#Local_News
Published_ 21 October 2022
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာ'မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_21 October 2022
ကိုဗစ်ကြောင့် (၂)နှစ်ကြာ ရပ်ထားရတဲ့ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒီနှစ်မှာ ပြန်စမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 21 october 2022
နေရာထိုင်ခင်း အခက်အခဲရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပြင်ပဌားရမ်းခထက် သက်သာတဲ့နှုန်းထားတွေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီဌားရမ်းပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 October 2022
၁။ ရှမ်းပြည်နယ်ရှိ နေစရာအခက်အခဲရှိသူများကို တည်ဆောက်ပြီး အဆင့်မြင့်တိုက်ခန်းများအား ဌားရမ်းပေးသွားမည်
၂။ (၂)နှစ်ကြာ ရပ်ထားရသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်စမည်
၃။ ဗိုလ်တထောင်စေတီတော်တွင်'မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပမည်
၄။ ကိုဗစ်ကပ်ရောဂါအလွန် ပီရူးမြို့တော်၌ အံ့ဘွယ်အရှင်သခင်စီတန်းလှည့်လည်ပွဲအား ပြန်လည်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 October 2022
YBS 37 ယာဉ်လိုင်းအပါအဝင် ဘတ်စ်ကားလိုင်း ၁၄ လိုင်း တာဝန်ယူလုပ်ကိုင်နေတဲ့ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(YBPC)ဟာ အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ပြန်ဝယ်ဖို့ စီစဉ်နေတယ်လို့ အဆိုပါကုမ္ပဏီက အသိပေးကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published_21 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိသက်ဆိုင်ရာ Terminal များ၌ အောက်တိုဘာ ၁၉ ရက်တွင် စက်သုံးဆီ ဂါလန် စုစုပေါင်း ၁၀ ဒသမ ၉၄ သန်းခန့် ဆီချထားပြီးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်တွင် MT Glory Star သင်္ဘောသည် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၃၉ သန်း ဆီချခဲ့ပြီး ဓာတ်ဆီ 92 Ron ဂါလန် ၀ ဒသမ ၅၀ သန်း နှင့် MT Fly Marlin သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီဂါလန် ၁ ဒသမ ၁၂ သန်း ၊MT Beluga Pacific သင်္ဘောမှရိုးရိုး ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇၃ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၂ ဒသမ ၅၅ သန်း ၊ MT Yu Hai သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၁ ဒသမ ၈၄ သန်း ၊ ရိုးရိုးဒီဇယ်ဆီဂါလန် ၂ ဒသမ ၁၄ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၀၆ သန်း တင်ဆောင်လာသည့် နိုင်ငွတကာသင်္ဘောများသည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းအပြင် ရန်ကုန် သီလဝါသိုလှောင်ကန် ၊ စက်သုံးဆီအရောင်းဆိုင်များနှင့်ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိပြီး ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အနည်းငယ်စာဈေးမြင့်တက်နေကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _21 October 2022
ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်းက ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ ခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ မြောက်ဘက်မှမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနအဆောက်အဦများအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်သည့် အဖွဲ့မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတို့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူနေထိုင်လျက်ရှိသော လူနေရပ်ကွက်များအတွင်းနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင် နေသူများအား ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ်မှုလုပ်ဆောင်ရွက်ခဲ့သည်မှာ ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု( Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
Page 1320 of 1858