Published_ 8 September 2023
ရန်ကုန်မှနေပြည်တော်သို့သွားရောက်သည့် ခရီးသည်တင်ယာဉ်Expressတစ်စီးမိုင်တိုင်-၉၂မိုင်အနီး တွင်တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါယာဉ်တမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ(၇)ဦးရှိသည်ဟုဆိုသည်။
‘‘ဟုတ်ပါတယ်။ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိပါတယ်မစိုးရိမ်ရပါဘူး။ထိခိုက်ဒဏ်ရာရသူစုစုပေါင်း(၇)ဦးပါ။ သေဆုံးသူတစ်ဦးရှိပါတယ်။ရန်ကုန်ကနေနေပြည်တော်သွားတာ၊မိုင်တိုင်၉၁နဲ့ ၉၂ကြားမှာပါ။ ကူညီကယ်ဆယ်ရေးတွေပြီးသွားပါပြီ’’ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMGကိုအတည်ပြုပြောသည်။
ယင်း ခရီးသည်တင်ယာဉ်Expressကားသည် မိုင်တိုင်၉၂အနီးတွင်စက်တင်ဘာလ၈ရက်နေ့လည်၁နာရီကျော် အချိန်တွင်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
ထိုင်းနိုင်ငံရှိ MOU မြန်မာအလုပ်သမားများ ပြည်တွင်းသို့ တရားဝင်သာ ပြန်လည် ဝင်ရောက်ရန် လိုအပ်
ထိုင်းနိုင်ငံအတွင်း ကို MOUစနစ်နဲ့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိခင်နိုင်ငံကို ပြန်လည်ဝင်ရောက်လာပါကလဲ တရားဝင်နည်းလမ်းအတိုင်း ပြန်လည်ဝင်ရောက်သင့်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
မြန်မာ့ရုပ်ရှင် သက်ကြီးပညာရှင်(၁၄၀)ဦးကို ပူဇော်ကန်တော့မည်
‘(၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်သက်ကြီးပညာရှင်(၁၄၀)ဦးလောက်ကိုပူဇော် ကန်တော့သွားဖို့ ရှိတယ်’ဦးအေးကြူလေး( မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ)
Yangon Times/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
Published_ 8 September 2023
ယနေ့ စက်တင်ဘာ (၈)ရက် နံနက် ၁၀နာရီ ၅၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်ရှိ လူနေရပ်ကွက်အချို့ ရေနစ်မြှပ်ခဒ့ကြောင်း သိရသည်။
ယင်းသို့ ရေနစ်မြှပ်ရာ၌ ခတ္ထိယရပ်ကွက် ၊ တောင်(၂)ရပ်ကွက်နှင့် ဗိုလ်ချုပ်လမ်း အနိမ့်ပိုင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထုံးဘိုနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ က သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်း မြစ်ရေကြီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ် ကူညီပြောင်းရွှေ့ပေးရန်လိုအပ်သူရှိမရှိ ရေကင်းတွေပတ်ပြီးလိုက်လံစစ်ဆေးသတိပေးနေကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့် ရပ်တည်ချက် ပြန်လည်မြင့်တက်လာရန် လုပ်ဆောင်မည်ဟု အသင်းနည်းပြချုပ် ပြော
မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ခြေစွမ်းတွေတိုးတက်လာဖို့နဲ့ နိုင်ပွဲတွေ ဆက်တိုက်ရအောင် လုပ်ဆောင်သွားမယ်
Yangon Times/MY
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
အောက်တိုဘာတွင် ပုဂံသို့ ပြည်ပခရီးသွားဝင်ရောက်နိုင်
‘ပုဂံဒေသမှာ လည်စရာပတ်စရာနေရာတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေလည်း များစွာရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ဝင်ရောက်လာရင် စားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေ၊ တည်းခိုနိုင်ဖို့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ သွားလာနိုင်ဖို့ မြင်းလှည်းတွေ၊ ကားတွေကြိုတင်အသင့်ပြင်ဆင်ထားတယ်’ ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဌာန(ပုဂံရုံးခွဲ)တာဝန်ခံ)
Yangon Times/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
သီတင်းကျွှတ်ကာလ နီးလာပေမယ့် ဖယောင်းတိုင်ကုန်ကြမ်း ဈေးတတ်ပြီး အရောင်းအေးနေ
မကြာခင်မှာ သီတင်းကျွှတ် မီးထွန်းပွဲတော် ကာလကို ရောက်ရှိ လာတော့မှာ ဖြစ်ပေမယ့် ဖယောင်းတိုင် ထုတ်လုပ်ရောင်းချသူတွေ အနေနဲ့ ယခင်နှစ်တွေလို အရောင်းဝယ် မကောင်းဘဲ အရောင်းအေးနေတယ်လို့ ဖယောင်းတိုင် ထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
Page 1188 of 2318