 1327 of 2316