မြန်မာ - အီဂျစ်နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့မြန်မာ - အီဂျစ် နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှ သိရပါတယ်။
#Local_News
Published 09 August 2025
#မြန်မာအီဂျစ်နှစ်နိုင်ငံ #(MoU)လက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
Myanmar Disability Inclusion Fundက မသန်စွမ်းကလေးငယ်တွေအတွက် ထောက်ပံ့ကြေးပေးအပ်သွားမှာဖြစ်တာကြောင့် အသက် (၁၈) နှစ်အောက် မသန်စွမ်းကလေးတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 09 August 2025
#မသန်စွမ်းကလေး #ထောက်ပံ့ကြေးပေးအပ်
#YMG/SW #Yangon_Times
#Local_News
Published 09 August 2025
▪️ လာမည့် သြဂုတ် ၁၀ ရက်မှ ၁၅ ရက်အတွင်းမုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်မှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အချို့ဒေသများ၌နေရာကွက်၍ မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအနေဖြင့် ထုတ်ပြန်ထားသည်။
▪️ အဆိုပါထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း သြဂုတ် ၁၀ ရက်မှ ၁၅ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း ၊ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန် လိုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#Local_News
Published 09 August 2025
▪️လာမည့်အောက်တိုဘာ(၁)ရက်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဝင်များကိုသာ ရိုက်ကူးခွင့်နှင့်ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ကြေညာချက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးသည် ၁၉၉၆ ရုပ်ရှင်ဥပဒေပြဌာန်းချက်များအရ ရုပ်ရှင်နှ၍့်ဆက်စက်သည့် လုပ်ငန်းလိုင်စင်များ လျှောက်ထားပါက ထောက်ခံချက်ပေးခြင်းနှင့် အများပြည်သူကို ပြသမည့် ရုံတင်ဇာတ်ကားများ၊ဇာတ်တလမ်းတွဲ၊ဗီဒီယိုဇာတ်လမ်း၊တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ဇာတ်လမ်းတို တို့ကို ရိုက်ကူးသည့် အခါ ခွင့်ပေးခြင်း နှင့် ဆင်ဆာကြည့်ရူပေးရန် ဆင်ဆာအဖွဲ့သို့ထောက်ခံတင်ပြပေးခြင်းများကို လုပ်ဆောင်ပေးနေရခြင်းလည်း ဖြစ်ကြောင်း၊အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကာ ရုပ်ရှင်အစည်းရုံးဝင် (သို့မဟုတ်) အစည်းရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင် အတတ်ပညာရှင်များပါဝင်သည့် ရုံတင်ရုံဇာတ်ကား၊ဇာတ်လမ်းတွဲ ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊မှတ်တမ်းရုပ်ရှင်၊ဇာတ်လမ်းတိုများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။
▪️ ထို့အပြင် အစည်းအရုံးအနေဖြင့် အဆိုပါလုပ်ငန်းများကို နိုင်ငံတော်တည်ဆဲဥပဒေများ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖွဲ့စည်းပုံပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရခြင်းဖြစ်ကြောင်း လည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 09 August 2025
▪️တပ်ကုန်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား One Stop Service ဖြင့် ဆောင်ရွက်ပေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှသိရသည်။
▪️အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးခြင်းကို တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက ပြုလုပ်လျှက်ရှိရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
▪️ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများကဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
▪️ထို့နောက် တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးဝင်းအတွင်းရှိ Container House ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
▪️ယင်းနောက် မြို့နယ်ရုံးခန်းများအတွင်းရုံး စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အဆိုပါရုံးခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ စာရွက်စာတမ်းများနှင့် ရုံးပစ္စည်းများ၊ e-ID ဆိုင်ရာစက်ပစ္စည်း ကိရိယာများလုံခြုံမှုရှိစေရေး စစ်ဆေးကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရန်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသွားသူများနှင့် အသက်ပြည့်မီသူများအား ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရန်၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန်နှင့် မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေးလုပ်ငန်းများ၌ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်တို့ကိုမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 09 August 2025
▪️ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကားတွင်းညှပ်မိနေသည့် လူနှစ်ဦးကိုကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
▪️ ဩဂုတ်၈ ရက်နေ့၊ ည ၁၁နာရီ ၁၀မိနစ် အချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သံသုမာလမ်း၊ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၁နာရီ ၂၀ မိနစ်အချိန်တွင် ညပ်နေသော လူနာ(၂)ဦးအား ကယ်ထုတ်ပြီး သုဝဏ္ဏပရဟိတ လူမှုကူညီရေးအသင်းနှင့် ဆန်ရေပရဟိတလူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုတစ်ပတ်အတွက်ရန်ကုန်အထိုင် ဓာတ်ဆီဈေးနှုန်းမြင့်တက်လာပြီးဒီဇယ်ဈေးကတော့ အနည်းငယ်ကျဆင်းလာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 09 August 2025
#ဓာတ်ဆီဒီဇယ် #အနည်းငယ်ကျဆင်း
#YMG/NN #Yangon_Times
Page 71 of 2149