#Local_News
Published _ 19 October 2022
အများပြည်သူစီးနင်းလိုက်ပါမှုများတဲ့ ကာလတွေမှာ အထူးရထားတွေပြေးဆွဲနိုင်ဖို့ စက်ခေါင်းတွေနဲ့ တွဲဆိုင်းတွေကို အရန်သင့်ပြင်ဆင်ထားတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _19 October 2022
ရှမ်းပြည်နယ် တောင်ပိုင်းက ကလောမြို့ကို အပန်းဖြေခရီးသွားမြို့တော်အဖြစ်လုပ်ဆောင်မယ့် စီမံကိန်းကို စတင်နေပြီလို့ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 19 October 2022
၁။ ကလောမြို့ကို အပန်းဖြေမြို့အဖြစ် ဆောင်ရွက်သည့်လုပ်ငန်းစတင်
၂။ လာမည့် အောက်တိုဘာလ ၂၄ ရက်တွင် ရန်ကုန်- မန္တလေး အထူးရထားပြေးဆွဲပေးသွားမည်
၃။ ကူးစက်မှုများနိုင်သည့် ကိုဗစ်မျိုးကွဲသစ် XBB မြန်မာ၏ အိမ်နီးချင်းနိုင်ငံဘင်္ဂလားဒေ့ရှ်တွင် တွေ့ရှိရသဖြင့် သတိပြုရန်လိုဟုဆို
၄။ စပျစ်သီးများနှင့်ဝိုင်များကို ရည်ရွယ်ကပ်လှူလေ့ရှိသည့် ဂျပန်ဘုရားကျောင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 October 2022
စာရေးဆရာအကြည်တော် မကျန်းမာတဲ့အတွက် ဆေးကုသမှုခံယူနေရပြီး အောက်တိုဘာလ(၁၉)ရက်နေ့လည်ပိုင်းအထိတော့ သတိပြန်မလည်လာသေးဘူးလို့ ဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက ပြောပြပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 19 october 2022
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းတွင် လူ ၃ဦးမှ ဆိုင်ကယ်ဌားစီး၍ ဆိုင်ကယ်မောင်းနှင်သူအား လုယက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ မနက် ၇ နာရီကျော်ခန့်က အမည်၊ အသက်၊ နေရပ်လိပ်စာ (စစ်ဆေးဆဲ)အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးအားငှားရမ်း၍ အခင်းဖြစ်နေရာ အရောက်တွင် ဆိုင်ကယ်မောင်းသူ ၂ ဦးအား ဓားဖြင့်ထောက်၍ ဆိုင်ကယ်များအားလုယက်ခဲ့ကြသည်။ လုယက်စဉ် ဆိုင်ကယ်မောင်းနှင်သူ ၁ ဦးမှ အော်ဟစ်ခဲ့သဖြင့် ၎င်းဖြစ်စဉ်အားမြင်တွေ့သူ ၁ ဦးမှ ဆိုင်ကယ်ရှေ့ကပိတ်၍ တားဆီးရာ လုယက်သူ ၁ ဦးက ဓားဖြင့် တိုက်ခိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
"တစ်ယောက်ကတော့ ထွက်ပြေးသွားတယ် ကျန်တဲ့ ၂ ယောက်ကိုတော့အနီးနားကလူတွေဝိုင်းဖမ်းလို့ မိသွားပါတယ် သူတို့က (၃) ယောက်လာတာပါ၊ ကူညီပေးတဲ့သူလည်း ဒဏ်ရာရသွားတယ်။ ပြီးတော့လုတဲ့သူ နှစ်ယောက်လည်း ထိုးကြိတ်ဒဏ်ရာတွေရထားတယ်"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက YMG ကို အခုလိုပြောပြသည်။
လုယက်သူ ၂ ဦးနှင့် လုယက်သူများအား တားဆီးပေးသူ ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းနှင့်ချိတ်ဆက်ကာ အင်းစိန်မြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့နှင့် တွဲလက်လူမှုကူညီရေးအဖွဲ့တို့က အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_19 October 2022
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားကို ခရီးစဉ်မှတ်တိုင်အလိုက် ကျပ် ၄၀၀ အထိကောက်ခံခွင့်ပြုထားကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
YBS ခရီးသည်တင်ယာဉ်လိုင်းအများစုသည် အောက်တိုဘာ ၁ ရက်မှစတင်၍ ယာဉ်စီးခကို ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။ YRTC အနေဖြင့် ယာဉ်စီးခကို ခရီးစဉ်မှတ်တိုင်အရေအတွက်လိုက် ကောက်ခံခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒါကတိုးကောက်တယ်လို့ ပြောလို့တော့မရဘူး။ ခရီးစဉ်အစ/အဆုံးကို ၄၀၀ အထိကောက်ခံခွင့်ပြုထားတယ်။ အကုန်လုံးကဈေးတက်နေတော့ YBS ယာဉ်လိုင်းတွေလည်း အခက်အခဲတွေရှိတယ်။ ဒါကြောင့်ခွင့်ပြုထားတာပါ။ အဲဒီထက်ပိုကောက်တယ်ဆိုရင်တော့ အရေးယူဆောင်ရွက်သွားမှာပါ”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
လက်ရှိအချိန်ထိ ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ယာဉ်လိုင်းပေါင်း ၅၀၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ ယင်းအပြင် YPS ကတ်စနစ်ဖြင့်စီးနင်းသူခရီးသည်ဦးရေမှာ ငါးသောင်းပတ်ဝန်းကျင်ရှိကြောင်းသိရသည်။
“ YBS ယာဉ်စီးခက တစ်လိုင်းနဲ့တစ်လိုင်းကောက်တာမတူဘူး။ အဲဒီတော့ ကတ်နဲ့စီးရတာက ပိုအဆင်ပြေတော့ ကတ်နဲ့ပဲစီးဖြစ်တော့တယ်။ ယာဉ်လိုင်းအားလုံးတော့ ကတ်စနစ်က မရသေးဘူး။ အခုအားလုံးက အစစအရာရာဈေးတက်နေတော့လည်း ဘာမှတော့ မပြောလိုပါဘူး”ဟု YBS စီးသည့်ခရီးသည်တစ်ဦးက ပြောသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_19 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးကာ ၁၈ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယနေ့အောက်တိုဘာလ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က အဆိုပါဗဟိုအကျဉ်းထောင်၏ ဝင်ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုများကြောင့် အခင်းဖြစ်နေရာအနီးရှိ အကျဉ်းထောင်တပ်သားများဖြစ်သည့် ကျော်ဇင်ဦး၊ ချစ်မိုးဝေနှင့် ပိုးအိစံ၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူများဖြစ်ကြသည့် ဒေါ်သင်းသင်းချို(၅၄)နှစ်၊ မယွန်းမီမီကျော်(၁၀)နှစ်၊ ဒေါ်သိန်းကြွယ်(၅၆)နှစ်နှင့် စိစစ်ဆဲ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦး တို့ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး(၁) ဒေါ်သိင်္ဂီဝင်းမြင့်၊ အကျဉ်းထောင်တပ်သား ဇေယျာခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊ သဒ္ဒါဖူးကိုကိုနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့ သူများဖြစ်ကြသည့် မောင်ဖြိုးသူလျှံ (ခ)ပိုင်ပိုင်(၉)နှစ်၊ ကိုရန်နိုင်(၃၅)နှစ်၊ ကိုစည်သူအောင်(၃၈)နှစ်၊ မောင်ပြည့်စုံဖြိုး(၁၇)နှစ်၊ ကိုထက်နိုင်ထွန်းရှိန်(၃၃)နှစ်၊ ဒေါ်ဇာခြည်လွင်(ခ)မလုံးစီ(၄၃)နှစ်၊ မအေးစန္ဒာစိုး(၂၁)နှစ်၊ ဒေါ်မျိုးပပဝင်း(၄၁)နှစ်၊ မမေသွန်းနဒီနိုင်(၁၇)နှစ်၊ ဒေါ်နော်ဝါးဖော(၅၀)နှစ်၊ မဆွေသူအောင်(၂၉)နှစ်၊ မဇင်မာဝင်း(၃၄)နှစ်၊ ဒေါ်မိုးသီတာ(၅၃)နှစ် စုစုပေါင်း ၁၈ ဦးတွင် မိုင်းစ ထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား မိုင်းရှင်းလင်းရေးများဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ပါဆယ်ထုပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1324 of 1858