Published 15 April 2023
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဧပြီ(၁၅)ရက်က ဖျော်ဖြေပွဲနှင့်အတူရေပက်ခံကစားနေကြသည့် မြင်ကွင်း။
#မြန်မာ့သင်္ကြန်၂၀၂၃
#စစ်တွေသင်္ကြန်၂၀၂၃
#YangonMediaGroup
Published_ 15 April 2023
မြန်မာတိုရဲ့ နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်တဲ့မဟာ သင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်တယ်လိုအဓိပ္ပာယ်နဲ့ကျင်းပကြတာဖြစ်သလို ဗုဒ္ဓဘာသာ၀င် သက်ကြီးရွယ်တွေဟာလည်း ၀ိပဿနာတရားထုတ်ကြတဲ့ဓလေ့ ဖြစ်ပါတယ်။
၂၀၂၃ခုနှစ် သင်္ကြန်ကာလမှာလည်း ရန်ကုန်မြိုမှာရှိတဲ့ ဗုဒ္ဓဘာသာ၀င်များအတွက် တရားစခန်းများဖွင့်လှစ်ထားပြီး သက်ကြီးရွယ်အိုများနှင့်ဘာသာတရားကိုင်းရှိုင်းသူတွေဟာ ငြိမ်းချမ်းစွာတရားအားထုတ်နေကြတာတွေ့ကြရပါတယ်။
#ရန်ကုန်သင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
#YangonMediaGroup
Published_ 15 April 2023
ဧပြီ၁၅ရက်နေ့င်္သကြန်အကြတ်နေ့မှာရန်ကုန်မြိုတွင်အဓိကမဏ္ဍပ်များဖြစ်တဲ့မြိုတော်ဝန်မဏ္ဍနှင့်ပြည်သူရင်ပြင်ရေကစားမဏ္ဍပ်တွေရဲ့
လမ်းလျောက်သင်္ကြန်နေရာတွေမှာရေကစားသူများပြားလျက်ရှိပါတယ်။
မြိုနယ်အလိုက်ရေကစားမဏ္ဍပ်များဖွင့်လှစ်ထားပေမယ့် င်္သကြန်ရေကစားသူ အများစုကလမ်းလျောက်င်္သကြန်များကိုသာလာရောက်ရေကစားနေကြပါတယ်။
မြိုတော်ဝန်မဏ္ဍပ်အနီးလမ်းလျောက်င်္သကြန်မှာတော့မိသားစုအလိုက်ရေကစားသူများပြားပေမယ့် ဖျော်ဖြေရေးအစီအစဉ်ကို ကြည့်ရှုသူဟာ ပြည်သူ့ရင်ပြင်လောက်များပြားတာမတွေ့ရပါဘူး။
-ymg/yanaing
#ရန်ကုန်သင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
#YangonMediaGroup
#MyanmarNews
Published 15 April 2023
အင်းလေး ရေပေါ်သင်္ကြန် အကြတ်နေ့မြင်ကွင်းများကိုစုစည်းတင်ပြပေးပါတယ်။
#Yangon_Media_Group
#အင်းလေးသင်္ကြန်
#မြန်မာသင်္ကြန်
Published -15 April 2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် ယနေ့နံနက်ပိုင်း မဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်က ကလေးသူငယ်များ အပါ အဝင် ပြည်သူများရေကစားနေစဉ် Drop Bomb ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ နံနက် ၉ နာရီ ခွဲခန့်က အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ယင်းဒဏ်ရာရသူများအား
လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းသိရသည်။
ယင်းသို့ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ ရေကစားနေသည့်နေရာကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်း နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်း ဖြစ်သည့်အတွက် ကျူးလွန်ခဲ့သူများအားအမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
Yangon_Media_Group
#Local_News
Published_ 15 April 2023
ရခိုင်ပြည်နယ်ဂွမြို့နယ် ကျိန္တလီဒေကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှုဧရိယာအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးအသင်းမှ ကမ်းခြေများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသောပင်လယ်လိပ်များမှာ ပေါက်ပွားသည့် လိပ်သားပေါက် ၇၅ ကောင်ကို ဧပြီလ ၁၅ ရက် ယနေ့တွင် ပင်လယ်ရေထဲသို့ ထပ်မံ လွှတ်ပေးခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ က သိရသည်။
လိပ်ကျင်းများကို သဘာဝအတိုင်းပေါက်ဖွားနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လူရောက်သည့်နေရာ ဒီရေရောက်သည့်နေရာများမှ လိပ်ကျင်းများကို စိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့စနစ်ဖြင့် သားဖောက်ပေးနေရာမှ ပေါက်လာသည့် လိပ်သားပေါက်များကို လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ အနေဖြင့် ကျေးရွာများအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်အတွင်း စောင့်ရှာထားသည့် လိပ်ကျင်း ၁၁ ခုထဲမှ ပြီးခဲ့သည့်ဧပြီလ ၈ ရက်ကလည်း လိပ်သားပေါက် ၁၄၅ ကောင်ကို ပင်လယ်ထဲသို့ လွှတ်ပေးခဲ့သေးသည်။
Photo-KIFCA
#ymg/mt
#Local_News #ကျိန္တလီကမ်းခြေ #ပင်လယ်ထဲသို့လိပ်သားပေါက်၇၅ကောင်ထပ်မံလွှတ်ပေး
#YMG #Yangon_Media_Group
#Myanmar_News
Published_ 15 April 2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ဧပြီ ၁၃ ရက်နေ့မှ စတင်ပြိး မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို စတင်ဆင်နွှဲနေကြရာ ကော့သောင်းမြို့နယ်၏မဟာသင်္ကြန်ဗဟိုဆုပေးမဏ္ဍပ်တွင်နေ့စဉ် နံနက်ပိုင်းမှစတင်၍ နိုင်ငံကျော်တေးသံရှင်များ၊ လှပျိုဖြူယိမ်းအဖွဲ့များမှအလှည့်ကျကပြသီဆိုဖျော်ဖြေလျက်ရှိပါတယ်။
အဆိုပါဗဟိုဆုပေးမဏ္ဍပ်တွင် မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏နေ့စဉ် ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ဒေသခံတွေလာရောက် အားပေးကြည့်ရှုနေကြကြောင်းသိရပါတယ်။
မေဇင်(ကော့သောင်း)
#Myanmar_News ##ကော့သောင်းမဟာသင်္ကြန် # ညစဉ်ယိမ်းအဖွဲ့များယှဉ်ပြိုင်ဖျော်ဖြေ
#YMG #Yangon_Media_Group
Page 1187 of 2062