#Local_News
Published-1 September 2023

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို CBT စနစ်ဖြင့် အောက်တိုဘာ(၄)ရက် မှ (၂၀)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း POEA-EPS က သိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သော မြန်မာအလုပ်သမားများအတွက် ထပ်မံသွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ရည်ရွယ်ပြီး Computer Based Test(CBT) စနစ်ဖြင့် သီးသန့်ပြုလုပ်ပေးသော ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလ(၄)ရက် မှ (၂၀)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

 

စာမေးပွဲမေးခွန်းများသည် “The Standard Textbook for EPS-TOPIK” စာအုပ်ကို အခြေခံ၍ မေးမြန်းရန်ရှိသည့်အတွက် http://epstopik,hrdkorea.or.kr စသည့် webpage တွင် ဝင်ရောက်ကြည့်ရှု download ရယူနိုင်ပါသည်။

 

စာမေးပွဲကို ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ ပင်လုံခန်းမ၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်သူများ၏ အောင်စာရင်းကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၂၇)ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ Facebook ၊ POEA-EPS နှင့် HRD-Korea ၊ EPS-TOPIK website ဖြစ်သောhttp://epstopik.hrdkorea.or.kr တွင် အသိပေးကြေညာသွားမည်ဟု သိရသည်။

 

#Local_News #အထူးသီးသန့်စာမေးပွဲ #CBT စနစ်
#Yangon_Times/PP