Published_ 13 April 2023
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံကြီး (၇) နိုင်ငံ က ပဇီကြီးကျေးရွာ တိုက်ခိုက်ချေမှုန်းခံရမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို လစ်လျူရှုကာ ကန့်ကွက်ရှုတ်ချမှုများပြုလုပ်နေတာဖြစ်တယ်လို့ နစက,က ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီ (၁၁)ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များအပါအဝင်အရပ်သားများ သေဆုံးရမှု အပေါ် ကုလသမဂ္ဂ၊အမေရိကန်၊ဗြိတိန်နှင့် အာဆီယံ ဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုထားကြပါတယ်။
အဆိုပါ ရှုတ်ချပြောဆိုမှုများအပေါ် နစက,က ယခုလို ပြန်လည်တုန့်ပြန်ပြောဆိုလာခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ဒီမိုကရေစီနှင့် ပြည်သူ ဟု ကြွေးကြော်နေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေကို မှန်ကန်စွာမသုံးသပ်ဘဲ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို သွယ်ဝိုက်၍သော် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြု၍ နိုင်ငံငယ်များ အပေါ် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် နှိပ်ကွပ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်ကဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးဆိုင်ရာ ဒေသအလိုက်ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ(Rules of Engagement-ROE)ကိုလည်း ထုတ်ပြန်ပေး ထားပြီး ယင်းအတိုင်းလိုက်နာဆောင်ရွက်ကာ အဆိုပါအကြမ်းဖက်ဌာနချုပ် ဖွင့်လှစ်ရန် လျာထား သည့် ပဇီကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရန် ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဝန်းကျင်သည် KIA သောင်းကျန်းသူနှင့် PDFအမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းမြောက်ခြမ်း အဓိက စစ်ရေးလှုပ်ရှားရာနှင့် စစ်ကိုင်းတိုင်းတောင်ခြမ်းသို့ လက်နက်/ခဲယမ်းများနှင့် လေ့ကျင့်ပြီးအကြမ်းဖက်သမားစေလွှတ်ရာ လမ်းကြောင်းပေါ်ရှိ အဓိက စခန်းထောက်နေရာ ဖြစ်ကြောင်း၊ ဆက်သွယ်ရေးမြောင်းများဖြင့် စစ်အခြေချစခန်းသဖွယ် တည်ဆောက်ထားပြီး မိုင်းများလည်း ပတ်လည်ထောင်ထားကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာတွင် PDF အရေးကြီးခေါင်းဆောင်နှင့် KIA သောင်းကျန်းသူများ၊ PDFအမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်းတို့ကို သတင်းအတိအကျရရှိသဖြင့် ကျေးရွာအပြင်ဘက်တွင် သီးခြားတည်ရှိနေသော စစ်ဘက်ပစ်မှတ်တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/mt
Yangon_Media_Group
#Local_News
Published_ 13 April 2023
2023ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကိုရန်ကုန်မြိုတွင် စတင်ကျင်းပနေပါတယ်။
ဧပြီလ၁၃ရက်တေ့မဟာသင်္ကြန်အကြိုနေ့အဖြစ်ရန်ကုန်မြိုတော်ဝန်မဏ္ဏပ်ကိုမနက်၇နာရီအချိန်ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News #မြိုတော်ဝန်မဏ္ဏပ် #ပြည့်သူရင်ပြင်လမ်းလျောက်သင်္ကြန်
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးဂိတ်အဝင် ရန်တိုင်းအောင်ဘုရားစတုဒီသာမဏ္ဍပ်ကို ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အမည်မသိ တစ်ဖွဲ့က ဗုံးခွဲခဲ့၍ လူအသေအပျောက် ရှိကြောင်း ကနဦး သတင်းရရှိသည်။
"ဗုံးကွဲတာ ဟုတ်တယ်။လူတွေ အသေအပျောက် ရှိတယ်လို့ ပြောနေကြတယ်။ဒဏ်ရာတော့ရတယ်တဲ့။ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ မျက်မြင်မဟုတ်ပါဘူး။သေသူကို မမြင်မိဘူး။
ဗုံးပေါက်တာ ဟုတ်တယ်။ကယ်ဆယ်ရေး ကားတွေ သွားနေကြတယ်၊ဒဏ်ရာ ရတဲ့သူ ဘယ်လောက် ရှိလဲတော့ မသိရသေးဘူး"ဟု လာရှိုးမြို့ခံတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းနေကြဆဲ ဖြစ်သည်။
ymg/mt
#Local_News #လားရှိုးဂိတ် #ရန်တိုင်းအောင်ဘုရားစတုဒီသာမဏ္ဍပ် # ဗုံးခွဲခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးပူးပေါင်းဖလှယ်ရန် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဧပြီလ ၁၂ ရက်က ဆွေးနွေးခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
မြန်မာနိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်နိုင်စိုး ဦးဆောင်သောအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGB) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် A K M Nazmul Hasan(BAM,ndc,psc) ဦးဆောင်သောအဖွဲ့တို့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ချစ်ကြည်ရေးအထိမ်းအမှတ် တွေ့ဆုံခဲ့ကြစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စများကို ပူးပေါင်းဖလှယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကာ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်၍ နှစ်ဖက်အဖွဲ့သည် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ymg/mt
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
မြန်မာ့ရိုးရာသင်္ကြန်ထုံးတမ်းစဉ်လာကို ကမ္ဘာသိစေရန် ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် Short Film ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ မြန်မာတစ်နိုင်ငံလုံးရှိ မည်သူမဆို ဝင်ရောက်ယှဉ်နိုင်မည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကို Professional အဆင့်နှင့် ဝါသနာရှင်အဆင့်ဟူ၍ ၂ ပိုင်းခွဲခြားပြုလုပ်မည် ဖြစ်ရာ Professional အဆင့်တွင် မည်သည့်ကင်မရာကြီးအမျိုးအစားနှင့်မဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ဝါသနာရှင်အဆင့်တွင် မည်သည့်ဖုန်းအမျိုးအစားနှင့်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆုကြေးများမှာ rofessional အဆင့်တွင် ပထမဆု ငွေကျပ် သိန်း (၂၀)၊ ဒုတိယဆု ငွေကျပ် (၁၅)သိန်း၊ တတိယဆုငွေကျပ် (၁၀)သိန်း၊ နှစ်သိမ့်ဆု (၃)ဆုအား ငွေကျပ် (၅)သိန်းစီ ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ဝါသနာရှင်အဆင့်အတွက် ပထမဆု ငွေကျပ် (၇)သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် (၅)သိန်း၊ တတိ ယဆုအတွက် ငွေကျပ် (၃)သိန်း၊ နှစ်သိမ့်ဆု (၃)ဆုအတွက် ငွေကျပ် (၁)သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲအတွက် ရိုက်ကူးမည့် ဇာတ်လမ်းတိုတွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို သေချာပီပြင်စွာ ရိုက်ကူးပုံဖော်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာဆန်စွာ ရေပက်ကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းများ၊ သက်ကြီးဘိုးဘွားများ ဆံပင်ညှပ်ခြင်း၊ခေါင်းလျော်ခြင်း၊ခြေသည်းလက်သည်းညှပ်ခြင်းများ၊ သင်္ကြန်တွင်းအခါကြီးရက်ကြီး ဥပုသ်သီလဆောက်တည်၍တရားနာခြင်း၊ ရဟန်းသံဃာများ ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် သက်ဆိုင်သော ပုံရိပ်များ စုံလင်စွာပါရှိရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲဝင် Short Film များ Myanmar Thingyan Festival 2023 Page တွင် တင်ဆက်သွားမည်ဖြစ်ပြီး Like and Share အများဆုံး Short Film အား People Choice Award အဖြစ် အထူးဆုအနေဖြင့် ငွေကျပ်(၃)သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊Short Film ကို ကြာချိန် (၅) မိနစ်ထက် မပိုစေဘဲ 1080 x 720 DPI HD Quality ဖြင့် ပေးပို့ယှဉ်ပြိုင်ရန်၊ Short Filmနှင့် အတူ Stay ပုံ ၅ပုံပါထည့်သွင်း၍ ဧပြီလ ၃၀ ရက် နောက်ဆုံးထားကာ
ymg/mt
#Local_News ##မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် #Short Filmပြိုင်ပွဲ
#YMG #Yangon_Media_Group
#Local _News
Published_ 13 April 2023
ယနေ့(ဧပြီ ၁၃ ရက်) ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို နံနက် ၇နာရီခွဲအချိန်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကြောင်းသိရသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ရခိုင်တိုင်းရင်းသားများ၏ ရိုးရာအစဥ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်
ဘုရားရေသပ္ပာယ်ပွဲကို ရခိုင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်)မှကြီးမှူး၍ သင်္ကြန်အကြိုနေ့၊ ဧပြီလ (၁၃)ရက်တွင်ရန်ကုန်မြို့၌ကျင်းပခဲ့သည်၊၊
ymg/tthl
#YMG #Yangon_Media_Group
ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ မြင်ကွင်းဓာတ်ပုံများ
Page 1191 of 2062