#Daily_News
Published_ 11 April 2023
၁။ပုဂံမှာ ဘုရားပုံတော်တွေ မြေကြီးမှာ ချမရောင်းဖို့နဲ့ ဗုဒ္ဓဘာသာ ပုံရိပ်ဆိုင်ရာတွေ ကိုယ်ခန္ဓာမှာ တက်တူးထိုးရင် အရေးယူမည်
၂။ဆန်နှင့်ဆန်ကွဲ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိရေး ဆန်စပါးအသင်းချုပ် ရည်မှန်းထား
၃။ဧပြီလတွင် ပြည်တွင်းခရီးသွားကဏ္ဍ အမြင့်ဆုံးအချိန်ရောက်နေ၊ မေလ၌ တဖြည်းဖြည်းပြန်ကျဆင်းနိုင်ဟုဆို
၄။နှစ်(၂၀)ကြာပြီးတိုင်အောင် အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်အား ဂျော်ဒန်တွင်အမှတ်ရ လေးစားနေကြဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 11 April 2023
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်မြိုပတ်ရထားများအားလုံး ပြေးဆွဲမှုရပ်နားသွားမယ်လိုရန်ကုန် ဘူတာကြီးက သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ရန်ကုန်မြို့ပတ်ရထား #ပြေးဆွဲမှုရပ်နား
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ရန်ကုန်-နေပြည်တော်ဘက်ခြမ်း ၈၉ မိုင်အနီး ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရမှု ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၈၉/ဝ) နှင့် (၈၉/၁)ကြားတွင် Wish ခဲရောင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကဒ်တုံးကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း၊အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၁)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ရန်ကုန်-နေပြည်တော် #၈၉မိုင်အနီးယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
တိုင်းတရားလွှတ်တော် ဒုညွှန်မှူး နှင့် အိမ်အကူ ကို သတ်ကာ နေအိမ်ကိုပါ မီးရှို့သွားမှု မန္တလေးတွင် ယနေ့ ဧပြီလ ၁၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူးမှာ အသက် ၅၀ အရွယ် ဒေါ်လေးကြည်ဖြစ်ပြီး မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်း နှင့် ၆၆လမ်းကြားက RCသုံးထပ်နေအိမ်တွင် လည်းပင်းဓားစိုက်ဒဏ်ရာ၊ လက်ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ လင်ဝဲနဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း၊ ယင်း၏နေအိမ်ဒုတိယထပ်က ခေါင်မိုးပေါ်တက်လှေကားခြေရင်းတွင် အိမ်အကူ အသက် ၃၈ နှစ်အရွယ် မအေးသန္တာမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေကြောင်း သိရသည်။
ယင်းအပြင် ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့သောကြောင့် အိမ်တွင်း ပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း၊အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူး မှာ နေအိမ်၌ ကျန်းမာရေးခွင့်ဖြင့်နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #တိုင်းတရားလွှတ်တော် #နေအိမ်ကိုမီးရှို့ #မန္တလေး
#YMG#Yangon_Media_Group
#Local_News
Published_ 11 April 2023
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများမှ ဖျော်ဖြေရေး ယိမ်း ၆၈ ဖွဲ့ က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
မြို့တော်အတွင်း ရန်ကုန်မြို့တော်ရေသဘင်မဏ္ဍပ်အပြင် ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို ထည့်သွင်းစီစဉ်ထားရှိပြီး ရေကစားမဏ္ဍပ် ၁၂ ခု၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာမဏ္ဍပ်များနှင့် ရေကစားရင်း အလွယ်တကူဝယ်ယူစားသုံးနိုင်ရန် ဈေးဆိုင်ခန်းများ စီမံပေးထားကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်တွင် ရောင်စုံထီးအရိပ်တို့ဖြင့် အကာအကွယ်ပေးလျက်ရှိသည့်အပြင် မြန်မာ့ရိုးရာထန်းလက်တဲများအတွင်း အနားယူအပန်းဖြေနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်အစီအစဉ်တွင် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာနှင့် ပန်းမျိုးတစ်ရာ စသည့်မဏ္ဍပ်များအပြင် စတုဒိသာမဏ္ဍပ်များနှင့် အများပြည်သူ အလွယ်တကူဝယ်ယူ စားသုံးနိုင်သည့် စားသောက်ဆိုင်ခန်းများကို စနစ်တကျတည်ဆောက်ထားကြောင်းလည်း သိရသည်။
#ymg/mt #Local_News #ရန်ကုန်သင်္ကြန်ပွဲတော်
#YMG#Yangon_Media_Group
#Local_News
Published-11 April 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို ဧပြီလ ၁၁ရက်(ယနေ့) ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများတွင် Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦးပါဝင်ကြောင်းသိရသည်။
အဆိုပါလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Local_News #EPSစနစ် # မြန်မာလုပ်သား၁၅၀ #ထပ်မံစေလွှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ကာလတွေမှာ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသအချိုမှာမြေငလျင် လှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှု၊မြေငလျင်ဌာနခွဲမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #မြေငလျင်ငယ်လှုပ်ခတ်နိုင်ခြေရှိ
#YMG #Yangon_Media_Group
Page 1194 of 2062