#Local_News
Published_ 22 May 2023
မန္တလေးနှင့်စစ်ကိုင်းမြို့များအတွင်း လုပ်ကြံခဲ့ကြသည့် Royal PhoenixGuerilla Force-RPGF အဖွဲ့ဝင်များကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး”တည်းခိုခန်း၊ အခန်းအမှတ်(၂၀၅)၌ Royal Phoenix Guerilla Force-RPGF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး အားဖမ်းဆီးရမိခဲ့ရာ ယင်း၏ထွက်ဆိုချက်အရ မေလ ၁၈ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၆ လမ်းနှင့် ၁၀၇(အေ)လမ်းကြား၌ RPGF ခေါင်းဆောင်စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် ၊ အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တိုကို အမရပူရမြို့နယ်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်တို့ကို အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဖမ်းခံရသော စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၃(အေ)လမ်း၊ ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြား၌ ဝင်းမာ အားကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးဖြင့် လည်းကောင်း၊ RPGF အဖွဲ့ဝင်သူရစိုး(ခ)ကျောက်ရုပ်အား ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် လည်းကောင်းထပ်မံဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
အလားတူစောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်နှင့်အောင်ထွန်းမင်း (ခ)အော်တို တို့၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် RPGF အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသူများဖြစ်သည့် ခိုင်ခိုင်အောင် အား ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂချောင်းလမ်းတွင်လည်းကောင်း၊ ရန်နောင်ဖြိုး အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တိုက်အမှတ်(၁၉)၊ အခန်းအမှတ် (၁၉)တွင် လည်းကောင်း၊ သူဇာဝေနှင့် အောင်ရဲကျော်တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်း အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရယင်းတို့သည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ KIA တပ်မဟာ(၄)စခန်း၌ သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် CRPHINUG မှ ပြုလုပ်သည့် ZOOM Meeting များတွင်တက်ရောက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း လုပ်ကြံရန် RPGFအမည်ခံအကြမ်းဖက်အဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲစည်းခဲ့ကြောင်း သိရသည်။
ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင်စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ“နှင်းရွှေရည်”လက်ဖက်ရည်ဆိုင်၌ အရပ်သား ဦးကျော်စိုးကိုလည်းကောင်း ၊ ဧပြီလ ၂၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် သွားရောက်စဉ် နေအိမ်၌ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏သားဖြစ်သူ ဦးစန်းယုမောင်ကိုလည်းကောင်း ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ RPGF အနေဖြင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း မိုင်းထောင်ဖောက်ခွဲမှု ၉ ကြိမ်ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ လျှို့ဝှက်သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများကို ထိုက်ထိုက်တန်တန် လျှို့ဝှက်၍ ချီးမြှင့်ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/pl #Local_News #မန္တလေးနှင့်စစ်ကိုင်းမြို့ #Royal_PhoenixGuerilla_Force-RPGF
#ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၇ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကိုဘတ်၂၃သိန်း၂သောင်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း #ရည်ညွှန်းဈေး
#YMG #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 21 May 2023
အညာဒေသမှာ သင်္ကြန်မတိုင်ခင်ကာလကတည်းက တက်ဈေးမှာရှိနေတဲ့ ပဲမျိုးစုံနဲ့နှမ်းဈေးနှုန်းတွေက မုန်တိုင်းတိုက်ခတ်ပြီးနောက် ဈေးတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို မကွေးကုန်စည်ဒိုင်ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News #မိုခါမုန်တိုင်း #နှမ်းခင်းတွေဆုံးရှုံး #ပဲမျိုးစုံနဲ့နှမ်းဈေးတက်လာ
#YMG #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 21 May 2023
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအားလုပ်ကြံခဲ့သူများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းက ဇနီးဖြစ်သူအား “အောင်ရတနာ” အထူးကုဆေးရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပြီး ပြန်အလာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ်(၁၆)လမ်းဆုံအနီးသို့ ရောက်ရှိစဉ် အမျိုးသား နှစ်ဦးက မော်တော်ယာဉ်ရှေ့၌ ပိတ်ရပ်၍ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်၍ သေဆုံးခဲ့ ရခြင်း ဖြစ်သည်။
သတင်းပေးပို့သူများပေးပို့သည့် သတင်းအရ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဦးစိုင်းကျော်သူအား လုပ်ကြံ သတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ အာကာထက်ကျော် (ခ)အောင်သုခ ကို Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့် တို့နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)၌ ဖမ်းဆီးရမိခဲ့ရာ ယင်း၏ ထွက်ဆိုချက် အရ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၁၀)လမ်း၊ အိမ်အမှတ်(၄၀၇)၌ ရဲကျော်ပိုင်(ခ)မောင်ကြီး ကို လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၁၀ တောင့်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ရွှေတောင်ကြား (၅)လမ်း၊ အိမ်အမှတ်(၉၆၄၀)၌ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် ကို Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာနှင့် ကော့ဒွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု တို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့သူများဖြစ်သည့် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ကို ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဦးထွန်းလင်းခြံလမ်းဆုံတွင် လည်းကောင်း၊ စိုးသူ(ခ)Red(ခ) ကောင်းဝေ ကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုလဲ ရွှေဝါလမ်းသွယ်(၂)၊ အိမ်အမှတ်(၆၂၀)တွင် Sig Sauer ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၁၁ တောင့်တို့ဖြင့် လည်းကောင်း၊ ဦးစိုင်းကျော်သူကိုလုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ မင်းဆက်(ခ)အောင်သူဟန် ကို မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုဂံလမ်းပေါ်တွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သည့် ချစ်ကိုကို ကို ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ အိမ်အမှတ်(၇၁၆)တွင် လည်းကောင်း၊ ကျော်လွင်ဦး ကို ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ ဖိုးရာဇာလမ်း၊ အိမ်အမှတ် (၂၉၉)တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊ထို့အပြင် ဖမ်းဆီးရမိ သူ အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက် အရ မေလ ၁၄ ရက်တွင် ဆက်စပ်သူပန်းအေး(ခ)ကိုမျိုးကို ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရန်ပြေမာန်ပြေသာမဏေစာသင်တိုက်၌ လည်းကောင်း၊ မေလ ၁၆ ရက်တွင် ဆက်စပ်သူ လပြည့်အိမ်(ခ)ကိုရှိုင်းကို မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ အဝိုင်းမှတ်တိုင်အနီး၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်း ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူ ၁၀ ဦးမှာ Yangon Revolution ForceYRF. အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားပြီး ထိုသူများကို ပစ္စတို ၂ လက်၊ လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၆ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ကြောင်းလည်းသတင်းတွင်ဖော်ပြထားသည်။ ထိုအထဲတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်သည် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jameတို့၏စေခိုင်းမှုဖြင့် … မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊တေးနုယဉ် လမ်းနေ Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာဦးသိန်းအောင် နှင့် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူ တို့အားပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ymg/pl
Yangon_Media_Group




Page 1367 of 2316