Published_ 25 August 2023

ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲ၌ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသလျက်ရှိကြောင်း နိုင်ငံရေးဝန်ကြီးဌာနကသိရသည်။

(၂၅) ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့်နည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်နေ့က Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြခန်းအား မြန်မာသံရုံး၊ တိုကျိုမြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။

Dai Nippon Fisheries Association  မှကြီးမှူးကျင်းပသည့် ဂျပန်နိုင်ငံတကာ ရေထွက်ကုန်နှင့် နည်းပညာပြပွဲသည် ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသခြင်း ဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ရေထွက်ကုန် လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ခရု၊ ဂဏန်းစသည့် ရေထွက်ကုန်များအား ပါဝင်ပြသခဲ့သည်။

ပြပွဲကို ဩဂုတ် ၂၃ ရက် မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း (၆၀၀) ကျော်တို့က ပြခန်းပေါင်း (၁၂၇၀) ဖွင့်လှစ်ပြသလျက်ရှိကြောင်းသိရသည်။
#Yangon-Times/PP
Photo-နိုင်ငံခြားရေးဝန်ကြီး
#Local_News
#YMG #Yangon_Times