ဆန်တစ်ပြည်(၂၅၀၀)ဖြင့် ဆန်အကန့်အသတ်မရှိ ရောင်းပေးမည်
‘ဧည့်မထဆန် တစ်ပြည်(၂၅၀၀)ကျပ်၊ဧရာဝတီပေါ်ဆန်း တစ်ပြည်ကိုကျပ်(၄၀၀၀)၊စားအုန်းဆီ တစ်ပိဿထည့်စရာပါရှိပါ က(၄၄၀၀)ကျပ်နှုန်း ထည့်စရာမပါရှိပါက (၅၄၀၀)ကျပ်နှုန်းနဲ့ လူတစ်ဦးလျှင် ဆန်(၅)ပြည်နှင့် ဆီ(၁) ပိဿဝယ်ယူနိုင်မှာဖြစ်ပြီး လွတ်လပ်စွာဝယ်ယူနိုင်တယ်’ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
Yangon_Times/tthl
#Local_News
#Published_ 11 August 2023
#ဆန်တစ်ပြည်(၂၅၀၀) #ပြည်သူ့ရင်ပြင် #စားအုန်းဆီ #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
#YMG #Yangon_Times
Published_ 11 August 2023
နိုင်ငံကျော်ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ်၏ အကိုတော်စပ်သူ တေးရေးဆရာ စိုင်းလောဝ်ဆိုင်သည် ပြီးခဲ့သော ဩဂုတ် (၇) ရက် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
၎င်းကွယ်လွန်ချိန်တွင် အသက် (၈၁)နှစ်ရှိပြီဖြစ်ကာ၊ ဩဂုတ်လ (၇)ရက်က ပြင်ဦးလွင်မြို့ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူ၏ ဈာပနအခမ်းအနားအား ဩဂုတ် (၉)ရက် မွန်းလွဲ (၁) နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ရှစ်မိုင်ကုန်းသုဿာန်တွင် သဂြိုဟ် ပြီးစီးခဲ့ပြီဖြစ်သည်။
ကွယ်လွန်သူ ရှမ်းတိုင်းရင်းသား တေးရေးဆရာ စိုင်းလောဝ်ဆိုင်သည် ရှမ်းတေးသီချင်းများစွာကို ရေးသားဖော်စပ်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ သူ၏ဈာပနသို့ ရှမ်းတေးသံရှင်များစွာလိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Yangon-Times/my
#Local_News
#Published_ 11 August 2023
#YMG #Yangon_Times
Published_ 11 August 2023
လတ်တလောတွင် မြစ်ရေများကြီးနေသဖြင့် ရေဘေးအတွက်ဆောင်ရန်၊ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များထုတ်ပြန်ထားကြောင်းသိရသည်။
ယင်းထုတ်ပြန်ချက်တွင် ရေကြီးနေစဉ် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊မိန်းခလုတ်များပိတ်ထားရန်၊ ရေသန့် ကြိုချက်ထားသောရေ၊ရေသန့်ဆေးခတ်ထားသောရေကိုသာသောက်သုံးရန်၊အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်ခြံတွင်းရှိမရှိစစ်ဆေးခြင်းများဆောင်ရွက်ရန်ဆိုသည့်အချက်များထည့်သွင်းဖော်ပြထားသည်။
ရေစိုနေသည့်လျှပ်စစ်ပစ္စည်းများအသုံးမပြုရန် ရေကြီးသောဒေသများတွင် မြစ်ကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်ကမ်းပါးအနီးမသွားရန်၊မိသားစုကွဲကွာနိုင်သဖြင့် ဆုံရပ်နှင့်ဆက်သွယ်ရမည့် ဖုန်းနှင့်နေရာများကိုကြိုတင်သတ်မှတ်ထားရန်လိုအပ်သည်ဟုဆိုသည်။
ရေဘေးမကြုံသေးသူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် နေအိမ်ကြံ့ခိုင်မှုစစ်ဆေးထားခြင်း၊ ပြောင်းရွှေ့မည့်လမ်းကြောင်းနှင့်မိသားစုဆုံမှတ်သတ်မှတ်ထားခြင်း၊ အရေးပေါ်သုံးပစ္စည်းများ၊စားရေ ရိက္ခာနှင့်စာရွက်စာတမ်းများကို မိမိနှင့်အတူအဆင်သင့်ထားရှိထားရန်လိုအပ်ကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published_ 11 August 2023
#မြစ်ရေများကြီးနေ #ကြိုတင်ပြင်ဆင်မှု #ပြိုကျတတ်သောကြောင့်မြစ်ကမ်းပါးအနီးမသွားရန်
#YMG #Yangon_Times

Published_ 11 August 2023
ရုရှားနှင့် မြန်မာတိုက်ရိုက် လေကြောင်း ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်နှင့် မန္တလေး တံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်ကိုလာမည့် စက်တင်ဘာ (၅) ရက် မှစ၍ MAI လေကြောင်းလိုင်းမှပျံသန်းမည်ဖြစ်ကြောင်း ယင်း လေကြောင်းလိုင်းမှ သိရသည်း
MAI လေကြောင်းလိုင်းမှ အဆိုပါခရီးစဉ်ကို အပတ်စဉ် အင်္ဂါနှင့် စနေေန့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဟုသိရပြီး လက် မှတ်ခနှုန်းထားအနေဖြင့် အမေရိကန်ဒေါ်လာ 409 ဒေါ်လာဖြစ်သည်ဟု အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ ၊ ညောင်ဦး ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။
ယင်းခရီးစဉ်လမ်းကြောင်းမှတဆင့် ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလကတ္တားတို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Yangon-Times/PP
#Local_News
#Published_ 11 August 2023
#MAI လေကြောင်းလိုင်း #ရုရှား - မြန်မာ လေကြောင်းခရီးစဉ် #ရန်ကုန်နှင့်မန္တလေး
#YMG #Yangon_Times
Published_ 11 August 2023
နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးတင်အေးသည် ယမန်နေ့ ဩဂုတ်လ (၁၀)ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိ ပေးထုတ်ပြန်သည်။
၎င်း ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ပြီဖြစ်ကာ ၊ ယမန်နေ့ နံနက် ၃နာရီ မိနစ် ၅၀အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဦးတင်အေးကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊အလုပ်အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့သည်။
ဦးတင်အေးသည် ရွှေခေတ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားများဖြစ်ကြသည့် ဗဟာဒူး၊ ဦးစိုးမြင့် တို့နှင့်အတူ ၁၉၆၂ ခုနှစ် အာရှဂိမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
Yangon_Times/my
#Local_News
#မြန်မာ့လက်ရွေးစင်ဘောလုံးသမား #ဦးတင်အေး #အာရှဂိမ်းဘောလုံးပြိုင်ပွဲ #ရွှေတံဆိပ်ရယူပေးခဲ့
#YMG #Yangon_Times
#Daily_News
Published_ 10 August 2023
၁။ ဘားအံမြို့ ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အတွက် အရေးပေါ်လိုအပ်သော ပစ္စည်းများ လူကယ်ပြန်ဝန်ကြီးထောက်ပံ့
၂။ မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို အာဆီယံရုပ်ရှင်ပြပွဲအပါအဝင် နိုင်ငံတကာပြပွဲများတွင် ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်နေ
၃။ ဆီမီးဖိုင်နယ်အဆင့်တွင် မြန်မာအသင်းနှင့် ချက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်
၄။ ရှန်ဟိုင်းရှိစီးတီးဝေါ့ခ် City Walk ခရီးစဉ်တွင် ပါဝင်ချင်သူ ပိုမိုများပြားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 10 August 2023
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီများထဲမှ ခွင့်ပြုရန် ၅ ပါတီကျန်နေကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်(UEC) သိရသည်။
မှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထားသည့် ပါတီ ၅၀ ပါတီနှင့် ပုဒ်မ ၃ အရ အသစ် လျှောက်ထားသည့် ပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၆၃ ပါတီရှိကြောင်း သိရသည်။
UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၅ ပါတီ ရှိကြောင်း၊ယင်းအထဲမှ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပါတီ ၁၂ ပါတီ က မှတ်ပုံတင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထား သည့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မည့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ကာ ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း UEC က သိရသည်။
Yangon=Times/PP
#Local_News
#ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #နိုင်ငံရေးပါတီ ၃၅ ပါတီ
#YMG #Yangon_Times
Page 1344 of 2422