#Myanmar_News
Published 27 January 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၃ အဖြစ် ယနေ့ ဇန်နဝါရီ (၂၆)ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ ရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက်တယ်ဖြစ်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
ဥပဒေအပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။
-ymg/knl
#Myanmar
#Myanmar_Politics
#Local_News
Published_ 26 January 2023
ဗိုလ်တထောင်စေတီတော်ရဲ့ လိပ်ကန်အတွင်းမှ အသက်(၈၀)ကျော်ရှိတဲ့ရှားပါးလိပ်ဘွားဘွားနဲ့ အခြားလိပ်စုစုပေါင်း(၂၅၆)ကောင်ကို လိပ်ပညာရှင်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 January 2023
၂၀၂၂-၂၀၂၃ ခုနှစ်ရဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေသွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ရန်ကုန်မြို့မှာ ကိုယ်ဝယ်လိုက်တဲ့တိုက်ခန်းတွေ ငွေချေပြီးနောက် တကယ်ပိုင်ဆိုင်ခွင့်မရဘဲ အလိမ်ခံရတာတွေရှိနေတဲ့အတွက် သတိပြုစစ်ဆေးဝယ်ယူကြဖို့ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်မိုးမထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 January 2023
YBS ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်တစ်စီးနှင့်တစ်စီးအပြိုင် ခရီးသည်လုတင်ပါက ကျော်တက်တဲ့ယာဉ်ကို ဒဏ်ငွေတစ်သောင်း ပေးဆောင်ခိုင်းသွားမယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့တယ်လို့ နစက ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။
အဲဒီအပြင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။
အစီအစဉ်အရ ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဝင်များက ရတနာ ပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင် တော် အထောက်အကူပြု သံမဏိစင်၊ ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိ ပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ (၄) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်ကြပါတယ်။
အဲဒီနောက် မင်္ဂလာအချိန်တော်ရောက်ရှိတဲ့အခါ နစက ဥက္ကဋ္ဌ က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင် တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများ ဖြင့် စတင်ပင့်ဆောင်ပူဇော် သည်။
ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော် ထက်သို့ ပင့်ဆောင်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာ တော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ ရှိကြောင်းသိရပါတယ်။
အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင် ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော် ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့် ကြာမြင့်မယ်လို့ သတင်းရရှိပါတယ်။
-ymg/knl
#Myanmar
#Myanmar_Buddhism
#Myanmar_Senior_General
#DailyNews
Published_ 26 January 2023
၁။ YBS ယာဉ်လိုင်းများ ခရီးသည်လုတင်ပါက ဒဏ်ငွေတစ်သောင်းဒဏ်ရိုက်မည်
၂။ ငွေချေပြီး တိုက်ခန်းပိုင်ဆိုင်ခွင့်မရဘဲ အလိမ်ခံရခြင်းများရှိနေ၍ သတိပြုဝယ်ယူရန်လို
၃။ ယခုဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိထား
၄။ ပဲရစ်မြို့တွင် စကြဝဠာဖက်ရှင်ဒီဇိုင်းဖြင့် ပွဲဦးထွက်ကျင်းပခဲ့သည့် အိန္ဒိယဖက်ရှင်ဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1311 of 2047