#Local_News
Published 1 September 2023


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၁၁၈/၁)အနီးတွင် စက်တင်ဘာလ ၁ရက် နံနက် ၇နာရီခွဲခန့်တွင် ခြောက်ဘီးကားတစ်စီးမှ တာယာပွင့်ပြီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

MITSUBISHIFUSO(၆)ဘီးယာဉ်သည်ယာဘက်ဘီးတာယာပွင့်ပြီး မြေသားလမ်းပေါ်ရှိသစ်ပင်အားဝင်ရောက်တိုက်မိမှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်ကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ၁၁၅ မိုင် ကြက်ခြေနီအသင်းမှ ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YGM/LW #Local_News #ယာဥ်တိုက်မှုဖြစ်တစ်ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times