အာဆီယံ-တရုတ်စင်တာမှ ကြီးမှူး၍ ယခုလ( ၉ )ရက်က ပြုလုပ်တဲ့ “Durian Fest: Bridging with Taste” ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ်ဒူးရင်းပွဲတော်မှာ မြန်မာ့ဒူးရင်းထွက်ကုန်စားဖွယ်ရာများ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 August 2025
#ဒူးရင်းပွဲတော်ပြသ #အာဆီယံ-တရုတ်စင်တာ
#YMG/SW #Yangon_Times
#Local_News
Published 12 August 2025
သံလွင်နှင့်စစ်တောင်းမြစ်ရေ အနည်းငယ်ပြန်လည်ကျဆင်း လာသော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်ရှိမည်ဖြစ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
ဘားအံမြို့ သံလွင်မြစ်ရေ နှင့် မဒေါက်မြို့ စစ်တောင်းမြစ်ရေသည် ယနေ့ ဩဂုတ် ၁၂ ရက်မနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက်မှာ တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကျော်လွန်နေပြီ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ကို ၂ ပေခွဲခန့်ကျော်လွန်နေကြောင်း သိရသည်။
ထိုကြောင့် ဘားအံမြို့နယ် နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ကြရန်လည်း အသိပေးထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ယမာန်နေ့က ရောက်ရှိလာ ကြောင်းသိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD SEALION 07 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရိုက်ကူးရန်အတွက် တရုတ်နိုင်ငံ ကွမ်ရှီး ရုပ်သံရိုက်ကူးရေးအဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့ နံနက်ပိုင်းကရောက်ရှိလာကြောင်း သိရသည်။
▪️ အဆိုပါ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကိုပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံနန်နင်းမြို့ ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားတို့ ပထမဦးဆုံး အကြိမ်ပူးပေါင်း၍ စီစဉ်ရိုက်ကူးကြမည်ဖြစ်ပြီး မဲခေါင်-လန်ချန်း ခြောက်နိုင်ငံတို့ အတူတကွပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြစ်သကဲ့သို့ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ရန်အတွက် စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အဆိုပါရိုက်ကူးရေးအဖွဲ့သည် တရုတ်နိုင်ငံတွင် လုပ်ငန်းထူးချွန်မှုအမြင့် ဆုံးဆုရရှိထားပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် ရိုက်ကူးကြမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့နှင့်လည်း တွေ့ဆုံမေးမြန်း ရိုက်ကူးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသစ်တစ်ခု ဖြစ်ကြောင်းလည်းသိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 11 August 2025
၁။ရန်ကုန်-ပဲခူး DEMU ရထားခရီးစဉ်များထပ်တိုးပြေးဆွဲ
၂။ ဝိုင်စပျစ်စီးပွားဖြစ်စိုက်ပျိုးရန် Contract farming စနစ်ဖြင့်ဆောင်ရွက်နိုင်
၃။အိုင်စီအာရ်စီ၏ မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှုရယူလိုသူများ ဆက်သွယ်နိုင်
၄။ အာဖဂန်မြို့တော်၌မြေအောက်ရေပြတ်လပ်သဖြင့် ရေဝယ်ယူသုံးစွဲနေရပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) နဲ့ဆောင်ရွက်တဲ့ ဆိုလာအသေးစားဓာတ်အားပေးစနစ်နဲ့ရေပေးဝေရေးလုပ်ငန်းပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 11 August 2025
#မဲခေါင်-လန်ချန်း #ဆိုလာအသေးစားဓာတ်အားပေးစနစ်
#YMG/SW #Yangon_Times
#Local_News
Published 11 August 2025
▪️ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးများ ဆက်တိုက်တက်လာခြင်းကြောင့် ပြင်ပရောင်းဈေးတက်လာမည်ကို အိမ်ရှင်မအများစုက စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် ထုတ်ပြန်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၂၈၅ ကျပ် ဖြစ်ကြောင်းသိရသည်။
▪️ “ ရည်ညွန်းဈေးကျရင်သာ ပြင်ပပေါက်ဆေးကမကျတာ တက်ရင် ပြင်ပပေါက်ဈေးကလိုက်တက်တတ်တော့ ပိုတက်လာမှာစိုးရိမ်တာ။ ဆီစာအုပ်နဲ့ ထုတ်တာကမလောက်တော့ အပြင်ကဝယ်ရတဲ့အခါ ပေါက်ဈေးကနှစ်ဆဆိုတော့ များများဝယ်ရတဲ့အခါဆိုမကိုက်ဘူး” ဟု ဒလမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
▪️ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသောစားသုံးဆီများကို သင့်တင့်သော ဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆၂၈၅ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
▪️ အဆိုပါဈေးနှုန်းအရ စားအုန်းဆီရည်ညွန်းဈေးမှာ ယခင်အပတ်ကထက် တစ်ပိသာလျှင် ၄၅ ကျပ် ထပ်မံတက်လာခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 69 of 2149