#DailyNews
Published_ 20 January 2023
၁။ နယ်စပ်ကနေ တရားမဝင်ပြောင်း တင်ပို့မှုများရှိနေဟုဆို
၂။ လိုင်စင်ရပုဂ္ဂလိက ဆေးရုံ(၂၆၀)ရှိ၊ ပုဂ္ဂလိကဆေးရုံငယ်များ ထပ်ဖွင့်ရန်တာစူနေဟုဆို
၃။ ပြည်ပနိုင်ငံအချို့ မြန်မာ့သကြားဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ
၄။ ကမ်းခြေများ၊ ပန်းခြံများအပါအဝင် အများပြည်သူဆိုင်ရာနေရာများတွင် ဆေးလိပ်သောက်ခြင်းအား မက္ကဆီကိုတားမြစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_20 January 2023
ဒီဘဏ္ဍာနှစ်မှာတော့ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ အပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးလျော့ကျလာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 January 2023
ထိုင်းနိုင်ငံ မဲ့ဆောက်နှင့်ရနောင်းတို့တွင် မြန်မာသုံးဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်တွင် ထနွန်အင်ထောင်စီရီလမ်း မဲ့ဆောက်အငှါးအဆောင်တစ်ခု၌ အသက်၂၈ နှစ်အရွယ်နှင့် အသက်၁၈ နှစ်အရွယ် တရားမဝင်နေထိုင်သော မြန်မာဇနီးမောင်နှံနှင့် ရနောင်း ခရီးသည်တင် လိုင်းကားတစ်စီးပေါ် စီးနှင်းလိုင်ပါလာသည့် အသက် ၂၄ နှစ်အရွယ် မင်းထွေးဆိုသူတို့ထံမှ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင် နေထိုင်သော မြန်မာဇနီးမောင်နှံတို့ကို စစ်ဆေးမေးမြန်းမှုပြုလုပ်ရာ မူးယစ်ဆေးဝါးသုံးစွဲသည့် သံသယတွေ့ရှိရပြီး လက်ကိုင်ဖုန်းတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အဆက်သွယ်များ တွေ့ရှိရကြောင်း၊ ၎င်းနေထိုင်သော အခန်း၌လည်း ရာနှင့်ချီသော အိတ်ထုတ်များမှ မူးယစ်ဆေးအလုံးရေ ရှစ်သောင်းစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရနောင်းတွင်လည်း ခရီးသည်တင် လိုင်းကားတစ်စီးပေါ် စီးနှင်းလိုင်ပါလာသည့် အသက် ၂၄ နှစ်အရွယ် မင်းထွေးဆိုသူထံမှလည်း အိတ်များဖြင့် ထည့်ထားသော WY မူးယစ်ဆေးဝါး အလုံးရေ သုံးသောင်းကို စစ်ဆေးတွေ့ရှိရကြောင်း၊ ယင်းမှာဆန်းဦးဆိုသူထံမှ ပို့ဆောင်ခ ဘတ်နှစ်သောင်းရသည့်အတွက် တစ်ဖက်သို့ ပို့ဆောင်ပေးရန် ဆီဆိုင်တစ်ဆိုင်၌ ချိန်းဆိုထား၍ သွားရောက်ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_20 January 2023
CB Bank မှ ၎င်းတို့ထုတ်ပေးထားသည့် Man U နှင့် FIFA Prepaid Card နှစ်မျိုးအား ယာယီရပ်ဆိုင်းကြောင်း ဇန်နဝါရီ ၁၉ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
Manchester United Prepaid Card (Only Multi Currency)နှင့် FIFA Prepaid Card (Only Multi Currency)များ၏ ဝန်ဆောင်မှုများအား ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Prepaid Card နှစ်မျိုးအား ယာယီရပ်ဆိုင်းခဲ့သဖြင့် ယင်းကတ်သုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများကြုံတွေရခြင်းကို CB Bank မှတောင်းပန်ထားပြီး၊ သုံးစွဲသူများအနေဖြင့် ကတ်အားဖျက်သိမ်းခြင်း(သို့) အခြားကတ်ဒီဇိုင်းများနှင့် အစားထိုးလျှောက်ထားခြင်းများ ပြုလုပ်နိုင်ကြောင်း CB Bank က အသိပေးထုတ်ပြန်ထားသည်။
ယင်းကတ်များအားပိတ်ခြင်းကြောင့် ကတ်အတွင်းရှိ ငွေသားများကို မည်သို့ပြန်လုပ်ပေးမလဲ၊ အစားထိုးကတ်လျှောက်ထားရာတွင် အခမဲ့ပြုလုပ်ပေးမည်လားဆိုသည့် ဝေဖန်မှုများလည်း ရှိနေသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 20 January 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ်အိမ်ရာနှင့် သန်လျှင်မြို့နယ် သီလဝါအိမ်ရာစီမံကိန်းတို့မှ တန်ဖိုးနည်း ၊ တန်ဖိုးသင့်တိုက်ခန်း၂၀၄ ခန်းကို ရောင်းချတော့မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မြင့်မိုရ်အိမ်ရာတွင် ရောင်းချမည့်တိုက်ခန်းများမှာ ၄ခန်းတွဲ ၃ထပ်တိုက်ဖြစ်ပြီး တစ်ခန်းလျှင် ဈေးနှုန်းအနိမ့်ဆုံး ၂၉၆သိန်းမှ ဈေးအမြင့်ဆုံး ၅၅၆သိန်းအထိရှိကာ ၆ ခန်းတွဲ ၄ ထပ်တိုက်ဈေးနှုန်းမှာ အနိမ့်ဆုံး ၁၁၁သိန်းမှ ၁၉၁ သိန်းအထိ ရှိကြောင်း သိရသည်။
ထို့အတူ သီလဝါ အိမ်ရာစီမံကိန်းရှိ ၆ခန်းတွဲ ၅ထပ်တိုက်ရှိအခန်းများရောင်းချပေးသွားမှာဖြစ်ပြီး မြေညီထပ် ၁၃၃သိန်း၊ ပထမထပ် သိန်း၁၂ဝ၊ ဒုတိယထပ် ၁၁၅ သိန်း၊ တတိယထပ် ၁၀၉သိန်းနှင့် စတုတ္ထထပ် ၁၀၄ သိန်း တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်း အခန်းပေါင်း ၂၀၄ခန်း ကို CHID ဘဏ်တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀နှင့် အထက်ရှိသူများအား စုဆောင်းထားရှိသူများ၏ တန်းစီဇယားအမှတ်စဉ်အတိုင်း ရောင်းချပေးမည် ဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_20 January 2023
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အမည်ခံဒါရိုက်တာများနှင့် အမည်ခံအစုရှယ်ယာရှင်များကို ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်အမှတ် (၇ /၂၀၂၃) ဖြင့် ဇန်နဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အခန်း (၁၈) တွင် ဒါရိုက်တာများ၏ ရရန်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများနှင့်စပ်လျဉ်း၍ ဒါရိုက်တာရာထူး ခန့်အပ်ထားခြင်းမရှိစေကာမူ ကုမ္ပဏီကိစ္စများကို ညွှန်ကြားသူ၊ ထိန်းချုပ်သူများကိုလည်း ဒါရိုက်တာအဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အပြင် ဥပဒေနှင့်အညီ အလှည့်ကျဒါရိုက်တာခန့်အပ်ရန်ကိုလည်း ခွင့်ပြုထားပြီး ဖြစ်သည့်အတွက် ဥပဒေနှင့်မညီညွတ်သော အမည်ခံဒါရိုက်တာများ ခန့်အပ်ခြင်းကို လုံးဝ ခွင့်ပြု မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက ပိုင်ဆိုင်ထားသော အစုရှယ်ယာများအတွက် မှတ်ပုံတင်အရာရှိထံ တင်ပြမှတ်ပုံတင်ရန်အတွက်လည်းကောင်း၊ ကုမ္ပဏီတွင် ထိန်းသိမ်းထား သော ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်စာရင်းရေးသွင်းရန်အတွက် လည်းကောင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်။ယခုအခါ အချို့သောနိုင်ငံများတွင် အမည်ခံအစုရှယ်ယာရှင်များဖြင့် မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းကို ခွင့်ပြုထားပြီး အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ကို သီးခြားဖော်ပြရသော စနစ်မျိုး ကျင့်သုံးဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ထိုသို့သော အမည်ခံအစုရှယ်ယာရှင်များအမည်ဖြင့် မှတ်ပုံတင် စာရင်းရေးသွင်းခြင်းကို ခွင့်မပြုကြောင်းနှင့် မှတ်ပုံတင်အရာရှိထံ တင်ပြထားသော၊ ကုမ္ပဏီ တွင်ထိန်းသိမ်းထားသော ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်စာရင်း ရေးသွင်းထားသော လူပုဂ္ဂိုလ်၊ဥပဒေဆိုင်ရာပုဂ္ဂိုလ်ကိုသာလျှင် အမှန်တကယ် အကျိုးခံစားခွင့် ရှိသူ ပိုင်ရှင်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 20 January 2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးတွင် ဇန်နဝါရီလ ၁၉ ရက်က နယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်တို့ လေ့ကျင့်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြရာတွင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးမှ ရန်သူ့ရေယာဉ်ကို တိတ်တဆိတ်ဝင်ရောက်ဖောက်ခွဲ၍ ပြန်လည်ထွက်ခွာခြင်း (Cast & Recovery) လေ့ကျင့်ခန်းသရုပ်ပြခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
အဆိုပါ သရုပ်ပြသရာတွင် တပ်မတော်(ရေ)မှ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် နည်းပြ ၈ ဦး၏ လေ့ကျင့်ရေးစင်မြင့် (Training Tower)၌ Climbing Wall၊ Fast Rope နှင့် Rappelling Rope ဖြင့် ဆင်းသက်ခြင်း၊ အခက်အခဲအတားအဆီး ယုံကြည်မှုကွင်း ဖြတ်ကျော်ခြင်းတို့ကို သရုပ်ပြသလေ့ကျင့်ခြင်း၊ ရေအောက်အနှောင့်အယှက်လေ့ကျင့်ခန်း လေ့ကျင့်နေမှု၊ နှစ်ယောက်တွဲလေဝေရှူခြင်း လေ့ကျင့်နေမှု၊ Closed Circuit အသုံးပြု၍ Underwater Compass ဖြင့် ရေအောက်ကူးခတ်ခြင်း လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး 10 Men Hyperbaric Medical Treatment Chamber နှင့် Diving Tower တို့အား လှည့်လည်ကြည့်ရှုကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ Escape Training သရုပ်ပြသလေ့ကျင့်ခဲ့ကြကြောင်းသိရသည်။
ယင်း နယ်မြေခံရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများကို နစက ဥက္ကဌ နှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုခဲ့ကြကာ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်ရှိ Training Pool အတွင်းသို့ ရောက်ရှိကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ ၁၀ မီတာ Tower Jump လေ့ကျင့်မှု၊ ၅ မီတာ အမြင့်မှ ခုန်ချ၍ ၅၀ မီတာ ခြေတုပ်၊ လက်တုပ် ကူးခတ် လေ့ကျင့်နေမှု၊ ၅၀ မီတာ အလွတ်ရေအောက်မှ ကူးခတ်လေ့ကျင့်နေမှု၊ လေဘူး၊ ဖြုတ်၊ တပ်ခြင်းလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တပ်မတော်(ရေ)၏ လေ့ကျင့်ရေး၊ ဆယ်ယူရေးနှင့် လုံခြုံရေး တာဝန်များ၊ ရေပြင်သက်စောင့်လုပ်ငန်းတာဝန်များ၊ မိုင်း ရှင်းလင်းရေးနှင့် ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်များကို ကြည့်ရှု၍ လေ့ကျင့်ရေးလုပ်ငန်းများနှင့် တာဝန်ထမ်းဆောင်ရွက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1322 of 2047