#Local_News
Published _ 19 December 2022
မလေးရှား စကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်း( Myanmar Skate Association) မှသိရသည်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Melaka Inline Speed Open 2022 စကိတ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြု လှိုင်သာယာ သူရဲကောင်းလေးများ အသင်းမှ မောင်နှမဖြစ်သော မောင်အင်အား ၁၃ နှစ်နှင့် မမေခွန်အား ၁၂ နှစ်တို့ ၂ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲအပြီးတွင် ရွှေတံဆိပ် ၄ ခုအထိ ဆွတ်ခူးရရှိခဲ့သည်။
မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်းမှ မီတာ ၂၀၀ နှင့် မီတာ ၈၀၀ mix အတွဲမှာ ထပ်မံဆွတ်ခူးပြီး ရွှေတံဆိပ် (၄) ခုရရှိခဲ့ပြီဖြစ်ပါတယ် ဟု ဆိုထားသည်။
ပြိုင်ပွဲကိုမူ မလေးရှားနိုင်ငံ မလက္ကာမြို့၊ ထွန်းဘာတီမာကွင်းတွင် ကျင်းပခဲ့ပြီး အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_19 December 2022
ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့သည့် တရုတ်နယ်စပ်ဂိတ်အားလုံးကို လာမည့် ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များဆီမှ သိရသည်။
တရုတ်နိုင်ငံဘက်မှ အဆိုပါ နယ်စပ်ဂိတ်အားလုံးကို လာမည့်ဇန်နဝါရီလ ၉ ရက်တွင် ပြန်ဖွင့်ရန် ကြိုတင်စာထုတ်ပြန်ထားကြောင်း၊ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူတွေအနေဖြင့် ၂၄ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါကင်းရှင်းကြောင်း အထောက်အထားနှင့် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ၂ နှစ်ကျော်ကြာပိတ်ထားသည့် တရုတ်နိုင်ငံအတွင်းက ရွှေလီ-ကျယ်ဂေါင်တံတားကို ဒီဇင်ဘာ ၁၃ ရက်ကနေစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယင်းကြောင့် ကုန်သည်တွေအနေဖြင့် ယင်းနှင့် ထိစပ်နေသည့်ပြန်လည်ဖွင့်လှစ်ရန် ကုန်သည်တွေအနေဖြင့် ခန့်မှန်းထားခြင်းဖြစ်သည်။
လက်ရှိ မူဆယ်နယ်စပ်တွင် တစ်ရက်လျှင် ကုန်ကားအစီးရေ ၁၇၀ ဝန်းကျင် အဝင်အထွက်ရှိနေကြောင်း မူဆယ်နယ်စပ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။ မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံ ကုန်သွယ်မှုပြုလုပ်ထားကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 18 Dec 2022
ပန်းဆိုးတန်း-ဒလ ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ဒီဇင်ဘာလ ၁၈ ရက် ညနေ
၆ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ခရီးသည် ပြည်သူအယောက် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ကြကြောင်း သိရသည်။
ယင်းဒဏ်ရာရသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း။ဒဏ်ရာရသူများထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ ဦးရှိကာ ယင်းတို့မှာ စိုးရိမ်ရကြောင်း ပရဟိတ ကူညီရေးအဖွဲ့တစ်ခုမှ လိုက်ပါကူညီပေးခဲ့သူကဆိုသည်။
"ကျွန်တော်တို့ပရဟိတအသင်းကား ဆယ်စီးလောက်ပေါင်းစုပြီးပို့ခဲ့ကြပါတယ်။ငါးယောက်ကတော့ ဒဏ်ရာပြင်းပါတယ်ခင်ဗျာ"ဟု ယင်းကပြောသည်။
Photo-CJ
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 December 2022
ပြည်မြို့အကောက်တောင်ဘုရားသို့ လာရောက်ကြတဲ့ ဘုရားဖူးတွေကို နေစားငြိမ်း အခမဲ့အလှူပေးနေဆဲဖြစ်တယ်လို့ အကောက်တောင်ဘဏာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု) နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_17 December 2022
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားခရီးသွားဈေးကွက်ဟာ တတိယအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1312 of 1973