၂၃ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံရဲ့ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့ ကာဆီကွန်ဘဏ် Kasikornbank က သူတို့ဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်ပြုလုပ်ကာ စမတ်ဖုန်းအခြေခံတဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေပို့ငွေလွှဲလုပ်ငန်းကို လုပ်ဆောင်လိုက်ပြီလို့ ဩဂုတ် ၂၂ ရက်ကကြေညာလိုက်ပါတယ်။
အဆိုပါဘဏ်ဟာ ထိုင်းနိုင်ငံမှအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံမှ မိသားစုတွေထံ ငွေလွှဲဖို့ လိုအပ်ချက်တွေကို အမိဆုပ်ကိုင်လိုက်တာဖြစ်တယ်လို့ နစ်ကေးအေးရှားသတင်းက ရေးသားပါတယ်။
နိုင်ငံတကာငွေလွှဲပြောင်းမှုကို ကာဆီကွန်ဘဏ်ရဲ့ အက်ပလီကေးရှင်းမှတစ်ဆင့် KBZPay ထဲသို့ မြန်မာကျပ်ငွေဖြင့် လွှဲပြောင်းပေးပို့မှာဖြစ်ပါတယ်။ ငွေလွှဲခကို အောက်တိုဘာလအထိ အခမဲ့ပေးမယ်လို့လည်းသိရပါတယ်။
ဒီလုပ်ငန်းကြောင့် ကမ္ဘောဇဘဏ်အနေနှင့် ထိုင်းဘတ်ငွေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာငွေအစား ဘတ်ငွေနှင့်ငွေပေးချေမှုတွေကို အခြားနည်းလမ်းတစ်ခုအဖြစ်ကြိုးစားဆောင်ရွက်နေပါတယ်။
တကယ်လို့ ထိုင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တာတွေ တိုးတက်လာရင် ကျပ်ငွေကနေ ထိုင်းဘတ်ကိုပြန်လဲဖို့ ပိုပြီး လွယ်ကူလာမှာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကနေ ငွေတွေလွှဲပို့ပေးနေခဲ့ကြပါတယ်။ ဒါပေမယ့် နစကအစိုးရက နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကြပ်စွာထိန်းချုပ်ထားပြီး ဘဏ်တွေမှတစ်ဆင့် တရားဝင်ငွေလွှဲတာမလုပ်ဘဲ တရားမဝင်ငွေလွှဲမှုတွေကို နှိမ်နှင်းနေပါတယ်။ပြီးတော့ ဘဏ် အက်ပလီကေးရှင်းအချင်းချင်းမှတစ်ဆင့် ပုံမှန်နည်းလမ်းနှင့်ငွေလွှဲတာကို အားပေးနေတယ်လို့ သတင်းကဆိုပါတယ်။
KBZPay လို့ခေါ်တဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို ၂၀၁၈ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ QR code အခြေခံတဲ့ ငွေပေးချေမှုနှင့်ငွေလွှဲစနစ်ကို လူပုဂ္ဂိုလ်တွေအကြား အသုံးပြုနေပါတယ်။ အဲဒီအပြင် အေတီအမ်စက် ဒါမှမဟုတ် ကိုယ်စားလှယ်တွေဆီကနေ ငွေသားပြန်ထုတ်ယူနိုင်ကြတာဖြစ်တဲ့အကြောင်း နစ်ကေးအေးရှားကရေးသားပါတယ်။
Published_ 23 August 2023
လာမည့်၂၀၂၄ခုနှစ်တွင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများအတွက်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကိုစက်တင်ဘာလ(၁)ရက်မှစတင်ရောင်းချပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတိုကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ရောင်းချပေးမည် ဖြစ်သည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက် ကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အတွင်း သတ်မှတ်ရက်အမီတင်သွင်းကြရမည် ဖြစ်သည်။
စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ် ဝင်စာမေးပွဲကျရှုူံးသူများကို ပြင်ပဖြေအဖြစ်ဖြေဆိုခွင့်ပြုမည် ဖြစ်သည်ဟုဆိုသည်။
ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာမြိုနယ်ပညာရေးမှူး ရုံးများတွင် စာမေးပွဲဝင်ကြေး (၇၀ဝိ/-) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍မိမိတို အမှန်တကယ်နေထိုင်သည့် မြိုနယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစက်တင်ဘာလ(၂၉)ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်သည်။
လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂) ၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြိုတွင် လာရောက်ဝယ်ယူနိုင်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 23 August 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာ ကုန်ထုတ်လုပ်သားသစ် (၁၄၂)ဦးကို သြဂုတ်လ ၂၂ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
အဆိုပါ ကုန်ထုတ်လုပ်သားသစ် (၁၄၂)ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သား၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား စုစုပေါင်း(၄၂၈)ဦးကို သြဂုတ်လ(၁)ရက်၊ (၂)ရက်နှင့်(၈)ရက်က စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times

Published_ 23 August 2023
စမ်းသပ်သန်းခေါင်စာရင်းကောက်ခံမှုကို ယခုနှစ်၊အောက်တိုဘာလ အတွင်း မြို့နယ် (၂၀) ရှိ စာရင်း ကောက်ကွက် (၁၀၀) တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ခံမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သြဂုတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောသည်။
ယင်းနောက် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို လာမည့်၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းသည် ကိုယ့်အား ကိုယ် ကိုးစနစ်နှင့် နိုင်ငံတော်ဘတ်ဂျက်နှင့် မိမိတို့အစိုးရ ဝန်ကြီး ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ် သည့်အပြင် ယခင်သန်းခေါင် စာရင်းများကဲ့သို့ တိကျခိုင်မာပြီး အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ယင်းကပြောသည်။
၂၀၂၄ ခုနှစ်၊ သန်းခေါင် စာရင်းကောက်ယူမှုအတွက် နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေကိုသာ သုံးစွဲမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုး နှင့် လုံခြုံရေးပိုင်းဆိုင်ရာ က အစ အခြားမမျှော်မှန်းနိုင်သည့် အခက်အခဲများတွေ့ကြုံလာနိုင်သည့် အတွက် ယင်းကို ကျော်လွှား နိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း သိရသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ်တွင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ရှိကြရာ မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း၊ယင်းမှာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အခြေခံအကျ ဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦး ရေနှင့် လူမှုစီးပွားရေး အခြေ အနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂၅ ရက် က ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 22 August 2023
၁။ ရွှေတိဂုံ၊ မဟာမြတ်မုနိ၊ ကျိုက်ထီးရိုး၊ သျှစ်သောင်းပုထိုးတော်ကြီးစသည့် တန်ခိုးကြီးဘုရားများတွင် ဒစ်ဂျစ်တယ်လမ်းညွှန်များ ထားရှိနိုင်ရန် ဆောင်ရွက်နေ
၂။ မလေးရှားအစိုးရက မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားသစ် ခေါ်ယူဖို့ရန် ခွင့်မပြုသေးဟုဆို
၃။ အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ပြိုင်ပွဲအမျိုးအစားလေးမျိုး ယှဉ်ပြိုင်မည်
၄။ ကင်ညာနိုင်ငံ၏ အရွယ်ရောက် လူပျို အပျိုဖြစ် ယူနိုတိုရိုးရာပွဲ မာဆိုင်းလူငယ်များဆင်နွှဲး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
မြဝတီ-ကော့ကရိတ် လမ်းပိုင်းပြုပြင်၍ ပြီးခါနီးပြီဖြစ်
‘မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ အိမ်စီးကားတွေအပြင် ကုန်တင်ကားခြောက်ဘီးကန်ဒါတွေ ဖြတ်လို့ရနေပြီဖြစ်ပြီး ကုန်တင်ကားကြီး (၁၂)ဘီးကားတွေလည်း မကြာမီရက်ပိုင်းအတွင်းဖြတ်သန်းနိုင်တော့မှာဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်တော့မှာဖြစ်တယ်’ မြဝတီအခြေစိုက်လူမှုကူညီရေးအဖွဲတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 22 August 2023
#YMG #Yangon_Times
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ငှားရမ်းနေထိုင်ခွင့် လာမည့် ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် လျောက်လွှာထပ်မံခေါ်ယူမည်
သုခဒဂုံပြည်သူ့အငှားအိမ်ယာစီမံကိန်းမှာ အဆောက်အဦးပေါင်း (၁၉၄)လုံး၊ အခန်းပေါင်း (၃၁၀၄)ခန်းနဲ့ ဆောက်လုပ်ထားတာဖြစ်
Yangon_Times/MY
#Local_News
#Published_ 22 August 2023
#YMG #Yangon_Times
Page 1325 of 2422