#Local_News
Published_ 16 May 2023
မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် အစီအစဉ်များစတင်နေပြီဟု UMFCCI Task Forceအဖွဲ့ဝင်ထံမှသိရသည်။
“မုန်တိုင်းဝင်တဲ့အချိန်မှာထိခိုက်တဲ့ဒေသကရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး ။စစ်ကိုင်း၊မကွေးနဲ့တခြားတိုင်းဒေကြီးတွေမှာလည်းထိခိုက်ဆုံးရှုံးမှုတွေရှိတာကြောင့်ဒေသအလိုက် အကူအညီတွေခွဲခြားဖြန့်ဝေသွားမှာပါ”ဟု UMFCCI Task Forceအဖွဲ့ဝင် အဝေးပြေးကုန်တင်ကားအစင်းဥက္ကဌဦးကျင်သိန်းကပြောသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ညီနောင်အသင်းများမှတဆင့်လက်တလောအဆက်အသွယ်များပြန်လည်ပြုလုပ်နေပြီးအကူအညီလိုအပ်သည့်နေရာများကို အဝေးပြေးကုန်တင်အသင်းမှအထောက်အပံများပေးပို့သွားမည်ဟုသိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိမိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ ၊ ဆေးဝါးများလှူဒါန်းပေးနိုင်ရေး၊ စသည့်လက်တလောဆောင်ရွက်နိုင်မည့်အစီအစဉ်များကိုအမြန်ဆုံးဆောင်ရွက်ရန် စီစဉ်နေကြောင်းသိရသည်။
မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်မှ မတ်လ၁၅ရက်နေ့ကဖွဲ့စည်းထားသောUMFCCI Task Force မှ လက်လောမှာ အလှူငွေကျပ်ငွေ၁၃ဘီလီယံကို လိုအပ်တဲ့နေရာတွေမှာအကူအညီပေးအပ်သွားမည်ဟုသိရသည်။
ymg/ppk
#Local_News #ဒေသအလိုက်မတူညီတဲ့အကူအညီ #UMFCCI Task Forceပြော
#YMG #Yangon_Media_Group
#Local_News
Published_16 May 2023
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ဇောတိကအိမ်ရာတွင် ရေခဲသေတ္တာဆိုင်မှ ကွန်ပရဆာ(Compressor)ပေါက်ကွဲ မှုကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း Medicalလူ ငယ်များအသင်းကသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ဇ/မြောက် ရပ်ကွက်၊ ဇောတိက အိမ်ရာရှိ တိုက်ခန်းမြေညီထပ်တွင်ဖွင့်လှစ်ထားသည့် ရေခဲသေတ္တာဆိုင်မှ ကွန်ဗက်ဆာ-လေအိုး- ဂတ်အိုး ပေါက်ကွဲမှု မေလ၁၅ရက် နေ့လယ်၁၂နာရီ၄၅မိနစ်ကဖြစ်ပွားခဲ့ပြီး အမျိုးသား၂ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အရေပြားတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ၂ဦးကို Medicalလူငယ်များအသင်းက မြေပြင်စစ်ဆေးကုသမှုများပြုလုပ်၍ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ရကြောင်း သိရသည်။
#ymg/pl
#Local_News #သင်္ဃန်းကျွန်းမြို့နယ် #ဇောတိကအိမ်ရာ #ကွန်ပရဆာ(Compressor)ပေါက်ကွဲမှု #ဒဏ်ရာပြင်းထန်စွာရရှိ
#YMG #Yangon_Media_Group
#Local_News
Published-16 May2023
ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံး နစ်နာခဲ့ရသူများကို ကူညီပေးနိုင်ရန် အလှူငွေကောက်ခံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအစည်းအရုံး (ဂျပန်နှင့်) ရခိုင်အသင်း (ကိုးရီးယား)တို့မှ အသီးသီးထုတ်ပြန်ထားသည်။
မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့် တပြေးညီ ကူညီနိုင်ရန်အတွက် ရခိုင်အမျိုးသားအသင်း (ကိုးရီးယား)မှ အလှူငွေများ ကောက်ခံပြီး လေဘေးသင့် ပြည်သူများကို လှူဒါန်း သွားမည်ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံကိုရောက်ရှိနေကြသူရခိုင်လူမျိုးများနှင့်လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်းနှိုးဆော်ထားသည်။
ထို့အပြင် ရက္ခိုင်အစည်းအရုံး(ဂျပန်)မှလည်း မတည်ငွေ ယန်း သောင်း (၃၀) လှူဒါန်းရန် စီစဉ်ထားပြီး ဂျပန် ရောက် ရခိုင်များနှင့် တခြားလှူဒါန်းလိုသူများ အနေဖြင့်လည်း ရက္ခိုင်အစည်းအရုံး (ဂျပန်)နှင့် အတူ လူသား ချင်းစာနာထောက်ထားသည့် အနေဖြင့် ပူးပေါင်း ပါဝင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရခိုင်ပြည်နယ်တွင်မိုခါ ဆိုင်ကလုန်မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အပါအဝင် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ အစရှိသဖြင့် မြို့နယ်များတွင် အပျက်အစီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင် ဓမ္မာရုံပြိုကျ၍ ၁၃ဦးသေဆုံးကြောင်း လူမူကွန်ယက်မှာပြန်နှံ့နေကြောင်းသိရသည်။
ယခင်လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေ၏ လူမူကွန်ယက်စာမျက်နှာမှာတော့ ဒုံးပိုက်ကျေးရွာတွင် သေဆုံးသူ၁၃ဦးရှိပြီး အမျိုးသား ၄ဦး အမျိုး သမီး၉ဦးဖြစ်ကြောင်းဖော်ပြထားသည်။သေဆုံးသူအမျိုးသမီး ၉ဦးထဲတွင် အသက်၇ နှစ်အရွယ်မိန်းကလေး တစ်ဦးပါရှိကြောင်း ပြောဆိုထားသည်။
နစကအစိုးရ၏ မေလ ၁၅ရက်နေ့ကောက်ယူဆဲကနဦးစာရင်းများအရ ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့်ဒေသ(၈)ခုတွင်လူ(၃)ဦးသေဆုံး၊လူနေအိမ်(၈၆၄)လုံးနှင့်တာဝါတိုင်(၇)ခု၊လမ်းမီးတိုင်(၇၁)တိုင်၊အဆောက်အဦ (၁၄၃)ခုထိခိုက်ပျက်စီး၊ရခိုင်(၇)မြို့နယ်နှင့်ချင်း(၁)မြို့နယ်တို့၌စာရင်းကောက်ယူဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၆/အနောက်ရပ်ကွက် ဇဗ္ဗူသီရိ(၄)လမ်းထိပ်တွင် မေလ ၁၅ရက်နေ့ နေ့လည် ၁၂နာရီကျော်ခန့်အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦးလဲကျသေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
အဆိုပါရုပ်အလောင်းကို ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ပြီးခဲ့ရာ ပြင်ပဒါဏ်ရာများမရှိပဲ သေဆုံးနေသော အဆိုပါ အမျိုးသား၏ ရုပ်အလောင်းအားတွေ့ရှိရခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
အဆိုပါသေဆုံးသူအမျိုးသား၏မိသားစုဝင်များကိုဆက်သွယ်၍မရသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးမူတွေပြုလုပ်ခဲ့ကြောင်း အောင်နိုင်သူလူမူကူညီရေးအသင်းမှတာ၀န်ခံက YMG ကိုပြောသည်။
ယင်းရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့်ပင် စံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း အောင်နိုင်သူလူမူကူညီရေးအသင်းမှထုတ်ပြန်ထားပါသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local News
Published_ 16 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် မေလ ၁၆ရက် (ယနေ့ ) မနက် ၁၀နာရီခန့်က YBS(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။
အဆိုပါ YBS ဟာ OMINI FOCUS ကုမ္ပဏီပိုင်ကားဖြစ်ပြီး Foton အမျိုးအစား Aircon ကားဖြစ်ကြောင်းသိရသည်။
မီးလောင်ရသည့်အကြောင်းအရင်းကိုအသေးစိတ်မသိရှိရသေးသော်လည်း ကားနောက်အင်ဂျင်ခန်းကနေ အပူလွန်ကာစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ခရီးသည်တစ်ဦးကပြောသည်။
အဆိုပါYBS အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
မိုခါမုန်တိုင်းကြောင့် လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ခံစားရသော ပြည်သူများအား လိုအပ်သလိုကူညီနိုင်ရန်အတွက် နိုင်ငံတော်သို့ ကျပ်သိန်းပေါင်း ၁၂၆၀၀ ကျော်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလ ၁၅ရက်နေ့က ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင်ကုမ္ပဏီများမှ ကျပ်သိန်းပေါင်း - ၁၂,၆၀၀/ ကျပ် (ကျပ်သိန်းပေါင်း တစ်သောင်းနှစ် ထောင့်ခြောက်ရာကျပ်) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှထုတ်ပြန်ထားသည်။
နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်း သဖြင့် လက်ခံထားပြီးဖြစ်သော်လည်း ရှိပြီးသား ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောဆိုထားသည်။
ယင်းအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ် ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ymg/ynzw
#YMG #Yangon_Media_Group
Page 1177 of 2115