‘၂၀၂၃ ထဲမှာ ခရီးသွားပြန်ဝင်နေပြီဖြစ်ပြီး လာမယ့်ပွင့်လင်းရာသီမှာ နိုင်ငံခြားသားခရီးသွားတွေ လာရောက်လည်ပတ်လေ့လာတဲ့အခါမှာ အလွယ်တကူကြည့်ရူလေ့လာနိုင်အောင် ယဉ်ကျေးမှုဇုန်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ မြေပုံတွေကိုစီစဉ်ဆောင်ရွက်ပေးထားတယ်’
ဒေါက်တာသန်းထိုက်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၊ညွှန်ကြားရေးမှူး
Published_ 15 September 2023
#အင်းဝယဉ်ကျေးမှုဇုန် #ရှေးဟောင်းသုတေသန #အမျိုးသားပြတိုက်
#tthl
#Yangon_Times
‘ အရင်တုန်းကလိုGrade10ရောက်မှမြန်မာစာစသင်ပြီး Grade11 ဆယ်တန်းမှာမြန်မာစာတန်းဖြေရတာမျိုး မဟုတ်ဘဲ မြန်မာသင်ရိုးနဲ့သင်ကြားပေးတဲ့ နိုင်ငံတကာကျောင်း International Schoolတွေမှာ မြန်မာစာကိုငယ်စဉ်ကတည်းက သင်ပေးမှာဖြစ်တဲ့အတွက် အခြေခံကောင်းသွားမှာဖြစ်တယ်’ ဦးနေအုပ်၊ နိုင်ငံတကာကျောင်းများအသင်းနာယက
Published_ 15 September 2023
#International School #မြန်မာစာတန်း
#tthl #Yangon_Times
ပြည်ပဝယ်လိုအား ရှိနေပေမယ့် နှမ်းဈေးကွက်မှာ အမြင့်ဈေးမှ အနိမ့်ဈေးကို ထိုးဆင်းလာတဲ့အတွက် နှမ်းစိုက်တောင်သူတွေမှာ ထွက်ရှိသလောက် ရောင်းချခြင်းမရှိဘဲ ဈေးပြန်မြင့် မယ့်အချိန်ကိုစောင့်ကြည့်နေတဲ့ သဘောရှိတယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့အတွင်းရေးမှူး ဦးစိုးလွင်အေးက အခုလိုရှင်းပြပါတယ်။
Published_ 15 September 2023
#နှမ်းစိုက်တောင်သူ #နှမ်းဈေးကွက်
#YMG/LW
#Yangon_Times
Published_ 15 September 2023
#မွန်ပြည်နယ် #မိုးကြီးရေလျှံ
#tthl #Yangon_Times
၁၅ စက်တင်ဘာ ၂၀၂၃
မြန်မာနစကအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်တို့ဟာ နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူပေါင်းဆောင်ရွက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ TASS သတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။
“ ကျွန်တော်တို့ဟာ စွမ်းအင်၊ ငြိမ်းချမ်းသော နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေး၊ လေကြောင်းပျံသန်းရေး၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နည်းပညာ၊ ကမ္ဘာမြေ remote probing အပါအဝင် အာကာသလုပ်ငန်းများ၊ စိုက်ပျိုးရေး၊စားသောက်ကုနလုပ်ငန်းနှင့် ပို့ဆောင်ရေး အခြေခံအဆောက်အဦစတဲ့ နယ်ပယ်တွေမှာ အထူးအလားအလာရှိတာ သတိပြုမိကြပါတယ်။ ပြီးတော့ နှစ်နိုင်ငံ ဗဟိုဘဏ်တွေအပါအဝင် ဘဏ္ဍာရေးနှင့်ဘဏ်စနစ်အခြေခံ အဆောက်အဦတွေ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အထူးတလည် အာရုံစိုက်ဆွေးနွေးခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
“ ပြင်ပအခြေအနေတွေကြောင့် ကုန်သွယ်ရေးအနုတ်အသိမ်းတွေ ကျဆင်းနေရတဲ့ ကုန်သွယ်ရေးနှင့်စီးပွားရေး ပြဿနာတွေကိုလည်း ကျွန်တော်တို့ အတော် အာရုံစိုက်ခဲ့ကြပါတယ်။ အဲဒီဦးတည်မှုကို ပြန်ပြောင်းပစ်ဖို့နှင့် ကောင်းမွန်တဲ့ တိုးတက်မှုတွေအတွက် လုပ်ဆောင်ရမယ့်ကိစ္စတွေလည်း စဉ်းစားခဲ့ကြပါတယ်” လို့ သူကဆက်ပြောပါတယ်။
မြန်မာဝန်ကြီး ဦးသန်းဆွေကလည်း နယ်ပယ်များစွာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖို့ မြန်မာက နည်းလမ်းရှာဖွေနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့ပါတယ်။
“ ပြီးခဲ့တဲ့ ဗလက်ဒီဗိုစတော့ခ် အရှေ့ဖျားစီးပွားရေးဖိုရမ်တုန်းက ရရှိခဲ့တဲ့ရလဒ်တွေကို ထောက်ခံအားပေးဖို့ ကျွန်တော်တို့ကိုယ်စားလှယ် အဖွဲ့ရောက်လာတာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း နယ်ပယ်အားလုံးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖို့ နှစ်ဖက်သဘောထား တူညီမှုတွေ ကျွန်တော်တို့ရှာဖွေပါမယ်” လို့ ဦးသန်းဆွေက ဆက်လက်ပြောဆိုပါတယ်။
လာရော့ဗ်ကလည်း မော်စကိုနှင့်နေပြည်တော်တို့ဟာ အမြင့်ဆုံးအဆင့်အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ယုံကြည်မှုကိုဖော်ပြပြီးပြန်လည်ပြောဆိုခဲ့ပါတယ်လို့သတင်းများမှာဖော်ပြထားပါတယ်။
“ ကုန်သွယ်ရေး၊စီးပွားရေး၊ယဉ်ကျေးမှုနှင်ပညာရေးနယ်ပယ်တွေပါတဲ့ နယ်ပယ်အာလုံးမှာ အလွန်အလုပ်များတဲ့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းနေပါတယ်။ အဆွေတော်ရဲ့ အရှေ့တောင်အာရှအခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ မျက်မှောက် အခြေအနေတွေနှင့်ပတ်သက်လို့ ကျွန်တော်တို့ဆွေးနွေးကြတာ အမြင်ချင်းဖလှယ်တာနှင့် ထောက်ခံချက်ပေးတောတွေ အားလုံး ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်” လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။
#Local_News
Published-15 September 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၁၀၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာလ ၁၅ရက်(ယနေ့) ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁) ရက်မှ (၁၅) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၂) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသ မီး( ၇၀၀)ခန့် ၊ စုစုပေါင်း ဦးရေ (၁၀၀၀ ) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
Wynn Mandalay Trading ကုမ္ပဏီ၏ ဥက္ကဌ ဒေါက်တာသင်ဇာကလည်း Wynn Mandalay Trading Company ကလည်း ဂျပန်နိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်၍ မြန်မာလုပ်သားများကို အလုပ်အကိုင်အခွင့်အလမ်းပေးရန်ဆောင်ရွက်နေပြီး လတ်တလောတွင် အဆိုပါကုမ္ပဏီအနေဖြင့် လတ်တလောတွင် ဂျပန်နိုင်ငံ၌ စက်ရုံတစ်ရုံဝယ်ယူရန်နှင့် စက်ရုံတစ်ရုံငှား၍ ဂျပန်နိုင်ငံရှိနည်းပညာရှင်များကို ခေါ်ယူ၍ မြန်မာလုပ်သားများကို အလုပ်အခွင့်များဖန်တီးပေးရန် လျာထားကြောင်းဆိုသည်။
"လတ်တလောအနေနဲ့က စက်ရုံ တစ်ရုံငှားဖို့လုပ်ထားတယ်။ ပြီးရင် ဂျပန် နည်းပညာရှင်ကိုခေါ်ပြီး ဒီဘက်ကိုပို့လိုက်တဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံမှာထားမယ်။ မြန်မာစားသောက်ဆိုင်လေးတွေဖွင့်မယ်။ မြန်မာ traditional ပစ္စည်းလေးတွေရောင်းချမယ်။ အဓိက ကတော့ ဂျပန်နိုင်ငံရဲ့ FDAလို အသိအမှတ်ပြုတဲ့ လက်မှတ်နဲ့ထုတ်လုပ်မယ်။ ပြီးရင် မြန်မာနိုင်ငံကို ဒီနည်းပညာတွေသယ်ဆောင်လာပြီး ဒီမှာထုတ်လုပ်ဖို့ရည်မှန်းလုပ်ဆောင်နေပါတယ်"ဟု ယင်းကုမ္ပဏီ၏ဥက္ကဌ ဒေါက်တာသင်ဇာမှ ဆိုသည်။
ပြီးခဲ့သည့်ြသဂုတ်လ (၁၆) ရက်မှ (၃၁) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၇၀) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၂၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #ဂျပန်ကုမ္ပဏီ(၃၀၀)ကျော် #မြန်မာအလုပ်သမားခေါ်ယူ
#Yangon_Times/PP
#Local_News
Published-15 September 2023
တောင်ကိုးရီးယားနိုင်ငံတွင် မြန်မာလုပ်သား ၁ဦး အခန်းတွင်အိပ်နေရင်းသေဆုံးမှုဖြစ်ခဲ့ကြောင်း ကိုးရီးယားရောက် မြန်မာများကိုကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သိရသည်။
ကိုးရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဟွာဆောင်မြို့ အုဂျောင်အွတ်ရှိ နေအိမ်တွင် စက်တင်ဘာလ ၁၄ရက် ည၈နာရီ၃၀မိ နစ်အချိန်ခန့်က ကိုရဲထက်အောင်သည် အလုပ်ဆင်းရန် အခန်းတွင်အိပ်နေစဥ် အလုပ်မှပြန်လာကြသည့်သူငယ်ချင်းတစ်စုက ကိုရဲထက်အောင်ကိုလှုပ်နှိုးသည့်အခါ ခန္ဓာကိုယ်ကတောင့်နေပြီး နိုးလာခြင်း မရှိတော့ကြောင်း သိရသည်။
"သေဆုံးသူကိုရဲထက်အောင်ဟာ ကိုးရီးယားသို့ ရောက်ရှိချိန်တစ်နှစ်မပြည့်သေးဘူး။ သေဆုံးသူမှာ ကလေး ၂ဦးရဲ့ ဖခင်ဖြစ်တယ်"ဟု ကိုဇော်မိုးအောင်ထံက သိရသည်။
သို့ဖြစ်ပါ၍ အခန်းရှိ သူငယ်ချင်းများက ၁၁၉ ကို ဖုန်းဆက် အကူအညီတောင်းခဲ့၍ ဟွာဆောင်ရဲစခန်းမှ ရဲဝန်ထမ်းများ ရောက်လာလာကာ ကိုရဲထက်အောင်၏ သေဆုံးမှုကို စစ်ဆေး ဟွာဆောင် အအေးတိုက်သို့ ပို့ဆောင်ပေးလိုက်ကြောင်းသိရပြီး ဟွာဆောင် ရဲစခန်းတာဝန်ရှိ ရဲဝန်ထမ်းများက ကိုရဲထက်အောင်၏ ရုပ်အလောင်းကို ထပ်မံစစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုပါက နာရေး အစီအစဥ်ကို ထပ်မံကြေညာပေးမည်ဟု သိရသည်။
သေဆုံးသူ ကိုရဲထက်အောင်သည် အသက် ၃ဝအရွယ်ရှိပြီး မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် သမန်းတောကျေးရွာ ဦးဝင်းရွှေ၊ ဒေါ်စန်းအေးတို့၏ သားဖြစ်ကြောင်း သိရပြီး ရန်ကုန်မြို့နေ မနှင်းဝေအောင်၏ ခင်ပွန်းဖြစ်ကြောင်းနှင့် ကလေး ၂ဦးရှိကြောင်းလည်း သိရသည်။
#Local_News #တောင်ကိုးရီးယား #မြန်မာလုပ်သား၁ဦးသေဆုံး
#Yangon_Times/PP
Page 1178 of 2318