Digital Platform အသုံးပြုပြီးစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရုံးအမှတ် ‒ ၃ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ
ကျင်းပခဲ့ပါတယ်။
#Local_News
Published 08 August 2025
#စားသုံးဆီဖြန့်ဖြူးရေး #Digital_Platform
#YMG/SW #Yangon_Times
သီရိမဂ်လာကမ္ဘာအေး စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲက ကြီးမှူးကျင်းပတဲ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)အခမ်းအနားနဲ့ ဇီဝိတဒါန ငှက်များဘေးမဲ့လွှတ်ပွဲကို ဩဂုတ်လ(၈)ရက် (ဝါခေါင်လပြည့် ) ဒီကနေ့မှာ ရန်ကုန်မြို့ရှိ ကမ္ဘာအေးစေတီတော်မှာ ကျင်းပခဲ့ပါတယ်။
#Local_News
#ကမ္ဘာအေးစေတီတော် #ဇီဝိတဒါနငှက်များဘေးမဲ့လွှတ်ပွဲ
Published 08 August 2025
#YMG/NN #Yangon_Times
#Local_News
Published 08 August 2025
▪️ နိုင်ငံကူးလက်မှတ်(ပတ်စပို့) သက်တမ်းတိုးရက်ချိန်းရရန်အတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်လိုက်သည်။
▪️ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း (၁၄) လကျန်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၏ whatsapp နံပါတ်များဖြစ်သည့် +6581748993 နှင့် +6582468581 သို့ အချက်အလက်များပေးပို့၍ ရက်ချိန်းရယူနိုင်ကြောင်း အသိပေးပြီးဖြစ်သော်လည်း အဆိုပါကြေညာချက်အား မသိရှိသေးသောသူများအပေါ် မြန်မာနိုင်ငံသားအချင်းချင်း စာနာထောက်ထားမှုမရှိဘဲ အခကြေးငွေရယူ၍ ရက်ချိန်းယူပေးခြင်းများရှိနေသေးကြောင်း ကြားသိရသည်ဟု ဖော်ပြထားပြီး ထိုသို့ အခကြေးငွေပေးဆောင်ရမှုများရှိပါက ငွေလက်ခံသူ၏ အမည်၊ ငွေပေးချေထားမှုအထောက်အထား၊ ဖုန်းနံပါတ်များအား သံရုံး၏ whatsapp နံပါတ် +6581748993 နှင့်
▪️ စင်ကာပူရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကိစ္စတစ်ခုတည်းသာ ရက်ချိန်းယူရန်လိုအပ်ပြီး ကျန်ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရက်ချိန်းယူရန်မလိုအပ်ကြောင်း၊အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ သံရုံးဖွင့်ရက်များအတွင်း နံနက် ၉ နာရီခွဲ မှ ၁၂ နာရီအတွင်း လာရောက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 08 August 2025
▪️ အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI) ကမြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက်အမေရိကန်ဒေါ်လာတစ်သိန်း ($100,000)ကိုအင်ဒိုနီးရှားနိုင်ငံသံရုံးမှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ထိုလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံသံရုံးတာဝန်ခံ H.E. M. Arif Hidayatullah က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
▪️ အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်(စန္ဒီပရဆေး)နှင့် တာဝန်ရှိသူများ၊ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၇ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံမှ E sports အသင်းဖြစ်တဲ့ YG Yangon Galactic ဟာ ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲရဲ့ PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။
YG (Yangon Galacticos)အသင်း တွင် အုပ်ချုပ်သူ/နည်းပြ အားကစားသမား စုစုပေါင်း အဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
YG (Yangon Galacticos)အသင်းသည် ဩဂုတ် (၇)ရက် နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့် လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ် နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့ကြောင်း သိရပါတယ်။
YG(Yangon Galacticos) သည် E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု နှင့်အတူ ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ပါ ဆုချီးမြှင့် ခြင်းခံခဲ့ရသည်။
ပြိုင်ပွဲသို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း (၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား (၅၀၀၀)ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/mnn
#Daily_News
Published 07 August 2025
၁။ရွှေတိဂုံဘုရားတွင် ပန်းပေါင်း ၈၄,၀၀၀ ဖြင့် ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပမည်
၂။ တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုး
၃။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း(၁၁၀) ကျော် ဝင်ရောက်
၄။ အစွန်းရောက်ရာသီဥတုအခြေအနေများကြောင့် တောင်ကိုရီးယားစိုက်ပျိုးထွက်ကုန်များဈေးနှုန်းမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 07 August 2025
▪️ ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်က ဖလမ်းဆောင် (RAMA-2) အမြန်လမ်းရှိ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်သည့် ကရိန်းသံဘောင်ပြိုကျမှုတွင် သေဆုံးခဲ့ရသည့် မြန်မာလုပ်သားအတွက် လူမှုဖူလုံရေး အာမခံကြေး ဘတ် (၇) သိန်းခွဲ ကို ကျန်ရစ်သူမိသားစုထံ ယခုလ၅ရက်နေ့ကပေးအပ်ခဲ့ကြောင်းမြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဖြစ်စဉ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးနှင့် ထိုင်းနိုင်ငံသား လုပ်သား (၃) ဦး သေဆုံးခဲ့ပြီးသေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၃) ဦးမှာ ကိုဇင်ကိုအောင်၊ ကိုနေလင်းအောင်နှင့်ကိုထိုက်ဝေယံ တို့ ဖြစ်ကြောင်း၊ ယခု အာမခံကြေးကို MoU စနစ်ဖြင့် လာရောက်ခဲ့သည့် ကိုနိုင်လင်းအောင် အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇၅၂,၅၉၀ ကို သံအရာရှိရုံး ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုကရိန်းသံဘောင်ပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးခန့်ရှိပြီး ၄င်းတို့ထဲတွင် မြန်မာအလုပ်သမား ၁၀ ဦး ထက်မနည်းပါဝင်ကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူများလည်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 73 of 2150