#Local_News
Published_ 24 February 2023
Online စနစ်နဲ့ ပတ်စ်ပို့လျှောက်ထားရာတွင် အသစ်လျှောက်ထားသူများအတွက် ငွေကျပ် ၃၅၀၀၀ နှုန်း ပျောက်ဆုံး/ပျက်ဆီးအတွက် ငွေကျပ် ၇၅၀၀၀ ကျပ်တို့ကို ပေးချေရမှာဖြစ်ပြီး ငွေပေးချေမူအတွက် KBZ pay ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်အားလုံးရဲ့ MPU ကဒ်များနဲ့ငွေပေးချေနိုင်တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News #Online စနစ် # ပတ်စ်ပို့
#YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
ပြည်တွင်းပြည်ပက ရုပ်ရှင်ဇာတ်ကားတွေကို တရားမဝင်ပြသရောင်းချနေတဲ့ အွန်လိုင်းပေါ်က Channel တွေ၊ website တွေ၊ Facebook Page တွေကို အရေးယူဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ရုပ်ရှင်ဇာတ်ကား#YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
ဖေဖော်ဝါရီလ ၂၄ ရက်မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၈၂၂ ဒေါ်လာနဲ့ဈေးဖွင့်လာပြီး ပြည်တွင်းရွှေဈေးဟာလည်း ၂၈ သိန်း ၅ သောင်းအောက်ကို ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #Gold #Business #YMG
#Yangon_Media_Group
#Local_News
Published_ 24 February 2023
မတ်လ ၁ ရက်နေ့ကစပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများကနေတစ်ဆင့်တစ်ဖက်နိုင်ငံကို ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပို့ရောင်းမှုကနေ ရရှိလာတဲ့ နိုင်ငံခြားသုံးငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း အတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News #Rice #Export #ဗဟိုဘဏ်သတ်မှတ်နှုန်း
#YMG #Yangon_Media_Group
#DailyNews
Published_ 24 February 2023
၁။ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှုမှရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်းလဲလှယ်ရမည်
၂။ ကမ္ဘာ့ရွှေဈေး ၁၈၂၂ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြည်တွင်ရွှေဈေးဆက်တိုက်ကျဆင်းနေ
၃။ ရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသရောင်းချနေသည့် Channel များ၊ Website များ၊ Page များကို အရေးယူရန်ရှိဟုဆို
၄။ အန္တာတိကရေခဲပြင်တွင်(၂.၅)ကီလိုမီတာ ရေကူးခတ်ပြီး စံချိန်တင်ခဲ့သည့် ချီလီရေကူးမယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 24 February 2023
အခုရက်ပိုင်းမှာ တနင်္လာဂြိုလ် Moon ရယ်၊ကြာသပတေးဂြိုလ် Jupiter ရယ်၊ သောကြာဂြိုလ် Venus ရယ် ဂြိုဟ်သုံးလုံးတစ်တန်းတည်းကျရောက်ခဲ့တယ်လိုသိရပါတယ်၊၊
#Local_News #ဂြိုဟ်သုံးလုံး
#YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
CB ဘဏ်မှ ငွေကျပ်သိန်းသုံးထောင်ထုတ်ယူပြီး ပြန်အလာတွင် လုယက်သွားမှုတစ်ခု ရန်ကုန်မြို့တွင်း၌ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည်။
ငွေလွှဲလုပ်ငန်းတစ်ခုမှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ယာဉ်မောင်းတို့က ဆာကူရာတာဝါ ရှိ CB ဘဏ်မှ ငွေကျပ်သိန်းသုံးထောင်ကို ထုတ်ယူပြီး ဆာလာအိတ်နှစ်အိတ်ဖြင့် ထည့်၍ ကားဖြင့် သယ်လာစဉ် အထက်ပါအတိုင်း လုယူခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ ကားမှာ ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းအတွင်းသို့ ကွေ့ဝင် မောင်းနှင်ခဲ့ကာ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် အရောက်တွင် လူငါးဦးက ဓားမြှောင်များကိုင်၍ ယာဉ်ပေါ်သို့တက်ကာ မဟာဗန္ဓုလလမ်းအတိုင်း ဆိပ်ကမ်းသာလမ်းထိပ်သို့ မောင်းခိုင်းပြီး အသင့်စောင့်နေသော ကားပေါ်သို့ အဆိုပါ ငွေအိတ် နှစ်အိတ်ကို ရွှေ့ပြောင်း၍ လုယက်ထွက်ပြေးသွာခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt #Local_News #CB bank #YMG #လုယက်သွားမှု
#Yangon_Media_Group
Page 1180 of 1973