#TV Yangon Times Matters အစီအစဉ်
Published - 26 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာမောင်မောင်တီ
(သင်္ချာဆရာ)နှင့်အတူ
-"ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက စာစသင်ခဲ့တာဖြစ်ပြီး စာသင်သက်နှစ် (၅၀)ပြည့်အတွင်းမှာ တပည့်ပေါင်း သိန်းကျော်နှင့်သင်္ချာဂုဏ်ထူးရှင် (၁၀၀)ခန့်မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း
- စာသင်သက်နှစ် (၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် သင်္ချာမှော်ရုံတောမှာ ..သူယောင်မယ်ပုစ္ဆာ ပွင့်သစ်များနှင့်ပျော်မွေ့နေသော" ကိန်းဂဏန်းကြားက မောင်မောင်တီ" စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV_Yangon_Times_Matters #ဆရာဟိန်းလတ် #သင်္ချာမောင်မောင်တီ #YMG #Yangon_Media_Group
#Local_News
Published_ 26 February 2023
ရန်ကုန်တိုင်းဒေကြီးအတွင်းက ဒလမြို့နယ်ဟာ နွေရာသီကာလ ရောက်ရင် သောက်သုံးရေရှားပါမှုဒဏ်ကို နှစ်စဉ်ခံနေရတာပါ။ နှစ်စဉ်မတ်လကစပြီး မေလကုန်အထိ သောက်ရေသုံးအခက်အခဲဖြစ်ပေါ်တက်ပြီး ပြင်ပရေအလှူရှင်တွေလာရောက်လှူဒါန်းတာတွေရှိပါတယ်။
#Local_News #နွေရာသီ #ဒလမြို့နယ် #ရေရှားပါးမှု #ရေအလှူရှင်
#YMG #Yangon_Media_Group
Published 26 Feb 2023
လာမည့်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲမဲလက်မှတ်အသုံးပြုရန်မလိုဘဲ အီလက်ထရွန်းနစ်မဲပေးစက် (EVM: Electronic Voting Machine) ဖြင့်မဲပေးနိုင်တော့မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၂၆ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးလို့ ယူဆရတဲ့ ကိုရွှေမိုး(UEC)ဟူသည့် ကလောင်ဝှက်နှင့် ရေးသားတဲ့ ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်းနစ်မဲပေးစက်( MEVM)ခေါင်းစဉ်တပ်ဆောင်းပါးတစ်ပုဒ်မှာ အဆိုပါကိစ္စအတည်ပြုရေးသားထားခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အဆိုပါ ဆောင်းပါးအရ လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရွန်းနစ်မဲပေးစနစ်ဖြင့်မဲပေးရန် သေချာသည့် သဘောသက်ဝင်နေပါတယ်။
အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလား ကဲ့သို့သော နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံတို့တွင် မဲပေးစက် (EVMs) များ အပါအဝင် E-voting စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြပြီး အဆိုပါ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြု လျက်ရှိသော အီလက်ထရွန်နစ် မဲပေးစက်များကိုလေ့လာ၍ မြန်မာ နိုင်ငံရှိ မဲဆန္ဒရှင် ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှုအခြေအနေတို့နှင့် အကိုက်ညီဆုံး ဖြစ်သော ဒီဇိုင်းကို တီထွင် ထားခြင်းဖြစ်တယ်လို့လည်း ကိုရွှေမိုး(UEC) ကရေးသားပါတယ်။
မဲပေးခြင်းမစတင်မီ၌ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအနေဖြင့် စမ်းသပ်မဲပေး၍ စက်ကိုစမ်းသပ်နိုင်ပြီး စက်တွင် သိမ်းဆည်းထားသော ရလဒ်များနှင့် မဲပုံးအတွင်း စမ်းသပ်မဲပေးထားသော မဲစက္ကူဖြတ်ပိုင်းများ ကိုက်ညီမှု ရှိ မရှိလည်း စစ်ဆေးနိုင်မည်ဖြစ်တယ်လို့လည်း အဆိုပါဆောင်းပါးမှာရေးသားထားပါတယ်။
ထိုသို့စမ်းသပ်စစ်ဆေးပြီးမှသာ မဲရုံဖွင့်၍ မဲပေးခြင်းစတင်မည်ဖြစ်မယ်လို့လည်းဆိုပါတယ်။
ထို့ပြင် ဘက်ထရီစနစ် အသုံးပြုထား၍ ပြင်ပလျှပ်စစ်ဓာတ်အား လိုအပ်ခြင်းမရှိသဖြင့် ကျေးရွာများ၌ပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မဲရလဒ်များ သိမ်းဆည်း သည့် ထိန်းချုပ်စက်သည် လုံခြုံရေးကြိုးဖြင့် ပိတ်ထားမည့်အပြင် မဲရုံအတွင်းရှိ အများမြင်သာသောနေရာ၌ မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ကိုင်တွယ်အသုံးပြုမည် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မဲပေးစက်တွင် ရွေးကောက်ပွဲဝင် ပါတီ/တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းအပေါ် မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီက ရွေးချယ်မဲပေးလိုက်သည့် အရေအတွက်ကိုသာ မှတ်သားထားမည် ဖြစ်ပြီး မည်သူမည်ဝါက မဲပေးသည်ဆိုသည့်အချက်ကို ထည့်သွင်းထားခြင်းမရှိ၍ မဲဆန္ဒရှင်ပြည်သူတို့၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်လို့လည်း ကိုရွှေမိုး(UEC)က ရေးသားပါတယ်။
မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)သည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်းများပေါ် မူတည်၍ တီထွင်ထားခြင်း ဖြစ်သည်နှင့်အညီ အသုံးပြုရာတွင် လွယ်ကူရိုးရှင်းသော မဲပေးစက်ဖြစ်တယ်လို့လည်းဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးစက်နှင့်ပတ်သက်၍ အများပြည်သူထံသို့ ပညာပေးရေး ဆောင်ရွက်ရာတွင် မီဒီယာများမှတစ်ဆင့် ဆောင်ရွက်ခြင်းအပြင် မဲပေးစက်အား ပြည်သူများအနေဖြင့် လက်တွေ့စမ်းသပ်အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် သွားမယ်လို့လည်းဆောင်းပါးရှင်ကပြောပါတယ်။
အဲဒီအပြင် မဲပေးစက်အသုံး ပြု၍ မဲပေးနိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး မဲပေးစက်ဖြင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ စမ်းသပ်မဲပေးခြင်းများ အစရှိသည့် နည်းလမ်းများကို သက်ဆိုင်ရာလွှတ်တော် ဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းပြင်ဆင်သွားမည် ဖြစ်ကာ မဲရုံမှူးလက်စွဲများတွင်လည်း အသေးစိတ် ထည့်သွင်းသွားမယ်လို့လည်း ဆောင်းပါးအရသိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အဆိုပါမဲပေးစက်အသုံးပြုပုံများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ယခုနှစ် ဖေဖော်ဝါရီ(၉)ရက်နေ့က သွားရောက်ရှင်းလင်းပြသခဲ့ကြတယ်လို့ နစကပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
YMG/knl
#မြန်မာအီလက်ထရွန်းမဲပေးစက်
#မြန်မာရွေးကောက်ပွဲ
#မြန်မာနိုင်ငံရေး
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published - 26 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာမောင်မောင်တီ
(သင်္ချာဆရာ)နှင့်အတူ
-"ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက စာစသင်ခဲ့တာဖြစ်ပြီး စာသင်သက်နှစ် (၅၀)ပြည့်အတွင်းမှာ တပည့်ပေါင်း သိန်းကျော်နှင့်သင်္ချာဂုဏ်ထူးရှင် (၁၀၀)ခန့်မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း
- စာသင်သက်နှစ် (၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် သင်္ချာမှော်ရုံတောမှာ ..သူယောင်မယ်ပုစ္ဆာ ပွင့်သစ်များနှင့်ပျော်မွေ့နေသော" ကိန်းဂဏန်းကြားက မောင်မောင်တီ" စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV_Yangon_Times_Matters #ဆရာဟိန်းလတ် #သင်္ချာမောင်မောင်တီ #YMG #Yangon_Media_Group
#Local_News
Published_ 26 February 2023
ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြုပြင်တာ၊ တည်ဆောက်တာတွေဆောင်ရွက်နေစဉ်အချိန်တွေမှာ မြို့နယ်(၅)ခုရဲ့နေရာအချို့မှာ လျှပ်စစ်မီးတွေ ယာယီပြတ်တောက်နိုင်တယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရပါတယ်၊၊
#Local_News #ဓာတ်အားလိုင်း #တည်ဆောက်နေစဉ် #လျှပ်စစ်မီးပြတ်တောက် #YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 26 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာမောင်မောင်တီ
(သင်္ချာဆရာ)နှင့်အတူ
-"ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက စာစသင်ခဲ့တာဖြစ်ပြီး စာသင်သက်နှစ် (၅၀)ပြည့်အတွင်းမှာ တပည့်ပေါင်း သိန်းကျော်နှင့်သင်္ချာဂုဏ်ထူးရှင် (၁၀၀)ခန့်မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း
- စာသင်သက်နှစ် (၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် သင်္ချာမှော်ရုံတောမှာ ..သူယောင်မယ်ပုစ္ဆာ ပွင့်သစ်များနှင့်ပျော်မွေ့နေသော" ကိန်းဂဏန်းကြားက မောင်မောင်တီ" စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV_Yangon_Times_Matters #ဆရာဟိန်းလတ် #သင်္ချာမောင်မောင်တီ #YMG #Yangon_Media_Group
Published 26 Feb 2023
ပြည်ပနိုင်ငံတွေမှာရှိကြတဲ့ မြန်မာသံရုံးတွေနှင့် ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ စီးပွားရေးသံမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ဝန်ကြီးဌာနတွေက အရာထမ်း (၁၆)ဦးကို ခန့်အပ်လိုက်တယ်လို့ ဇန်နဝါရီ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်တဲ့ နစက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၂၃ အရသိရပါတယ်။
စီး/ကူးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လက်မှတ်ရေထိုးထုတ်ပြန်တဲ့ အဆိုပါ စီးပွားရေးသံမှူးများခန့်အပ်တာဝန်ပေးတဲ့ အမိန့်မှာ စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာန၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အရာရှိကြီး (၁၆)ဦးပါဝင်ပါတယ်။
ခန့်အပ်ခံရတဲ့ စီးပွားရေးသံမှူးများမှာ အဆိုပါ ဝန်ကြီးဌာန (၅)ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဦးစီးအရာရှိအဆင့်(၁)ဦး၊လက်ထောက်ညွှန်ကြားရေးမှူးအဆင့် (၆)ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်(၉)ဦးတို့ပါဝင်ကြတယ်လို့ အမိန့်ကြော်ငြာစာတွင်ဖော်ပြထားပါတယ်။
ယင်းစီးပွားရေးသံမှူး (၁၆)ဦးသည် ပြည်ပ(၁၂)နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ဗီယက်နမ်၊ဖိလစ်ပိုင်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်၊အိန္ဒိယ၊ တောင်ကိုရီးယား၊တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ရုရှားဖက်ဒရေးရှင်းစင်္ကာပူနှင့်ထိုင်းနိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။
အဆိုပါစီးပွားရေးသံမှူးတွေဟာ သက်ဆိုင်ရာ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အဆင့်တူသံတမန်ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် လစာနှင့် နိုင်ငံခြားစရိတ်များအတိုင်း ခံစားခွင့်ပြုကြောင်းလည်းအမိန့်အရသိရပါတယ်။
YMG/knl
#စီးပွားရေးသံမှူး
#မြန်မာစီးပွားရေးသံမှူး
#မြန်မာနိုင်ငံရေး
#မြန်မာစီးပွားရေး
#YangonMediaGroup
#Myanmar_News
Page 1176 of 1973