ကိုဗစ်ကာလပြီးနောက်ပိုင်း ငွေနှင်းမှို စိုက်ပျိုးရောင်းချသူ ယခင်ထက် ၃၀ရာခိုင်နှုန်းပိုများလာ
ငွေနှင်းမှို၊ ကြွက်နားရွက်မှိုစတဲ့ တပိုင်တနိုင်စိုက်ပျိုးနိုင်တဲ့ မှိုအမျိုးအစားထဲမှာ ငွေနှင်းမှိုဟာ စိုက်ပျိုးဖြစ်ထွန်းမှု များတာကြောင့် စိုက်ပျိုးသူ ပိုများခြင်း ဖြစ်ကြောင်းသိရတယ်။
Yangon_Times/LW
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
ရန်ကုန်ရှိ မြို့နယ်အချို့တွင် လေပြင်းများတိုက်ခတ်နေ
‘ရန်ကုန်မှာ လေပြင်းတွေတိုက်နေတာက နေ့အပူချိန်တွေမြင့်တက်မှုကြောင့် မိုးတိမ်တောင်တွေဖြစ်ထွန်းတာဖြစ်ပြီး မိုးတိမ်တောင်တွေကြောင့်လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်နေတာဖြစ်တယ်’ ဦးလှထွန်း၊ညွှန်ကြားရေးမှူး၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
တရုတ်နိုင်ငံသို့ ရောင်းစားခံရသဖြင့် ယခုနှစ်အတွင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံ အကူညီတောင်းခံထားသူ မြန်မာအမျိုးသမီး ၂၇ဦးရှိ
လူကုန်ကူးခံရပြီး ကျန်ရှိတဲ့အမျိုးသမီး ၁၈ဦး ကိုလဲ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေ
Yangon_Times/LW
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
ရေး-ထားဝယ် ကားလမ်း ပြန်ပွင့်သွားပြီဖြစ်
‘ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ တံတားတစ်စီးပြိုကျပျက်စီးခဲ့ပြီး အချိန်နဲ့တစ်ပြေးညီပြုပြင်ခဲ့တဲ့အတွက် အခုဆိုရင် ကားလမ်းပြန်ပွင့်သွားပြီဖြစ်ပါတယ်’ မွန်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဦးစွာအခမဲ့ထိုးပေးမည်
‘ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုး အမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်’ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
Yangon_Times/tthl
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
Published_ 23 August 2023
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီး နေအိမ်တစ်အိမ်တွင်မီးလောင်မှုဖြစ်ခဲ့၍ လေဖြတ်နေသူ ၁ဦးအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းကသိရသည်။
အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီး၊တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရွာရှိ နေအိမ်တစ်အိမ်တွင်ဩဂုတ်၂၂ ရက်၊ ည ၁၁ နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့၍ ယင်းအိမ်ရှိ လေဖြတ်လူနာ ၁ဦးအပါအဝင် သေဆုံးသူ ၃ဦးခဲ့ကာ သေဆုံးသူများတွင် မီးလောင်ဒဏ်ရာများတွေ့ရကြောင်းလည်းသိရသည်။
"မီးဘယ်က စလောင်တာလဲမသိရသေးဘူး။ မီးသတ်ဘက်က စစ်ဆေးနေတယ်။ မီးလောင်မှုဖြစ်တဲ့အချိန် အပြင်မှာ မိုးတွေလည်းသည်းနေတယ်"ဟု လူမှုကူညီရေးအသင်းကသိရသည်။
မီးလောင်မှု ဖြစ်ပွားတဲ့ နေရာသို့ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ သွားရောက်ကူညီ ငြိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times


Published_ 23 August 2023
ထိုင်းနိင်ငံ နခွန်ရတ်ချဆီမာမြို့ရှိ Laemthong Poultry Co., Ltd (ကြက်သားစက်ရုံ) တွင် အလုပ် လုပ်ကိုင်ရင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား တစ်ဦး
အတွက် အာမခံကြေး အဖြစ် ထိုင်းဘတ်ငွေ၆သိန်းနှင့်မြန်မာကျပ်ငွေ သိန်း၅၀ ကို မိသားစုဝင်
ထံပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်မြို့) မှသိရသည်။
အဆိုပါ အလုပ်သမား မအေးမြင့်သည် ၁၇-၅-၂၀၂၃ ရက်နေ့တွင် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ မြန်မာနိုင်ငံတွင်ရရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၅၀ တိတိအား ၃၁-၅-၂၀၂၃ ရက်နေ့တွင်တရားဝင်စေလွှတ်ခဲ့သည့် မြန်မာအေဂျင်စီGrand Asia Force Co., Ltdမှလည်းကောင်း၊ထိုင်းနိုင်ငံသို့ လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါ အာမခံကြေးမှရရှိသည့် ဘတ် ၁၀၀,၀၀၀ တိတိကို Dhipaya Insurance Public Co., Ltd မှ အလုပ်သမားသံအရာရှိရုံး၌ ၂၆-၆-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မော်တော်ယာဉ် အာမခံကြေးမှရရှိသည့် ဘတ် ၅၀၀,၀၀၀ တိတိကိုအလုပ်သမားသံအရာရှိရုံး၌ ၂၂-၈-၂၀၂၃ ရက်နေ့တွင်လည်းကောင်း ပေးအပ်ခဲ့ရာ သေဆုံးသူ၏ညီမဖြစ်သူမဆန်းညွန့်မှလက်ခံ ထုတ်ယူခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ယာဉ်မတော်တဆ မှုကြောင့်ထိုင်းနိုင်ငံအတွင်း သေဆုံးသည့်အ မှုများမဖြစ်စေရန်အတွက်ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ယာဉ်/လမ်းစည်းကမ်းများ သိရှိလိုက်နာကြရန် အတွက် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး မှ မေတ္တာရပ်ခံအကြံပြု ထားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times

Page 1324 of 2422