#Daily_News
Published_ 17 August 2023
၁။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိစ္စ အများစိတ်ဝင်စားနေကြ ဟုဆို PPST ပြောခွင့်ရတစ်ဦး
၂။ ကြက်ဘဲဝက်မွေးမည့်သူများကို ချေးငွေ သိန်း(၁၅၀)နှင့်သိန်း(၃၅၀)ထုတ်ချေးမည်ဟုဆို
၃။ ယနေ့ည မြန်မာယူ (၂၃) အသင်း အိမ်ရှင်ထိုင်းအသင်းဖြင့် ယှဉ်ပြိုင်ကစားမည်
၄။ ဗြိတိန်တွင်ငွေကြေးဖောင်းပွမှုနှုန်းစံချိန်တင်မြင့်တက်လာကာ ပြည်သူများစားဝတ်နေထိုင်ရေးခက်ခဲကြပ်တည်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published-17-8-2023
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ မကျေပွဲယှဉ်ပြိုင်ထိုးသတ်မည့်အပေါ် လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေဝ က စောင့်ကြည်သွားမည်ဟု ယနေ့ ဩဂုတ် (၁၇)ရက်တွင် သူ၏ ပရိတ်သတ်အား သတင်းစကားပါးလိုက်သည်။
သတင်းစကားပါးရာတွင် ရိုးရာလက်ဝှေ့လောကမှ ၎င်းအနေဖြင့်အနားယူခဲ့ပြီးနောက် သူ၏နေရာအား ဆက်ခံထားသူမှာ သွေးသစ်ဝင်းလှိုင်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ အဖွင့်ဝိတ်တန်း မြန်မာ့လက်ဝှေ့ချန်ပီယံကို သွေးသစ်ဝင်းလှိုင်အား အသိအမှတ်ပြုစေချင်ကြောင်းကိုလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ရေးသားမျှဝေထားသည်။
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့နှစ်ဦးသည် ယခုနှစ်ဇန်နဝါရီ (၂၉)ရက်တွင် လစ်လပ်နေသော အိုးပင်းဝိတ်တန်းချန်ပီယံဆုအတွက် ယှဉ်ပြိုင်ထိုးသတ်ရာသွေးသစ်ဝင်းလှိုင်က အနိုင်ရရှိထားသည်။
ထို့ကြောင့် ယခုလ ဩဂုတ်(၂၀)ရက်နေ့တွင် ထွန်းထွန်းမင်း၏ စိန်ခေါ်မှုကြောင့် မကျေပွဲယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ရာနှစ်ဦးစလုံးကံကောင်းကြစေရန် ဆုမွန်တောင်းထားသည်။
အဆိုပါပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူအားကစားရုံ၌ ကျင်းပသွားမည် ဖြစ်သည်။
#YMG/my #Local_News #ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် #ဒေဝစောင့်ကြည့်နေမည်
#Yangon_Times
လက်ရှိမှာ စုစုပေါင်း ရုပ်အလောင်း (၃၃)ဉီးရှာဖွေတွေ့ရှိထားတာဖြစ်
Published_ 17 August 2023
#ဖားကန့် မနမှော်မြေပြိုကျမှု #ရုပ်အလောင်း (၃၃)ဉီးရှာဖွေတွေ့ရှိ
#YMG/my
#Yangon_Times
‘ကျောင်းကားပေါ်က ကလေးတွေက ကံအရမ်းကောင်းတယ်။ ကားခေါင်းထဲမှာညှပ်မိနေတဲ့ ယာဉ်မောင်းဟာ စတီယာတိုင်နဲ့ခြေထောက်ညှပ်နေခဲ့တာဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာကိုရွှေမေတ္တာ အသင်းအနေနဲ့ ရှေးဦးပြုစုနည်းနဲ့ ပြုစုခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာအားပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်”
ရွှေမေတ္တာလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ
Published_ 17 August 2023
#ဆယ်ဘီးကားနဲ့ကျောင်းကားတိုက်မိ #ကျောင်းသားများမစိုးရိမ်ရ
#tthl
#Yangon_Times
ထိုင်းနိုင်ငံ Rayong Stadium ကွင်းမှာ ကစားကြမှာလည်းဖြစ်
Published_ 17 August 2023
#မြန်မာ ယူ (၂၃) အသင်း #ထိုင်းနိုင်ငံ Rayong Stadium ကွင်း
#YMG/my
#Yangon_Times
‘‘နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ချေးငွေယူပြီး လုပ်ကိုင်လိုသူတွေအနေနဲ့ ဝက်(၁)ယူနစ်ကို ဝက်ကောင်ရေ (၁၀၀)အတွက် ချေးငွေကျပ်သိန်း(၃၅၀)ရရှိနိုင်မှာဖြစ်သလို အသားတိုးကြက်(သို့မဟုတ်) ဘဲ(၁)ယူနစ်ကို ကောင်ရေ(၃၀၀၀)မွေးမြူရန် ချေးငွေကျပ်သိန်း(၁၅၀) ထုတ်ချေးပေးလျက်ရှိကြောင်း၊ သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်ပါကသက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်’’ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်း
Published_ 17 August 2023
#အသားတိုးကြက် #ဝက်
#tthl
#Yangon_Times
အခုရက်ပိုင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိစ္စကို လူအများ စိတ်ဝင်စားနေကြတယ်လို့ PPST အဖွဲ့ဝင် တစ်ယောက်က YMG ကို ပြောပါတယ်။
Published_ 17 August 2023
#သဘောတူစာချုပ် (NCA) #PPST အဖွဲ့ဝင်
#Yangon_Times/PP
Page 1333 of 2422