#Local_News
Published_21 December 2022
၂၀၂၃ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းတဲ့အခါ လူစီးယာဉ်တွေကို အစောဆုံး ၂၀၂၂ ခုနှစ်ထုတ် ယာဉ်တွေသာ ဖြစ်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်ကြေငြာစာထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 December 2022
၁။ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒထွက်ရှိထားသော်လည်း ကားဈေးကွက်အတွင်း အပြောင်းအလဲမရှိဟုဆို
၂။ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံရရှိထား
၃။ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများသည့်အတွက် ITPEC စာမေးပွဲဖြေဆိုသူ ရာချီတိုး
၄။ (၁၇)ရာစုခန့်မှ စာမူများအား အီရတ်အမျိုးသားပြတိုက်တွင် ထိန်းသိမ်းမွမ်းမံလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
YGEA ကယနေ့ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးဟာ ယမန်နေ့ထက် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်နေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
တရုတ်ဘက်မှ ဖြေလျှော့မှုများလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် တရုတ်ဘက်မှ အစားထိုးယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်သည်ဟု အသိပေးထုတ်ပြန်ထားသော်လည်း ကျင်စန်းကျော့ဂိတ်တွင် လက်ရှိအချိန်ထိ အစားထိုးယာဉ်မောင်းစနစ်ဖြင့် သွားနေရကြောင်း သိရသည်။
မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_21 December 2022
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၃ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်နှင့် သွင်းကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ သန်း ရရှိထားကြောင်း သိရသည်။ အဆိုပါ ကုန်သွယ်မှုဝင်ငွေသည့် ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်လျော့ကျနေကြောင်း သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံဘက်သို့ ပို့ကုန်အနေဖြင့် ကွမ်းသီး၊ အုန်းသီး၊ တမူးဒေသထွက်ကုန်၊ စီးကရက်များတင်ပို့နေပြီး သွင်းကုန်အနေဖြင့် ဓာတ်မြေဩဇာ၊ ဆံပင်တုများ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်နှစ်ထက် ၂၁၈ ဒသမ ၆၅ သန်းပိုမိုရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 21 December 2022
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သံရုံးမှ နိုင်ငံရေးသံမှူး Ms. Qiao Li ၊ CITIC Myanmar ဒုတိယ အထွေထွေမန်နေဂျာ Mr. Ma Chuanfu ၊ ကျောက်ဖြူဘိုးဘွားရိပ်သာ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးငြိမ်းချမ်းမောင်နှင့် ဒေသခံ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ တက်ရောက်ခဲ့ကြပါတယ်။
Ms. Qiao Li က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လူနေမှုပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ထိုသို့လှူဒါန်းရသည့်ရည်ရွယ်ချက်မှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းအမွေဆက်ခံ၍ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုပြသပြီး ကျောက်ဖြူဒေသမှ သက်ကြီးရွယ်အို များကိုလည်း တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ရလဒ်ကောင်းများ အတူမျှဝေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များသည် ဒေသတွင်အခြေချ၍ မြန်မာနိုင်ငံ ဘက်နှင့်ပူးပေါင်းဆောင်ရွက်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါစွာ အကျိုးပြု နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ထို့နောက် ကျောက်ဖြူဘိုးဘွားရိပ်သာမှ တာဝန်ခံ ဒေါ်တင်တင်အုန်းက ဘိုးဘွားရိပ်သာ၏ သမိုင်း၊ လက်ရှိလည်ပတ်မှုအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့ကို မိတ်ဆက်ပေးပြီး သံရုံး၏ လှူဒါန်းမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း ပြေကြားခဲ့ပါတယ်။
ယခုအကြိမ် လှူဒါန်းသည့်ပစ္စည်းများတွင် ကုတင်၊ ဗီရို၊ ရေခဲသေတ္တာ၊ ရေသေတ္တာ၊ ဘီးတပ်ကုလားထိုင် စသည်တို့ ပါဝင်ပါတယ်။
အခမ်းအနားအပြီးတွင် သံမှူး Ms. Qiao Li နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာကို လေ့လာကြည့်ရှုကြပြီး သက်ကြီးရွယ်အိုများကို အားပေးစကားပြောကြားခဲ့ကြောင် သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 December 2022
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂူဝါဟတီမြို့၌ ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အာသံပြည်နယ် ဝန်ကြီးချုပ်က တက်ရောက်မိန့်ခွန်း ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေး ပြည်ထောင်စုဝန်ကြီး၊ အာသံပြည်နယ် စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် မွေးမြူရေးဖွံ့ဖြိုးမှုဝန်ကြီးအပါအဝင် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ များမှ သံအမတ်ကြီးနှင့် သံတမန်များ၊ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ဂေဟစနစ်တွင် အဓိက ပါဝင်ပတ်သက်သူများမှ တက်ရောက်ခဲ့ကြပါတယ်။
အာသံပြည်နယ် စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ဌာနမှ တာဝန်ယူကျင်းပသည့် ၎င်းပြပွဲသည် ပြည်နယ် စိုက်ပျိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပြပွဲအတွင်း ထုတ်လုပ်မှုမှသည် ဈေးကွက်တင်သည်အထိ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် value chain အဆင့်တိုင်းအတွက် အသိပညာ ဖလှယ်မှုနှင့် ကမ္ဘာ့နည်းနာများကို မိတ်ဆက် ရှင်းလင်းမှုများ၊ ကမ္ဘာအနှံ့မှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်၍ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပြပွဲကိုပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ဒေသထွက်သီးနှံများ၊ စိုက်ပျိုး ထုတ်လုပ် ရေး လုပ်ငန်းသုံးပစ္စည်း မိတ်ဆက်ပြသမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက် မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1307 of 1973