#Health_Matters
Published - 24 Dec 2022
- အပူပိုင်းဒေသရောဂါတွေဆိုတာ ဘာတွေပါလဲ။ မြန်မာနိုင်ငံလို အပူပိုင်းဇုံဘက်ကျနေတဲ့ နိုင်ငံတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိနေပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 24 December 2022
၁။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိ
၂။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံကျော်ရရှိထား
၃။ လာမယ့်နှစ်တွင် မွန်ပြည်နယ်၌တစ်ပတ်ကိုမျက်စိအတွင်းတိမ်လူနာ(၁၅)ဦး အခမဲ့ခွဲစိတ်ကုသပေးနိုင်တော့မည်
၄။ မြင်းကဲ့သို့တက်စီးနိုင်သည့် ပြင်သစ်မှနွားထီးကြီး အွန်လိုင်းတွင်နာမည်ကြီးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 24 Dec 2022
- ရာသီဥတုနှင့် ရောဂါဖြစ်ပွားပျံ့နှံမှုတွေ ဘယ်လိုဆက်စပ်ပါသလဲ??
#Yangon_Media_Group
1970 ခုနှစ်က ရှမ်းရိုးရာရှမ်းခေါက်ဆွဲအရသာကို မြည်းစမ်းကြည့်နိုင်မယ့် My Hill- PHS ဆိုင်ခွဲသစ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ အလုံမြိုနယ် ပြည်ထောင်စုရိပ်သာလမ်းတွင် ကျင်းပဖွင့်လှစ်ခဲ့ပါတယ်။
#Yangon_Media_Group
#Soezayar
#OperationManager
#MyHill-PHS
#Local_News
Published_ 24 December 2022
Thai Tiger ထိုင်းဘုရင်ဖလားခါးပတ်လုပွဲကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်
တွင် မြန်မာနိုင်ငံသား ကယန်းတိုင်းရင်းသူ ဘရော်နီကာနှင့် ဂရိနိုင်ငံသူတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ယနေ့ ထိုင်းစံတော်ချိန် ညနေ ၆ နာရီအချိန်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ NImibutr အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာနိုင်ငံသား ဘရော်နီကာက ယမန်နေ့ ဒီဇင်ဘာ ၂၃ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ " လာပြီနော အမျိူးတို့ မနက်ဖြန်ထိုင်းစံတော်ချိန် ညနေ ၆ နာရီပါခင်ဗျ။ Thai Fight YouTube ကနေ Live လွင့်မှာ ဖြစ်ပါတယ် စောင့်မျှော်ကြည့်ရှု့အားပေးကြပါနော် ပြီးတစ်ခုလောက်ထပ်တောင်းဆိုပါရစေ ကိုယ်တိုင်လာရောက်အားပေးတဲ့သူအားလုံး ကျွန်တော်ပွဲပြီးတာနဲ့ ထပ်မပြန်သွားဖို့ ထိုင်းဖိုက်က ကျွန်တော်ကိုတောင်းဆိုခိုင်းပါတယ်ခဗျ အားလုံးကိုကျေးဇူးတင်ပါတယ်" ဟု ရေးသားထားသည်။
ဘရော်နီကာအနေဖြင့် Thai Tiger ပွဲစဉ်များကို ပြီးခဲ့သောအောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံဘန်ကောက်၌ ယှဉ်ပြိုင်ထိုးသတ်ကစားခဲ့ရာ ဘရာဇီးနိုင်ငံသူကိုလည်းကောင်း၊ နိုဝင်ဘာလတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သောပွဲ၌ အာဂျင်တီးနားသူကိုလည်းကောင်း အသီးသီးအလဲထိုးယှဉ်ထိုးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ဗိုလ်လုပွဲသို့ရောက်ရှိကာ ယခု ဒီဇင်ဘာလအတွင်း ဂရိနိုင်ငံသူနှင့်ယှဉ်ပြိာင်ထိုးသတ်ရမည်ဖြစ်ပြီး၊ အဆိုပါ Thai Tiger ပွဲတွင် ၂၅ ပွဲ အနိုင်ရှိထားသူတစ်ဦးလည်း ဖြစ်သည်။
#Yangon_Media_Group
#Local_News
Published_ 24 December 2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မမြို့တွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ဖမ်းဆီးရမိထားသော ဆိုင်ကယ်ပါဝါအိတ်ဇော ၃၅၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။
တာချီလိတ်တွင် ဆိုင်ကယ်ပါဝါအိတ်ဇောဖွင့်မောင်းနှင်သူများကို မော်တော်ယာဉ်ဥပဒေအရ တရားစွဲဆိုခဲ့ပြီးနောက် ဖမ်းဆီးရမိသည့် ပါဝါအိတ်ဇောများကို ယနေ့တွင် တာလော့ရပ်ကွက် ခရိုင်စုပေါင်းရုံးအရှေ့တွင် အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
"ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်ပါဝါအိတ်ဇောတွေကို မီးရှို့ဖျက်ဆီးခဲ့တာ မှန်ပါတယ်။ လောလောဆယ် ပြောပေးမယ့်တာဝန်မှူးက ယာဉ်တိုက်မှုတစ်ခုအတွက် သွားရောက်ဆောင်ရွက်နေပါတယ်။ ပြန်လာရင်သတင်းပို့ပေးပါ့မယ်"ဟု ယာဉ်ထိန်းရုံးတာဝန်ခံ ရဲမေတစ်ဦးက ဆိုသည်။
ယနေ့တွင် ဆိုင်ကယ် ပါဝါအိတ်ဇောများကို မီးရှို့ဖျက်ဆီးသည့်အပြင် မြို့တွင်း၌ ဆိုင်ကယ်ဦးထုတ်မပါ မောင်းနှင်သူများအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးကာ" ကြီးမြတ်သောရွှေမြင်း" ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းသည့် ဆိုင်ကယ်ဦးထုပ် အလုံး ၃၀၀ အား အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့သည် ဆိုင်ကယ်မြို့တော်ဟုခေါ်တွင်နိုင်ပြီး၊ ယာဉ်စည်းကမ်း လမ်းဆီးကမ်းဖောက်ဖျက်မှု အများဆုံးမြို့လည်းဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 24 December 2022
အာရှ-ဥရောပရေအောက်ကေဘယ်ဆက်သွယ်ရေးစနစ်သည် ဖျာပုံမြို့ရှိရေအောက်ကေဘယ်စခန်းမှ(၁၁၀)ကီလိုမီတာတွင် ပြတ်တောက်သွားသဖြင့် ပြုပြင်ရေးများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါ ကေဘယ်ဆက်သွယ်ရေးစနစ်သည် နိုင်ငံတကာဆက်သွယ်ရေးဆက်ကြောင်းဖြစ်ပြီး နိုဝင်ဘာ(၅) ရက်က စတင်ပြတ်တောက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၂၀)ရက်မှ ၂၀၂၃ဇန်နဝါရီ(၁)ရက်အထိ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်၊၊
ယင်းပြုပြင်ရေးလုပ်ငန်းများကို ရေအောက်ကေဘယ်ပြုပြင်ရေးသင်္ဘော ASEAN RESTORER ဖြင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သည်၊၊
ပြုပြင်ရေးလုပ်ငန်းများကို မြောက်လတ္တီတွဒ်(၁၅) ဒီဂရီ၊ (၃၇၀၅၉)မိနစ်၊အရှေ့လောင်ဂျီတွဒ် (၀၉၅)ဒီဂရီ ၊ (၄၆၄၃၇)မိနစ်အတွင်းဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများနှောင့်နှေးကြန့်ကြာခြင်း မရှိအောင်ယင်းတည်နေရာများမှ(၄)ကီလိုမီတာပတ်လည်အတွင်း 'ရေကြောင်းသတိပေးချက် 'ထုတ်ပြန်ကြေညာထားပြီး သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း ကျောက်ချနားခြင်း ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းများ မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1175 of 1847