Published_ 25 August 2023
လှိုင်သာယာ အနောက်ပိုင်းမြို့နယ် (၉)ရပ်ကွက် တွင် ယနေ့နံနက် ၄နာရီခန့် ကအမျိုးသားတစ်ဦးက မီးရရှို့သည်ဟုဆိုကာ မီးလောင်မှု ဖြစ်ပွားခဲ့ ပြီး နေအိမ် သုံးလုံးမီးလောင်ပျက်စီးခဲ့ကြောင်းမေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်း (လှိုင်သာယာ) ထံမှ သိရသည်။
အဆိုပါ မီးရှို့သည်ဟု ဆိုသည့် အမျိုးသား ကိုလည်း လှိုင်သာယာ မြို့နယ် သောင်ကြီး ရဲစခန်း ကို ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာက စစ်ဆေးမှု များပြုလုပ်နေကြောင်း သိရသည်။
'' အခု မီးလောင်တာ က ရှို့မီးလို့ ဘေးပတ်ဝန်းကျင်က အကုန်ပြောကျတယ် အမျိုးသားတစ်ယောက် လုပ်တာ အခု လောင်သွားတဲ့ အိမ်သုံး အိမ်မှာ အလည် အိမ် က စလောင်တာ ၊အဲ့ အမျိုးသား ကိုလဲ အခုမနက် ကပဲ သက်ဆိုင်ရာက ခေါ်ဆောင်သွားပြီးတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်''ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်း (လှိုင်သာယာ) မှ ကိုအောင်ခိုင်က ပြောသည်။
မီးလောင်မှုကြောင့် ပျဉ်ထောင် သွပ်မိုးအိမ် နှစ်အိမ်နှင့် တိုက်ခံအိမ်တစ်လုံးဆုံးရှုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times




Published _25 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာရုံအနီး၊ ကျောင်းတိုက်ဝန်းအတွင်း၌ တည်ဆဲ နဂါးရုံဘုရားပြိုကျမှုယနေ့ ဩဂုတ်လ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ Repeater ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့သွားရောက်၍
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသီရသည်။
#YMG #Yangon_Times




Published_ 25 August 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အဝတ်လျှော်နေရင်း အမျိုးသမီး ၁ဦး ယနေ့ ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ကသိရသည်။
လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ၄၉လမ်း၊ ၁၉လမ်း နှင့် ၂၀ လမ်းကြားတွင် အမျိုးသမီးတစ်ဦးသေဆုံးနေပါသဖြင့်ကူညီပေးပါရန် နယ်ထိန်း၊မြို့မရဲစခန်းမှဆက်သွယ်အကြောင်းကြားလာ၍သွားရောက်ခဲ့ရာတွင် အဝတ်လျှော်နေရင်း ရေကန်အနီးတွင် သေဆုံးနေခဲ့ခြင်းဖြစ်သည်။
" အသက် ၃ဝ ကျော်အရွယ် အမျိုးသမီး သူ့ကလေးလေးနဲ့ အဝတ်လျှော်နေတုန်း အဲဒီရေကန်နားမှာ ဆုံးနေတာပါ။.သေဆုံးသူအမျိုးသမီးက ဝက်ရူးပြန်ရောဂါရှိတယ်လို့လည်းသိရတယ်"ဟု လူမှုကူညီရေးအသင်းမှသိရသည်။
လူမှုကူညီရေးအသင်းမှ ဖြစ်စဥ်နေရာသို့သွားရောက်၍ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာသေဆုံးသူအမျိုးသမီးအလောင်းကိုလားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ ကားဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 25 August 2023
ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ယနေ့ (သြဂုတ်လ ၂၅ ရက်)မှ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်သည်။
ယင်းကို လှိုင်သာယာမြို့နယ်တွင် (၇)ဆိုင်၊ ရွှေပြည်သာမြို့နယ်တွင် (၄) ဆိုင်၊ တောင်ဒဂုံမြို့နယ်တွင် (၄) ဆိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် (၅)ဆိုင်၊ မြောက်ဒဂုံမြို့နယ်တွင် (၂) ဆိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် (၁)ဆိုင်၊ အရှေ့ဒဂုံမြို့နယ်တွင် (၂)ဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၃) ဆိုင်၊ ပုဇွန်တောင်မြို့နယ်တွင် (၁) ဆိုင်၊ သာကေတမြို့နယ်တွင် (၁)၊ ဒေါပုံမြို့နယ်တွင် (၂) ဆိုင်၊ ဒလမြို့နယ်တွင် (၃) ဆိုင်၊ ကြည့်မြင်တိုင်မြို့တွင် (၁) ဆိုင်၊ အလုံမြို့နယ်တွင် (၁) ဆိုင်၊ စိတ်ကြီးခနောင်တိုမြို့နယ်တွင် (၁)ဆိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၃) ဆိုင်၊ အင်းစိန်မြို့နယ်တွင် (၁) ဆိုင် မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင် တို့မှတစ်ဆင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရသိရသည်။
ဆက်လက်၍ လူနေရပ်ကွက်နှင့် ဈေးများရှိ အောက်ဖော်ပြပါဆန်ဆိုင်များတွင် ရောင်းချမည်ဟုသိရသည်။ အဆိုပါဆန်ဆိုင်များမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်ကစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား တင်ပြလျက် ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန် တစ်အိတ်နှင့် ဧည့်မထ အမျိုး အစားဆန် တစ်အိတ်တို့ကို ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင်ရောင်းချပေး နေကြောင်း လည်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times


#Daily_News
Published_ 24 August 2023
၁။ အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးကြီးမည်
၂။ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဒေသဆိုင်ရာ လမ်းညွှန်သင်တန်းဟုဆိုကာ
မန္တလေးတွင် လိမ်လည်ဖွင့်လှစ်ပြီး သင်တန်းကြေးငွေများ ကောက်ယူနေဟုဆို
၃။ ကမ္ဘာကျော် ဘာစီလိုနာလူငယ် ဘောလုံးအသင်းနှင့် မြန်မာလူငယ်အသင်းတို့ ယှဉ်ပြိုင်ရာတွင် မြန်မာလူငယ်အသင်း ရှုံးနိမ့်
၄။ တရုတ်နိုင်ငံမှ ကျောက်မျက်ရတနာများအား အွန်လိုင်းမှ တိုက်ရိုက် Liveလွှင့် ရောင်းချဝယ်ယူခြင်း ခေတ်စားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
YUFC အမျိုးသမီးဘောလုံးအသင်းနှင့် အသင်းအုပ်ချုပ်သူများကို ငွေဒဏ်အပြင် နောက်ဆုံးအကြိမ် စာဖြင့်သတိပေးခံရ
ပြိုင်ပွဲကျင်းပရေးစည်းမျဉ်း/စည်းကမ်းအပိုဒ် (၁၈)အရ YUFC အသင်းကို ဒဏ်ကြေးငွေ ကျပ် (၁၅)သိန်းချမှတ်
Yangon_Times/MY
#Local_News
#Published_ 24 August 2023
#YMG #Yangon_Times
ပုဂံလောကနန္ဒာစေတီ၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကျင်းပ
‘လောကနန္ဒာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါခေါင်လဆန်း(၇)ရက်ဩဂုတ်လ(၂၃)ရက်နဲ့ ဝါခေါင်လဆန်း (၈)ရက်ဩဂုတ်လ(၂၄)ရက်နေ့တို့မှာ ကျင်းပခဲ့ပြီးသံဃာတော်၊ဆရာတော်စုစုပေါင်း(၆၅)ပါးကို ပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံးတွေ လောင်းလှူနိုင်ခဲ့တယ်’..... လောကနန္ဒာစေတီတော် ဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 24 August 2023
#YMG #Yangon_Times
Page 1321 of 2422