Published_ 25 August 2023

လှိုင်သာယာ အနောက်ပိုင်းမြို့နယ် (၉)ရပ်ကွက် တွင် ယနေ့နံနက် ၄နာရီခန့် ကအမျိုးသားတစ်ဦးက မီးရရှို့သည်ဟုဆိုကာ မီးလောင်မှု ဖြစ်ပွားခဲ့ ပြီး နေအိမ် သုံးလုံးမီးလောင်ပျက်စီးခဲ့ကြောင်းမေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်း (လှိုင်သာယာ) ထံမှ သိရသည်။

အဆိုပါ မီးရှို့သည်ဟု ဆိုသည့် အမျိုးသား ကိုလည်း လှိုင်သာယာ မြို့နယ် သောင်ကြီး ရဲစခန်း ကို ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာက စစ်ဆေးမှု များပြုလုပ်နေကြောင်း သိရသည်။

'' အခု မီးလောင်တာ က ရှို့မီးလို့ ဘေးပတ်ဝန်းကျင်က အကုန်ပြောကျတယ် အမျိုးသားတစ်ယောက် လုပ်တာ အခု လောင်သွားတဲ့ အိမ်သုံး အိမ်မှာ အလည် အိမ် က စလောင်တာ ၊အဲ့ အမျိုးသား ကိုလဲ အခုမနက် ကပဲ သက်ဆိုင်ရာက ခေါ်ဆောင်သွားပြီးတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်''ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်း (လှိုင်သာယာ) မှ ကိုအောင်ခိုင်က ပြောသည်။

မီးလောင်မှုကြောင့် ပျဉ်ထောင် သွပ်မိုးအိမ် နှစ်အိမ်နှင့် တိုက်ခံအိမ်တစ်လုံးဆုံးရှုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times