" GIနဲ့ပတ်သက်တဲ့ လိုအပ်တဲ့အချက်အလက်တွေကိုအဆင်သင့်ပြင်ဆင်ထားပြီးပါပြီ၊ မူပိုင်ခွင့်ဌာနကလျောက်လို့ရပြီဆိုတာနဲ့စလျောက်နိုင်ပါပြီ "
ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံထွက်ကုန်တွေရဲ့ ပထဝီဆိုင်ရာအညွှန်း (Geographical Indentification-GI) စာရင်းမှာ ပါဝင်ခွင့်ရရှိရေးနဲ့ မူပိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်မှုအခြေအနေ ၉၀ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကချင်၊ရှမ်းနှင့် တရုတ်နယ်စပ်ရှိ တိုက်ပွဲရှောင်များ စားနပ်ရိက္ခာဝယ်ရန်ခက်ပြီး စားနပ်ရိက္ခာ ပိုလိုအပ်လာ
"လမ်းတွေပိတ်ထားတာတွေ ရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ စားနပ်ရိက္ခာသွားဝယ်လို့မရဘဲ စားနပ်ရိက္ခာတွေ ပိုလိုအပ်လာတာ ဖြစ်တယ်"လက်ဖက်ညွှန့်အသင်းမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကျင်သီတံတားပျက်စီးမှုကြောင့် ဆေးကုသမည့်လူနာများနဲ့ မွေးလူနာများ သွားလာရေး အခက်ခဲ ဖြစ်ပေါ်နေ
သီပေါ နဲ့ကျောက်မဲကြား ဆက်သွယ်ထားတဲ့ ကျင်သီတံတား ပျက်စီးနေတာကြောင့် မြို့နယ် အတွင်းမှာရှိတဲ့ ဆေးကုသရမယ့်လူနာတွေနဲ့ မွေးလူနာတွေ သွားလာရေး အခက်ခဲဖြစ်ပေါ်နေတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအဖြစ်ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (CI) စာအုပ်၊ ပျောက် ဆုံး ခဲ့ပါက သတ်မှတ်ထားသည့် အထောက်အထား စာရွက်စာတမ်းယူဆောင်၍ သာမန်- မြန်မာနိုင်ငံကူး(PJ)စာအုပ် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဘန်ကောက်မှ ထုတ်ပြန်ကြေညာထားသည်။
CIပျောက်ဆုံးသွားသည့် မြန်မာအလုပ်သမားများအနေဖြင့် အခက်ခဲမဖြစ်စေရေးနှင့်အထောက်အထားခိုင်လုံစွာ ဖြင့် နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမာန်
နိုင်ငံကူးလက်မှတ် ကို စိစစ်ထုတ်ပေးရန်လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ပြီး လျှောက်ထားရာတွင် (CI)စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့်၊ ၎င်း ထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက်၊ ထိုင်းနိုင်ငံဆိုင်ရာ- မြန်မာသံရုံးမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit ၊ နိုင်ငံသားစီစစ်ရေးကဒ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူတို့အား ယူဆောင်၍ ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၀)နှင့်(၁၁၇/၁)တွင် ယာဉ်တစ်စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲလမ်းလယ်ကျွန်း အုတ်တန်းအား ဝင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်း၏သတင်းထုတ်ပြန် ချက်အရ သိရသည်။
နိုဝင်ဘာ ၁၅ရက် နံနက် ၈နာရီ ၄၅ မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၅ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်(၁)စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ များကို ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၄ နိုဝင်ဘာ ၂၀၂၃
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် နစက ကောင်စီအဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai အား ၁၄-၁၁-၂၀၂၃ ရက်နေ့ ၁၀၀၀ နာရီတွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံစဉ် “ပြည်ထောင်စုဝန်ကြီး နှင့် သံအမတ်ကြီးတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည် ရင်နှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း” ဖြင့် နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
၁၄ နိုဝင်ဘာ ၂၀၂၃
၁၄-၁၁-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲဖြစ်စဉ်များနှင့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ ဆရာ၊ဆရာမများနှင့် ကလေးသူငယ်များအား အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီး၍ လူသားတံတိုင်းအဖြစ်ခေါ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်ကို မီဒီယာများသို့ဖြန့်ဝေပေးခဲ့ရာ ယင်းကို မူရင်းအတိုင်းအပြည့်အစုံဖော်ပြပေးပါသည်။
-ymg/knl
Page 1182 of 2423