#Local News
Published_ 16 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် မေလ ၁၆ရက် (ယနေ့ ) မနက် ၁၀နာရီခန့်က YBS(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။
အဆိုပါ YBS ဟာ OMINI FOCUS ကုမ္ပဏီပိုင်ကားဖြစ်ပြီး Foton အမျိုးအစား Aircon ကားဖြစ်ကြောင်းသိရသည်။
မီးလောင်ရသည့်အကြောင်းအရင်းကိုအသေးစိတ်မသိရှိရသေးသော်လည်း ကားနောက်အင်ဂျင်ခန်းကနေ အပူလွန်ကာစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ခရီးသည်တစ်ဦးကပြောသည်။
အဆိုပါYBS အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
မိုခါမုန်တိုင်းကြောင့် လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ခံစားရသော ပြည်သူများအား လိုအပ်သလိုကူညီနိုင်ရန်အတွက် နိုင်ငံတော်သို့ ကျပ်သိန်းပေါင်း ၁၂၆၀၀ ကျော်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလ ၁၅ရက်နေ့က ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင်ကုမ္ပဏီများမှ ကျပ်သိန်းပေါင်း - ၁၂,၆၀၀/ ကျပ် (ကျပ်သိန်းပေါင်း တစ်သောင်းနှစ် ထောင့်ခြောက်ရာကျပ်) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှထုတ်ပြန်ထားသည်။
နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်း သဖြင့် လက်ခံထားပြီးဖြစ်သော်လည်း ရှိပြီးသား ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောဆိုထားသည်။
ယင်းအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ် ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အုတ်နံရံပြိုလဲ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မေလ ၁၄ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များ လဲကျခြင်း၊ သစ်ပင် သစ်ကိုင်း လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးခဲ့ရာတွင်စစ်တွေမြို့နယ်၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ် အုတ်နံရံ ပြိုလဲခြင်းကြောင့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ymg/pl
#Local_News #စစ်တွေမြို့ #ကူညီကယ်ဆယ်ရေးလုပ်ငန်းများ #အုတ်နံရံပြိုလဲ #လုံခြုံရေးတပ်ဖွဲ့ဝင်၃ဦးသေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ဧရာဝတီတိုင်း ၊ လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းအန္တရာယ်မှ လာရောက်ခိုလှုံနေကြသည့် မြစ်ကမ်းနီးစပ် ကျေးရွာများမှ နေထိုင်သူများအနေဖြင့် ယနေ့ (မေ ၁၅ ရက်)နံနက်ပိုင်းတွင် နေရပ်ပြန်ရန် ပြင်ဆင်နေကြောင်း နှလုံးသားကျန်းမာရေး စောင့်ရှောက်မှုအဖွဲထံမှ သိရပါတယ်။
#လပွတ္တာမြို့ #မုန်တိုင်းရှောင်ပြည်သူများ
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီ ဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို ကျဆင်းခဲ့ပြီး၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်းယ နေ့ ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်
#Local_News #စက်သုံးဆီဈေးနှုန်း #အကျဘက်ဆက်လက်တည်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းမတီအနေနဲ့ မေလ ၁၅ ရက်နေ့ကနေ မေလ၂၁ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၄၂၀ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် ငွေကျပ် ၈၀ ခန့်ဈေးနူန်းကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီ #ရည်ညွှန်းဈေးနှုန်း #အပတ်ထက်ဈေးကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 15 May 2023
၁။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံစူဠာမဏိဘုရား ရေဝပ်၍ ရေစုပ်ထုတ်ခြင်းများဆောင်ရွက်ပေးနေ
၂။ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၂၀ သတ်မှတ် အရင်အပတ်ထက် ဈေးကျ
၃။ စက်သုံးဆီဈေးနှုန်း အကျဘက် ဆက်လက်တည်ရှိနေ
၄။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် နီတန်းဒိုး၏ ဇယ်လ်ဒါဂိမ်းစီးရီးအသစ် နောက်ဆုံးမှာထွက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1178 of 2116