#Local_News
Published_ 16 September 2023
အခုရက်ပိုင်းအတွင်း စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သောင်ရင်းမြစ်ရေများကြီးမည်ဖြစ်၍ မဒေါက်မြို့၊ပဲခူးမြို့၊ မြဝတီမြို့နေထိုင်သူများ အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။
စစ်တောင်းမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ပဲခူးမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၂)လက်မကျော်နေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
သောင်ရင်းမြစ်သည် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေ အမှတ်တွင်တည်ရှိနိုင်သည်ဟု ဆိုသည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၈)လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
#tthl #Local_News #စစ်တောင်းမြစ် #ပဲခူးမြစ်
#Yangon_Times
#Local_News
Published_ 16 September 2023
ရေနစ်သေဆုံးသော မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရခိုင်လူငယ်ကွန်ပျူတာဆရာကိုနေထိန်ဝင်းကို ယနေ့သဂြိုလ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ ညနေက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာအနီး ချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေချိုးကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနေထိန်ဝင်းမှာ ရခိုင်ပြည်နယ်ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာကဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည့်အပြင် ပညာရေး တက္ကသိုလ်(B.Ed) ကျောင်းဆင်း ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါအလုပ်ထွက်ထားပြီး ဒေသခံလူငယ်များအား ကွန်ပျူတာသင်ကြားပေးနေသူလည်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း၊ ယင်းကိုနေထိန်ဝင်း၏ ရုပ်အလောင်းကိုဇာတိရွာအလယ်ချောင်းကျေးရွာသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
#Local_News #သင်္ချာအိုလံပစ်ပြိုင်ပွဲဒုတိယဆုရှင် #ရခိုင်လူငယ်ကွန်ပျူတာဆရာ #ရေနစ်သေဆုံး #Yangon_Times/PP
မိုးမြေပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က ဝယ်လိုအားမရှိတဲ့အတွက် ကုန်သည်တွေက မြေပဲဖြူ အတောင့်တစ်တင်း ကို ၁၈၀၀၀ ကျပ် မှ ၂၃၀၀၀ကျပ် သာအမြင့်ဆုံးပေးတဲ့ အတွက်အစောပိုင်း ရောင်းချတဲ့ တောင်သူတွေအထိနာခဲ့တယ်လို့ ဆိုပါတယ်။
Published_ 16 September 2023
#မိုးမြေပဲဈေးကွက် #ပြည်တွင်းပြည်ပဝယ်လိုအား #မြေပဲဖြူ
#YMG/LW #Yangon_Times
‘‘ X-Rayစက်အဟောင်းတွေက ခဏခဏချို့ယွင်းလာတာတွေများလာတဲ့အတွက်ကြောင့်မို့ အသစ်ပြန်လဲဖို့ အိတ်ပိတ်တင်ဒါခေါ်ယူပြီးဝယ်ယူတပ်ဆင်သွားမှာဖြစ်တယ်။ X-Ray စက်သစ်(၅)လုံး ဝယ်ယူသွားမယ်’’ ဦးဘိုးသင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်
Published_ 16 September 2023
#X-Ray #စက်အသစ်(၅)လုံးဝယ်ယူ
#tthl #Yangon_Times
#Local_News
Published-16 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းမြို့နယ်တွင် ယာဉ် ၃စီးဆင့်တိုက်မှုဖြစ်ပွားပြီး Taxi ယာဉ်မောင်းအမျိုးသားမှာ ဇက်ကျိုးသည့်အနေအထားဖြင့် သေဆုံးမှုစက်တင်ဘာလ ၁၆ရက်(ယနေ့)ဖြစ်ခဲ့ကြောင်း Medical လူငယ်များအသင်းက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်တစ်နာရီ မထိုးမီအချိန်က (စက်တင်ဘာလ ၁၅ ရက် ညသန်းခေါင်းကျော်) အချိန် သဃ်န်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက် မီးပွိုင့်တွင် အိမ်စီးကားနှင့် Taxi ကားတို့ဝင်တိုက်မိပြီး နောက်ထပ် Taxi တစ်စီးကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၅၀ ကျော်အရွယ် Taxi ယာဉ်မောင်းအမျိုးသား ၁ ဦး အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးမှုဖြစ်ခဲ့၍ သေဆုံးသူ၏ရုပ်အလောင်း (DB)အား သဃ်န်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ PRနံပါတ်(82)ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်းလည်း အဆိုပါအသင်းကသိရသည်။
ယင်းအပြင် အိမ်စီးကားမှာလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Local_News #သဃ်န်းကျွန်း #ယာဉ်၃စီးဆင့်တိုက် #Taxi ယာဉ်မောင်းသေဆုံး
#Yangon_Times/PP
‘‘ နိုင်ငံခြားသားခရီးသွားတွေအတွက် စက်တင်ဘာလအထိ မန္တလေးယဉ်ကျေးမှုဇုန်နဲ့ အင်းဝ၊ ပင်းတယ ယဉ်ကျေးမှုဇုန်ဝင်ကြေး ကျပ်တစ်သောင်း သတ်မှတ်ထားရာမှ လာမယ့်အောက်တိုဘာလမှာတော့ ဇုန်ဝင်ကြေးကျပ်တစ်သောင်းခွဲပြောင်းလဲသတ်မှတ်သွားမှာဖြစ်ပါတယ်’’ ဒေါက်တာသန်းထိုက်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၊ညွှန်ကြားရေးမှူး
Published_ 16 September 2023
#မန္တလေးယဉ်ကျေးမှုဇုန် #အင်းဝယဉ်ကျေးမှုဇုန် #ဝင်ကြေးတိုးကောက်
#tthl #Yangon_Times
#Local_News
Published-16 September 2023
မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်မှု ကတ်စနစ် အသုံးပြုရေးလုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မြန်မာငွေပေးချေမှုအဖွဲ့ (MPU) က MIR Card System ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK) 03: Non-Disclosure Agreement (NDA)ကို လက်မှတ်ရေးထိုးခဲ့ကာ နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ယခုအခါ MPU နှင့် MIR တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
MIR Payment System ကတ် အသုံးပြုပါက အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုအားထားမှုများ လျော့ နည်းလာစေ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူ လျင်မြန်စွာပေး ချေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ် ဝန်းပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တိုက်ရိုက် ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေး ချေနိုင်ရေးဆက်လက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းကို ပြည်တွင်းရှိမည်သည့် ဘဏ်ဖြင့်ဖြစ်စေ ပေးချေမှုဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Local_News #မြန်မာကျပ်ငွေ #ရုရှားရူဘယ် #ကတ်စနစ်အသုံးပြု
#Yangon_Times/PP
Page 1176 of 2318