#Local_News
Published 30 August 2023


ပြည်ပနိုင်ငံသို့တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား မပြေလည်မှုများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ ဖြစ်ပေါ်လာပါက အဆိုပါ အလုပ်သမားကိုစေလွှတ်ခဲ့သည့် လိုင်စင်ရအေဂျင်စီ က ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းပေးရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က ပြောကြားခဲ့သည်။

 

သြဂုတ်၂၉ရက်ကအလုပ်သမားဝန်ကြီးဌာနနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူများတွေ့ဆုံသည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က အခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ရ အေဂျင်စီများ အနေဖြင့် အလုပ်သမားရေးရာ ပြသာနာများနှင့် ထူးခြားဖြစ်စဉ်များ တစ်စုံတရာပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ပြီး အလုပ်သမားသံအရာရှိနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းသင့်ကြောင်း၊ မိမိစေလွှတ်လိုက်သည့် အလုပ်သမားများကို စတင်ထွက်ခွာချိန်မှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည် အချိန် အထိ တာဝန်အပြည့်အ၀ရှိကြောင်းပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ ပြည်ပနိုင်ငံများကိုတရားဝင်အလုပ်သမားစေလွှတ်ခွင့်ရရှိထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၅၇ ခု ရှိကြောင်း သိရသည်။

 

#YMG/LW #Local_News #ပြည်ပရောက်အလုပ်သမား #လုပ်ငန်းခွင်ပြဿနာ
#Yangon_Times