မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် သေဆုံးသူတွေအတွက် ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ရာမှာ တစ်ဦးကို ကျပ် ၁၈ သိန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 29 Apirl 2025
#ငလျင်ကြောင့် သေဆုံးခဲ့သူ #ထောက်ပံ့ငွေပေးအပ်
#YMG/SW #Yangon_Times
World Food Program (WFP)က လာမယ့်လတွေမှာ လူဦးရေ ၃၈၀,၀၀၀ ခန့်ကို ထပ်မံအကူအညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ မန္တလေးမြေငလျင်ကြီးတစ်လပြည့်မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 29 Apirl 2025
#WFP #မန္တလေးမြေငလျင်ကြီးတစ်လပြည့်
#YMG/SW #Yangon_Times
'ငလျင်ကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအားရှေးမူမပျက် ပြင်ဆင်ရန် ဆောင်ရွက်နေ'မတ်လ(၂၈)ရက်နေ့မှာ ရစ်ချ်စတာစကေး ၇ဒဿမ ၇ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ အင်းဝ၊ ပင်းယ ၊ ပလိပ် ၊ ကျောက်ဆည်-မက္ခရာ၊ အမရပူရနဲ့ စစ်ကိုင်း/မင်းကွန်ဒေသတွေက ရှေးဟောင်း အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ရှေးမူမပျက်ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
#Local_News
Published 29 Apirl 2025
#ရှေးဟောင်းအဆောက်အအုံ #ရှေးမူမပျက်ပြင်ဆင်နေ
#YMG/NN #Yangon_Times
မန္တလေးမြို့ရှိ မဟာမုနိဘုရားရုပ်ပွားတော်ကို ငလျင်ဒဏ်ခံနိုင်ရေးအတွက် အများပြည်သူအား ဆက်လက်ရွှေချခြင်းမပြုစေဘဲ ရုပ်ပွားတော်ရှိ အဆင်တန်ဆာတွေကို ဝန်ပေါ့အောင်စနစ်တကျဖြုတ်သိမ်းပြီး မှတ်တမ်းတင်ထားရှိဖို့ အပါအဝင် စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 29 Apirl 2025
#မဟာမုနိဘုရားရုပ်ပွားတော် #ရှေးမူမပျက်စီမံချက်ရေးဆွဲ
#YMG/NN #Yangon_Times
#Local_News
Published 29 April 2025
▪️ ငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို ရှိ Sky Villaမှ ကျောက်စိမ်းလက်ကောက်များ ၊ကျောက်အရိုင်းတုံးနှင့်ဖြတ်စများ တွေ့ရှိခဲ့၍ ပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှသိရသည်။
▪️ ဧပြီ ၂၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို၊ Sky Villa အဆောက်အဦ (C) အဆောင်နှင့် (D)အဆောင်တိုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (C)အဆောင်မှ ကျောက်စိမ်းလက်ကောက် ၁၀ ကွင်း ကျောက်အရိုင်းတုံးနှင့်ဖြတ်စများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ကျောက်စိမ်းလက်ကောက် ၁၀ ကွင်း ကျောက်အရိုင်းတုံးနှင့်ဖြတ်စများအားပစ္စည်းလက်ခံလွှပြောင်းရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပိုင်ရှင်ထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 April 2025
▪️ ယနေ့ဧပြီလ ၂၉ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး အပင်ကြီးများလဲကျမှုဖြစ်ပွါးခဲ့သည်။
▪️ ထို့သို့ဖြစ်ပွါးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ ဖို့မြေရပ်ကွက်၊ကျီတော်ရပ်ကွက်များ၌လည်း ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်၀၆ နာရီ၂၄မိနစ်အချိန်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_29 April 2025
▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ဧပြီလ ၂၈ ရက် နံနက် ၇ နာရီအချိန် က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။
▪️ ကျောက်တံခါးဘူတာ မှ ထွက်ခွာလာသော အမှတ်(၉၀၂)အစုန်ကုန် ရထားသည် ရန်ကုန်-မန္တလေး ရထားလမ်း ပိုင်းအတွင်းရှိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် သူဌေးကုန်း ဘူတာအကြား၊ မိုင်တိုင် အမှတ် ၁၀၇/၄-၅ နေရာသို့ ရောက်ရှိချိန် တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အစုန်ရထားလမ်း ထိခိုက်ပျက်စီးနေကြောင်းတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ကျောက်တံခါးဘူတာသို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကျောက်တံခါးနှင့် သူဌေးကုန်းရထားလမ်းပိုင်းကို နံနက် ၇ နာရီ ၂၆ မိနစ် အချိန်တွင်ယာယီပိတ်ထားခဲ့ရကြောင်း မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အစုန်လမ်း၏ အရှေ့ဘက်သံလမ်း၂ ပေခန့် ပြတ်ထွက်ခြင်း၊ အနောက်ဘက်သံလမ်း ၁၅ ပေခန့် ကွေး ကောက် ၍ လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ ပျက်စီးခြင်းတို့အပြင် အခင်းဖြစ်ပွားရာနေရာအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။
▪️ မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေး ဆောင်ရွက်ခဲ့ပြီး နောက် ကျောက်တံခါးနှင့်သူဌေးကုန်း ဘူတာအကြားအစုန်လမ်း၏ သံလမ်းအား လဲလှယ် ခြင်း၊ လမ်းပြုပြင် ခြင်းများကိုဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၈ မိနစ် အချိန်တွင်ပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်း ပြေးဆွဲ ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ် (၁၁)အဆန်အမြန်ရထားသည်နှင့် အမှတ်(၇)အဆန် DEMU အမြန်ရထားတို့ကိုညောင်လေးပင်ဘူတာ၌ အသီးသီးရောက်ရှိရပ်တန့်ထားခဲ့ရပြီး လမ်းပိုင်းစစ်ဆေးပြုပြင်ပြီးစီး၍ နံနက် ၈ နာရီ ၅၇ မိနစ်အချိန်တွင်မှသာ ပြန်လည်ထွက်ခွာပေးနိုင်ခဲ့သဖြင့် လူစီးရထားများ ၁ နာရီခန့်စီ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း(၈၁)ကြိမ်၊ ရထားတံ တား၊သံလမ်းများမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခြင်း(၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း(၁၆)ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 65 of 2022