#Local_News
Published _ 28 october 2022
ရွှေဆိုင်လိုင်စင်သက်တမ်းတိုးတာနဲ့ ရွှေတုံးရွှေခဲ လိုင်စင်လျှောက်ထားရာမှာ လုပ်ငန်းအမျိုးအစား ခွဲခြားဖော်ပြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October2022
ဒါးပိန်ပန်းပု ကျေးရွာကို ခရီးသွားနေရာအသစ်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထားတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _28 October 2022
ပြည်တွင်း၊ ပြည်ပခရီးသွားတွေအများဆုံးသွားတဲ့ ပုဂံ၊ ကျိုက်ထီးရိုးနဲ့ကမ်းခြေဒေသတွေမှာ မသန်စွမ်းခရီးသွားတွေအတွက် သွားလာရလွယ်ကူအောင်ဆောင် ရွက်ပေးထားစေချင်တယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌဒေါက်တာကိုကိုဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 28 October 2022
၁။ ခရီးသွား Site များတွင် မသန်စွမ်းခရီးသွားများသွားလာရ လွယ်ကူအောင်ဆောင်ရွက်ပေးစေချင်ဟုဆို
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထား
၃။ ဒါးပိန်ပန်းပု ကျေးရွာကို ခရီးသွားနေရာအသစ်သတ်မှတ်ရန် စီစဉ်နေ
၄။ ယခင်က လူဖြူများသာပိုင်ဆိုင်ခဲ့သည့် ဝိုင်လုပ်ငန်းများတွင် တောင်အာဖရိကလူမည်းလူမျိုးများ ဝင်ရောက်လာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October 2022
YBS ယာဉ်လမ်းကြောင်းတွေမှာ တရားမဝင်ပြေးဆွဲနေတဲ့ လုပ်ငန်းလိုင်စင်မဲ့ကြားကားတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုအားနည်းနေတယ်လို့ YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 28 October 2022
ရန်ကုန်ကလေးဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေး ၁၃ ဦးကို မခွဲစိတ်ဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက် (Cardiac Catheterization Laboratory) ကို အသုံးပြု၍ ဘောလုံးဖြင့်ချဲ့ကာ ကုသခြင်း၊ အဆို့ဖြင့်ပိတ်၍ ကုသခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
ယင်းကိုကျန်းမာရေးဝန်ကြီးဌာန ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) နှလုံးကုသဆောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်အတွင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital (1) မှ ကလေးနှလုံး အထူးကုဆရာဝန် Dr. Do Nguyen Tin ၊ ပါမောက္ခဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံး)တို့ ဦးဆောင်သည့် ကလေးနှလုံးရောဂါ အထူးကုဆရာဝန်များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ကလေးနှလုံးရောဂါကုသခြင်းများကို ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကုဆရာဝန်များ၊ နိုင်ငံခြားမှကျွမ်းကျင်သော ကလေးနှလုံးအထူးကုဆရာဝန်များဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လမှ ယနေ့အထိ စုစုပေါင်းနှလုံးရောဂါဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ ပြင်ပလူနာကြည့်ရှုကုသမှုအနေဖြင့် ကလေးလူနာ ၂၆၃၇၀ ကိုလည်းကောင်း၊ နှလုံးပုံရိပ်ဖော်စက်ဖြင့်ကုသမှု (Echocardiogram)ဖြင့် ကလေးလူနာ ၁၄၅၂ ဦးကိုလည်းကောင်း၊ နှလုံးပိုက်သွင်း၍ ကုသမှု(Cardiac Catheterization Procedure) ဆောင်ရွက်ပေးသော ကလေးနှလုံးလူနာ ၆၇ ဦးကိုလည်းကောင်း ကုသမှုများပေးအပ်ခဲ့ကြောင်း လည်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1304 of 1858