#Local_News
Published_ 16 January 2023
ရွှေတိဂုံစေတီတော်မှ ၂၀၂၃ခုနှစ်အတွင်းရွှေချလုပ် ငန်းအတွက် ၂"×၂" အရွယ်ရွှေရာဆိုင်း စုစုပေါင်း (၂၄၀၀၀)ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူထား ကြောင်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ
သိရသည်၊၊
အဆိုပါ ရွှေဆိုင်းများတွင် စက်မှုရွှေ(၁၀၀၀၀)ဆိုင်းနဲ့ မြန်မာ့ရိုးရာလက်မှုရွှေ(၁၄၀၀၀)ဆိုင်းကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်သည်၊၊
မြန်မာ့ရိုးရာလက်မှု ရွှေတင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ(၁၄)ရက်တွင် နေ့လယ်(၁)နာရီတွင် ရွှေတိဂုံရှိရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုရွှေတင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဖေဖော် ဝါရီလ(၁၄)ရက်တွင် နေ့လယ်(၃)နာရီတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်အသေးစိတ်သိလိုသူများ ဖုန်း၈၃၈၃၅၁၂သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဆရာဝန် အယောက် ၂၀၀ ကိုခန့်အပ်ရန် လျှောက်လွှာများ ခေါ်ယူထားကြောင်း သိရသည်။
ဆရာဝန်(သစ်လွင်)၁၈၀ ဦး နှင့် သွားနှင့် ခံတွင်းဆရာဝန် ၂၀ ဦး ကို ခန့်အပ်သွားရန်ရှိပြီး လျှောက်ထားသူတွေသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် အသက် ၃၅ နှစ်ထက် ကျော်လွန်သူမဖြစ်ရကြောင်း သိရသည်။
လျှောက်ထားလိုသူတွေအနေဖြင့် သက်ဆိုင်ရာဘွဲ့လက်မှတ်တွေအပါအဝင် မြန်မာနိုင်ငံဆေးကောင်စီအသိအမှတ်ပြု လိုင်စင်ကို ကိုင်ဆောင်ထားသူဖြစ်ရန်လိုအပ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် လျှောက်ထားလိုသူများသည် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့(ရန်ကုန်ရုံးခွဲ)၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူနိုင်ပြီး၊ လူကိုယ်တိုင်(သို့)စာတိုက်မှတစ်ဆင့် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ Online စနစ်ဖြင့် e-Recruitment and Selection System (e RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based)တို့ အသုံးပြု၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 15 January 2023
နာဂဒေသ၏ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံးနှင့် နာဂတိုင်းရင်းသားတွေရဲ့ ပညာရေးကဏ္ဍ အချိုးညီဖွံ့ဖြိုးတိုးတက်ဖို့နှင့် ယခုထက်ပိုမိုမြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဇန်နဝ ါရီ ၁၅ ရက်မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့ နယ်များ၏ လမ်းပန်းဆက်သွယ်ရေးသည် ယခင်ကထက်ပိုမိုကောင်းမွန်ပြီး မြို့ရွာများဖွံ့ဖြိုးတိုးတက်နေကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် နာဂတိုင်းရင်းသားများနှင့် အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ် ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားကြရပါမယ်။လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ တိမ်ကောပပျောက်မှု မရှိအောင် အလေးထား ထိန်းသိမ်း စောင့်ရှောက်ကြရန် တိုက်တွန်းလိုပါတယ်” လို့လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျပ် ၅ ဘီလီယံ မတည်ထောက်ပံ့ပေးမှုများ အပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်သွားကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
အဲဒီနောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား နာဂတိုင်းရင်းသူ အိကျန်ထွေညူ က အကျယ်တဝင့် ရှင်းလင်း တင်ပြပြီးနောက် နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခု က နှစ်သစ်ကူး အမှတ်တရ လက်ဆောင်ကို နစက ဥက္ကဋ္ဌထံ ဂါရဝပြုပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများ၊ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ် ရာပစ္စည်းများကို ပေးအပ်ရာ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) နာယက ဦးမောင်ဉာဏ်နှင့် အဖွဲ့ဝင်များက အသီးသီးလက်ခံရယူခဲ့ကြပါတယ်။
ဆက်လက်ပြီး စစ်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က နာဂရိုးရာနှစ်သစ်ကူးပွဲတော် အတွက် ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို ပေးအပ်ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က လက်ခံရယူခဲ့ပါတယ်။
အဲဒီနောက် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသားများက ခမ်ညူငမ်မျိုးနွယ်စု အက၊ လိုင်းနောင်မျိုးနွယ်စု အက၊ မကျန်ပေါင်းညွှမ်မျိုးနွယ်စု အက၊ ကွန်ညှပ်မျိုးနွယ်စု အက၊ ဂုဏ်ဝမ်ပုံညိုမျိုးနွယ်စု အက၊ ပြည်ထောင်စု၏ ထာဝရအလှများ သီချင်း စသည် တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တည်ခင်းဧည့်ခံထားသည့် ရိုးရာအစားအစာများကို သုံးဆောင်ခဲ့ကြပါတယ်။ အခမ်းအနားအပြီးမှာနာဂရိုးရာပြခန်းများအတွင်း ဗိုလ်ချူပ်မှုးကြီးနှင့်အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီနောက် ညပိုင်းတွင် နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲသို့ဆက်လက် တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/knl
#Myanmar_Politics
#TV Yangon Times Matters အစီအစဉ်
Published - 15 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က လင်းဏေ(Myanmar Magician)နှင့်အတူ
-"၁၉၆၆ခုနှစ်မှစ၍ မျက်လှည့်အစီအစဉ်တွေစကြည့်ဖြစ်ရင်း မျက်လှည့်ပညာရပ်ကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး နည်းစနစ်ကျတဲ့သင်ကြားမှုတွေကို စာအုပ်တွေကတစ်ဆင့်လေ့လာခဲ့ရပြီး ဆရာကြီးစက္ကောမက မျက်လှည့်နဲ့ပတ်သက်တဲ့ အခွေတွေစာအုပ်တွေထွက်လာတော့ ပဉ္စလက်ဆန်တဲ့ပြကွက်တွေကို သင်ယူခဲ့ရတာဖြစ်ကြောင်း
-မျက်လှည့်ပညာရပ်နဲ့ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို ပညာဒါနအဖြစ် ဖြန့်ဖြူးရန်စီစဉ်နေကြောင်း
-မျက်လှည့်ပညာရပ်နဲ့ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို ပညာဒါနအဖြစ် ဖြန့်ဖြူးရန်စီစဉ်နေကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 January 2023
ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို ဈေးကစားမှုတွေရှိနေတာကြောင့် ဈေးအတင်အချ ပြုလုပ်မှုတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဈေးကွက်ထဲမှာ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ၂၈ သိန်းကျော်လာတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 15 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က လင်းဏေ(Myanmar Magician)နှင့်အတူ
-"၁၉၆၆ခုနှစ်မှစ၍ မျက်လှည့်အစီအစဉ်တွေစကြည့်ဖြစ်ရင်း မျက်လှည့်ပညာရပ်ကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး နည်းစနစ်ကျတဲ့သင်ကြားမှုတွေကို စာအုပ်တွေကတစ်ဆင့်လေ့လာခဲ့ရပြီး ဆရာကြီးစက္ကောမက မျက်လှည့်နဲ့ပတ်သက်တဲ့ အခွေတွေစာအုပ်တွေထွက်လာတော့ ပဉ္စလက်ဆန်တဲ့ပြကွက်တွေကို သင်ယူခဲ့ရတာဖြစ်ကြောင်း
-မျက်လှည့်ပညာရပ်နဲ့ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို ပညာဒါနအဖြစ် ဖြန့်ဖြူးရန်စီစဉ်နေကြောင်း
-မျက်လှည့်ပညာရပ်နဲ့ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို ပညာဒါနအဖြစ် ဖြန့်ဖြူးရန်စီစဉ်နေကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_15 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ကိုးလကျော်ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1330 of 2047