#World_Heritage
Published 6 June 2023
နိုင်ဂျာအရှေ့မြောက်ပိုင်းက သဲကန္တရရှည်လျားတဲ့ခရီးက လာရောက်တဲ့ဧည့်သည်အတွက် ဆာဟယ်မှာရှိတဲ့ အံ့ဩစရာမြင်ကွင်းဖြစ်နေပြီး ဆား၊ ရွှစေးတွေ၊ ကျောက်တုံးတွေပေါ်မှာ ဝိုင်းရံထားတဲ့ ဆာဟာရသဲတွေနဲ့ တည်ထားတဲ့ရွာတွေရှိပါတယ်။
#World_Heritage #နိုင်ဂျီးရီးယားဆာဟာရ
#YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
မုန်တိုင်းဘေးသင့်ပြည်သူများတွေအတွက် လှူဒါန်းဖို့ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတ၊သဘင်ရန်ပုံငွေဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့၊မြို့မကျောင်းလမ်းရှိအမျိုးသားကဇာတ်ရုံမှာ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်၊၊
#Local_News #အွန်လိုင်းမှအလှူငွေများဆက်ဝင်နေ #မုန်တိုင်းဘေးသင့်ပြည်သူများ #YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
ရန်ကုန်နဲ့ မြို့ကြီးတချို့က စက်သုံးဆီ အရောင်းဆိုင်တချို့မှာ စက်သုံးဆီ စျေးတွေမြင့်တက်နေပြီး တစ်ရက်အတွင်း တစ်လီတာကိုငွေကျပ် ၁၀၀ ခန့်စျေးမြင့်တက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဆိုင်များကို မေးမြန်းချက်အရသိရပါတယ်။
#Local_News #စက်သုံးဆီဈေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 6 Jun 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၆ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၈၆၁ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၆၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ်(၆၄)ဦးထပ်တွေ့
#YMG #Yangon_Media_Group
#Daily_News
Published_ 6 June 2023
၁။ ကိုဗစ်လူနာသစ် (၆၄) ဦး ထပ်တွေ့ရှိ ပြီး ရာခိုင်နှုန်းဖြင့် ၀ ဒသမ ၉၃ ရာခိုင်နှုန်းရှိနေ
၂။ စက်သုံးဆီဈေးတစ်ရက်အတွင်း တစ်လီတာကို ငွေကျပ်၁၀၀ နီးပါးစျေးမြင့်တက်
၃။ မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ရံပုံငွေဖျော်ဖြေပွဲမှကျပ်သိန်း(၁၅၀၀)ခန့်ရရှိနေပြီဖြစ်၊ အွန်လိုင်းမှအလှူငွေများဆက်ဝင်နေဆဲဟုဆို
၄။ နိုင်ဂျီးရီးယားဆာဟာရမှ ပျောက်ဆုံးနေသော ကန္တာရမြို့များ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 6 June 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို ဇွန် ၆ ရက် ညနေပိုင်းတွင် ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နစက ကောင်စီဝင်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်ကြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီးအတွက် ရေစက်ချ အမျှအတမ်းပေးဝေကြပြီး သီရိလင်္ကာဝန်ကြီးချုပ်၊ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းမှ ဘာသာ ရေး အဖွဲ့အစည်းများမှ ပေးပို့တဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေကို သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးကဖတ်ကြား ခဲ့ကြ ပါတယ်။
ရှေးဦးစွာ နေရာ ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ် မီးပူဇော်ရန် အစီအစဉ်အလိုက်ကျင်းပလျက်ရှိနေပါတယ်။
#ymg/knl
#YangonMediaGroup
#ဗန်းမော်ဆရာတော်ဘုရားကြီး







#Local_News
Published_ 6 June 2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဇွန်လ(၉)ရက်နေ့မှာ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ ထုတ်ပြန်ကပ်ထားမှာဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ Website မှာလည်း ထုတ်ပြန်ကြေညာထားမှာဖြစ်ပါတယ်၊၊
#Local_News #တက္ကသိုလ်ဝင်အောင်စာရင်းအသံလွှင့်ကြေညာ
#YMG #Yangon_Media_Group
Page 1340 of 2316