#Local_News
Published_ 24 May 2023
ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်တွင် မေလ(၂၄)ရက်က လေပြင်းတိုက်ခတ်ခြင်းနှင့်မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခြင်းကြောင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
မေလ(၂၄)ရက် မနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ(၁)ရပ်ကွက်၊ ကန်တော်ဦး(၆)လမ်းတွင် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်လေးပင်ပရဟိတအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်၊၊
မေလ(၂၄)ရက်၊ ၀၅ ၃၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးသွားကြောင်းသတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
ယင်းအပြင် မေလ(၂၃)ရက်ညနေပိုင်းအချိန်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မလွန်ကျေးရွာ၊ ညောင်ပင်ကျင်းရွာ၊ ကဒကျေးရွာနှင့် ရေခါးကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုများ၊ သစ်ပင်လဲကျမှုများဖြစ်ပွားသဖြင့် ၂၄.၅.၂၀၂၃ ရက်နေ့၊ ၀၇ ၃၀ အချိန်တွင် မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားသည်၊၊
#ymg/tthl #Local_News #ပဲခူးတိုင်း၊မကွေးတိုင်းနှင့်မွန်ပြည်နယ် #လေဆင်နှာမောင်းတိုက်ခတ်
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ရန်ကုန် မှော်ဘီမြို့နယ် Star High စက်သုံးဆီ ဆိုင်အနီးကား သုံးစီးတိုက်မိပြီး တစ်ဦးသေဆုံးပြီး ၂ ဦး ထိခိုက်မှုမေလ ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါသည်။
မေလ ၂၃ ရက်ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ် ပြည်လမ်း Star High စက်သုံးဆီဆိုင်အနီးမှာ ပရိုဘောက်ကား၊ ဟိုက်ဂျက်ကား နဲ့ Kluger အမျိုးအစား ကားသုံးစီးတိုက်မိခဲ့ခြင်းဖြစ်ပြီး ယင်းယာဉ်တိုက်မှုကြောင့် ပရိုဘောက်ကာမှာ ပက်လက်လန်တိမ်းမှောက်ခဲ့တယ်လို့ သိရသည်။
အဆိုပါ ဖြစ်စဉ်အတွင်း ၁ ဦးသေဆုံး ကာ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်လို့လည်း သိရပါသည်။
#ymg/ppk #Local_News #ကားသုံးစီးတိုက်မိပြီးတစ်ဦးသေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 24 May 2023
မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ဒေသကိုသွားရောက်အကူညီပေးနေသည့် စာရေးဆရာဝေဟင်အောင်ကို မေလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံများနှင့် ရခိုင်အခြေစိုက်ပြည်တွင်းသတင်းမီဒီယာတချို့ရဲ့ပြောဆိုချက်များအရသိသည်။
မေ ၂၃ ရက်၊ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် စာရေးဆရာ ဝေဟင်အောင်နှင့် လေဘေးကယ်ဆယ်ရေးအဖွဲဝင် ၅ ဦးသည် မုန်တိုင်းဒဏ်သင့် ပြည်သူများကို စာနပ်ရိက္ခာများ အကူအညီပေးရန် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့အသွား စစ်တွေမြို၊ အမြင့်ကျွန်းကျေးရွာအနီး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းမသိသေးကြောင်း ရခိုင်ပရဟိတအသင်း လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြနေကြသည်။
ရခိုင်လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့် ကိုဝေဟင်အောင်သည် ၂၀၁၈ ခုနှစ်က ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၀၂ တို့ဖြင့်ထောက်ဒဏ်နှစ်၂၀ ချမှတ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
#ymg /ynzw #Local_News #စာရေးဆရာဝေဟင်အောင်ပြန်လည်အဖမ်းဆီးခံရ
#YMG #Yangon-Media-Group
#Local_News
Published_ 24 May 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး၊ ကမ္မဌာန်းဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ မေလ ၂၃ရက်နေ့ ညနေ ၆ နာရီကျော်ကခန့်က ကုက္ကိုပင်လဲကျသဖြင့် ဆရာလေးတစ်ပါးနှင့် လူသုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ဆရာလေးတစ်ပါးနှင့် လူသုံးဦးအနက် ကျောင်းဆောင်အတွင်းတွင် နေထိုင်သော ဆရာလေးတစ်ပါး၊ ကျား(၂)ဦး ၊မ(၁)ဦးအနက် ဆရာလေးတစ်ပါးမှာ ထိခိုက်ဒဏ်ရာရ(ဦးခေါင်းပေါက်)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ မ(၁)ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ထုတ်ပြန်ထားသည်။
ထိခိုက်ဒဏ်ရရှိသူများနှင့် သေဆုံးသူများအား စေတနာလူမှုကူညီရေး အသင်းယာဉ်ဖြင့် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #ဘုန်းကြီးကျောင်း #ကျောင်းဆောင်ပေါ်ကုက္ကိုပင်လဲကျ
#YMG #Yangon-Media-Group
#Local_News
Published _ 24 May 2023
(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါး တို့အား အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၂၃ တွင် ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ တိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက် မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၃ ပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယ ကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဉဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ အဘိဓမ္မဝိဋက အဘိဓမ္မာ (ပထမပိုင်း)ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၄ ပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋကဝိနည်း(ပထမပိုင်း) အာဂုံအောင် ဉဘတော ဝိဘဂံဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈၅ ပါး ၊ စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့ပါတယ်။
ယခုကျင်းပပြီးစီးခဲ့သည့် (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၅) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၅)ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်(၇)ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက် လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သတင်းရရှိပါတယ်။



#ymg_mnn #Local_News #တိပိဋကဓရတိပိဋကကောဝိဒစာအောင် #အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များဆက်ကပ်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
လာမယ့်ဇွန်လ(၂၇)ရက်နေ့ဟာ 'မြန်မာနိုင်ငံဂီတနေ့' ဖြစ်ပြီး 'မြန်မာနိုင်ငံဂီတနေ့'အခမ်းအနားနဲ့ဂုဏ်ပြုဂီတဖျော်ဖြေရေး အစီအစဉ်တွေကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #'မြန်မာနိုင်ငံဂီတနေ့' #ဂုဏ်ပြုဂီတဖျော်ဖြေပွဲပြုလုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ တစ်အောင်စကို ဒေါ် ၂၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပေမယ့် လက်ရှိမေလ အလယ်လောက်ကစပြီး ၂၀၀၀ အောက်ကိုပြန်လည်ကျဆင်းနေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်
#YMG #Yangon_Media_Group
Page 1362 of 2316