#Local_News
Published _ 28 October 2022
တက္ကသိုလ်တစ်ခုခုကဘွဲ့ရရှိပြီးသူတိုင်း ရေကြောင်းပညာတက္ကသိုလ်၏ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ လျှောက်ထားနိုင်ကြောင်း အဆိုပါ တက္ကသိုလ်က ထုတ်ပြန်လိုက်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဒီဇင်ဘာလလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သောကြောင့် တက်ရောက်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၁ ရက်က စ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ လူဦးရေ ကန့်သတ်ထားသည့်အတွက် လုပ်ငန်းခွင်နီးစပ်မှုရှိသူများကိုသာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာဘ ၁၈ ရက် ရုံးချိန်အတွင်း ပြန်လည်ပေးပိုရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်ကြားမည့် သင်ခန်းစာများမှာ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma in Shipping Management) ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma In Port Management) နှင့် ထောက်ပံ့သယ်ယူပို့ဆောင် ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma In Transport & Logistics Management) သုံးမျိုးဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ အတန်းအတွက် သင်တန်းသားဦးရေ ၇၀ ခေါ်ယူမည် ဖြစ်ပြီး ကျန် ဒီပလိုမာတန်း နှစ်ခုကိုမူ သင်တန်းသားဦးရေ ၅၀ စီ ခေါ်ယူမည် ဖြစ်ကြောင်း၊ အရွေးချယ်ခံရသူများအနက် လူတွေ့ဖြေဆိုခွင့်ရသူများအား လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_28 October 2022
အောက်တိုဘာလ ၂၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား ၁၇၃ ဦးကိုထပ်မံစေလွှတ်ခဲ့ကြောင်းဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် (၁၈) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၅၂) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၃) ဦး၊ စုစုပေါင်း (၁၇၃) ဦးကိုထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁ ရက် မှ ၂၇ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ စုစုပေါင်း ၁၁၇ ဦး တရားဝင် ပို့ဆောင်ထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၏ စာရင်းများကို အခြေခံ၍ ဆိုးလ်မြို့ မြန်မာသံရုံး က ထုတ်ပြန်ထားသည်။
ယင်းအပင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ချက်တွင် မြန်မာ လုပ်သားဟောင်း ၅၀ ကျော် နှင့် ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော်ကို လာမည့် နိုဝင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုအနေဖြင့် ကုန်ထုတ်လုပ်ငန်း ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _28 October 2022
နိုဝင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး(၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
နိုဝင်ဘာလအတွင်းတွင် မိုးရွာသွန်းမှုများရှိနေဦးမည် ဖြစ်ပြီးဒေသအချို့တွင် ရွာမြဲအောက်လျော့နည်းနိုင်သလို ဒေသအချို့တွင် ရွာမြဲခန့်ထစ်ချုန်းရွာသွန်းမည် ဟုဆိုသည်၊၊
မိုးရွာသွန်းမှုအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန် ထားသည်၊၊
နိုဝင်ဘာလနံနက်ပိုင်းအချိန်များတွင် ဒေသအချို့၌ မြူများကျရောက်နိုင်ကြောင်း သိရသည်၊၊
မြူအခြေအနေအနေဖြင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_28 October 2022
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းခွင့်ပြုလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် ပါတီဖျက်သိမ်းရန်တင်ပြချက်နှင့်စပ်လျဉ်း၍ ကော်မရှင်မှ အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းကပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်တွေသည် ပါတီနိုင်ငံရေးဆက်လုပ်ရန် ဆန္ဒမရှိတော့ခြင်း၊ ပါတီခေါင်းဆောင်တွေ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးချို့တဲ့သူများရှိနေခြင်း အစရှိသည့် တခြားအခက်အခဲတွေကြောင့် ပါတီဖျက်သိမ်းရန် တင်ပြရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_28 October2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေးသဘော တူညီခဲ့ခြင်းများမှာအာဆီယံပဋိညာဉ်စာတမ်းပါမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ တူညီဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် လိုက်ပါဆောင်ရွက်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စား မပြုသည့် ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ခြင်းဖြစ်ရာ ယင်းမှာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ အကြား အဆင့်တူတန်းတူ ကိုယ်စားပြုရေးမူနှင့် သွေဖည်နေသည့်အတွက် မတက်ရောက်ခဲ့ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အားလုံး တန်းတူ ညီတူ ကိုယ်စားပြုရေး “မူ” နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး “မူ”တို့ကို မြန်မာနိုင်ငံအနေနှင့် ခိုင်မာစွာ လိုက်နာလျက်ရှိသော်လည်း ယခုကဲ့သို့ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိကြောင်းလည်း ဖော်ပြထားသည်။
အာဆီယံသည် စည်းမျဉ်းကို အခြေခံသည့် အဖွဲ့အစည်း ဖြစ်၍ အာဆီယံ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် ပြဋ္ဌာန်း ချက်များကို တိတိကျကျ လေးစားလိုက်နာရန် လိုအပ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို လေးစားကာ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရန် အထူးလိုအပ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နစက အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နောက်ပိုင်းကပင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကို လိုလားသည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ပွင့်လင်းစွာ ဆွေးနွေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်ရာတွင်သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလျက်ရှိသည့်အပြင် အာဆီယံ တူညီဆန္ဒ(၅)ချက်တွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စပထမအဆင့်ကိုလည်း AHA စင်တာကို ပူးပေါင်းပံ့ပိုးလျက်ရှိပြီး အကူအညီလိုအပ်နေသူများ ထံသို့ခွဲခြားမှုမရှိဘဲ မျှတစွာရရှိရေးနှင့် အကူအညီပေးအပ်သည့် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အလေးထား၍ ဆောင်ရွက်လျက်ရှိကာ ဒုတိယအဆင့် အကူအညီများ ပံ့ပိုးနိုင်ရေးအတွက် လျက်မြန်စွာဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေမှုအပေါ် တစ်ဖက်က အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်၍ ဖျက်ဆီးလျက်ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်သည့်လုပ်ငန်းကိုလုပ်ဆောင်နေသည့်အပေါ် အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင် သည့် ချဉ်းကပ်မှုမျိုးလုပ်ဆောင်ခြင်းမှာ အကျိုးမရှိနိုင်သည့်အပြင်၊ ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ကိစ္စများအားပြိုင်မှုများ အရှိန်မြှင့်တက်နေသော်လည်း အာဆီယံအနေဖြင့် ခိုင်မာသော အဖွဲ့ အစည်းအဖြစ် တည်ရှိရန် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အချက်အခြာကျမှုတို့ကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_27 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွေမှာ စက်သုံးဆီဂါလန် ၆ သန်းကျော် ဆိပ်ကမ်းချထားပြီး ဂါလန်၁၄ သန်းကျော်ကို ဆီချခြင်းလုပ်ငန်းဆက်လက် ဆောင်ရွက်သွားမယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားအုန်းဆီတင်သွင်းတဲ့သူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1305 of 1858