ရန်ကုန်မြို့ရှိ ဒညင်းကုန်း ဟင်းသီး၊ ဟင်းရွက်လက်ကားဈေးက နေ နယ်စုံကိုတစ်ရက်လျှင် ဖရဲတန်ချိန်ထောင်ချီပြီး ပြန်လည်တင်ပို့နေတယ်လို့ ဖရဲ ပွဲရုံတွေက သိရပါတယ်။
#Local_News
Published 24 October 2024
#ဒညင်းကုန်းလက်ကားဈေး #နယ်စုံဖရဲတင်ပို့
#YMG/NN #Yangon_Times
#Local_News
Published 24 October 2024
▪️ ဘီလူးငါးကောင်နှင့်ဆာဒူးကြီးဆေးများအား အနောက်တိုင်းဆေးရောနှောပြီး စံမညီတိုင်းရင်းဆေးဝါးများအဖြစ်သတ်မှတ်ပြီး အများပြည်သူအသုံးမပြုရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးလိုက်ကြောင်း သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နှင့် ဆာဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း သတ်မှတ်ချက် (၁၀) ချက် ပြည့်စုံမှန်ကန်မှုမရှိကြောင်း သိရသည်။
▪️ ထို့အပြင် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေး Sildenafil ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေး ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
မန္တလေးနဲ့ပုဂံဒေသရှိတန်ခိုးကြီး ဘုရား၊ စေတီ၊ ပုထိုး(၂၆)ခုမှာ Touch Screen တွေကို အသုံးပြုပြီး Pagoda Digital Directory သမိုင်းအချက်အလက်နဲ့ဘုရားဖူးလမ်းညွှန်တွေကြည့်ရူနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 24 October 2024
#မန္တလေးနှင့်ပုဂံရှိဘုရားစေတီ #Pagoda_Digital_Directory
#YMG/tthl #Yangon_Times
၂၃ အောက်တိုဘာ ၂၀၂၄
ပြည်ပမှယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြပြီး အန္တရာယ်ရှိသည်ကို သတိထားကြဖို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ယနေ့ အောက်တိုဘာ ၂၃ ရက်မနက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင်ကျင်းပတဲ့ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါအန္တရာယ်များကို ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်မည့်မျက်နှာစာတစ်ခုဖြစ်သည့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ မြန်မာ့မူ၊ မြန်မာ့ဟန်၊မြန်မာ့ယဉ်ကျေးမှု ၊ အနုပညာရပ်များကို ဆက်လက်ပြီး ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါ တယ်။
တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာ ကြီးမားမှု၊ မျိုးရိုးဂုဏ်ရှိန်ထည်ဝါမှု၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုနှင့်ယဉ်ကျေးသိမ်မွေ့ သည့် မြန်မာ့ဂုဏ်ရည်များကို မျိုးဆက်သစ်လူငယ်များအတွင်းစိမ့်ဝင်ပျံ့နှံ့နေပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ပါတယ်။
အခမ်းအနားတွင် ကဏ္ဍအလိုက်ဆုရရှိကြသူများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးအပါအဝင် တက်ရောက်လာကြသည့် ကောင်စီဝင်များ၊ပြည်ထောင်စု ဝန်ကြီးများနှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြပါတယ်။
ညနေပိုင်းတွင်လည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲတစ်ရပ်ကိုပါ ဆက်လက်ကျင်းပခဲ့ ပြီး အဆိုပါအခမ်းအနားသို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများတက်ရောက် ချီးမြှင့်ပြီး ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကော်မတီများမှပုဂ္ဂိုလ်များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ၊နည်းပြများနှင့် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/knl
#Daily_News
Published 23 October 2024
၁။ အင်းလေးဒေသထွက်ကုန်များ သီတင်းကျွတ်ပိတ်ရက်မှစပြီး ရောင်းအားပြန်တက်လာ
၂။ နှစ်လခွဲကျော်အတွင်း ဒေါ်လာသန်း ၃၈၀ ကျော် အပါအဝင် နိုင်ငံခြားငွေသန်းရာချီ ထုတ်ရောင်းပေးထား
၃။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ချင်းအပါအဝင်ဒေသ(၁၂)ခုမိုးများဦးမည်
၄။ ဂေါ်ဖီထုပ်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဂင်မ်ချီပြုလုပ်ရန် ခက်ခဲလာသည့်တောင်ကိုရီးယား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၄-၂၀၂၅ ကြံကြိတ်ခွဲရာသီအတွက် ကြံတစ်တန်ကြမ်းခင်းဈေးကို ကျပ် ၁၇၀,၀၀၀ သတ်မှတ်ပေးဖို့ စိုက်ပျိုးသူတွေက သက်ဆိုင်ရာသကြားစက်ရုံတွေကို တောင်းဆိုဖို့ ဆောင်ရွက်နေကြတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 23 October 2024
#ကြံကြိတ်ခွဲရာသီ #မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း
#YMG/NN #Yangon_Times
#Local_News
Published_23 Oct 2024
▪️ လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မယ်ဟန် ကျေးရွာအုပ်စု ခိုဆန်တန်ကျေးရွာ၌ရှိသော ရိုးရာဆန်အရက်ချက်စက်ရုံသို့ထိမှန်ကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
▪️ ယနေ့နံနက် ၈ နာရီခွဲကျော်ခန့်အချိန်က ဖြစ်ပွားခဲ့သောယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ပေါက်ကွဲမှု၏ကြီးမားကြောင်း၊ MNDAA ကိုးကန့်အထူးဒေသ (၁)မှ မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
▪️ “အဲဒီအရက်ချက်စက်ရုံမှာ MNDAA တွေနေတယ်။ ပြီးတော့ လက်နက်တွေ လှောင်ထားတာရှိတယ်၊ အဲဒီစက်ရုံကို ခိုဆမ်တန် ရိုးရာအရက်စက်ရုံလို့ခေါ်တယ်၊မနက်က ၈ နာရီ ခွဲလောက်ပေါ့၊ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတာ။ ပြီးတော့ ၁၀ နာရီကျော်လောက်မှာတစ်ခါ ဗုံးကြဲတယ်။ ဘယ်ဘက်ကိုထိတယ်ဆိုတာ မကြားရသေးဘူး၊ လားရှိုးမှာမြေပြင်မှာတိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ သူများတွေပြောနေကြတယ်။ သေနတ်နဲ့ အပြန်အလှန်ပစ်တာတွေ ရှိနေတယ်၊ အဲဒါအသံတွေကြားရတာရှိတာ ဟုတ်တယ်”ဟု လားရှိုးဒေသခံတစ်ဦးက YMG ကို ပြောသည်။
▪️ ယမန်နေ့အောက်တိုဘာလ ၂၂ ရက် နံနက်ကလည်း လားရှိုးမြို့တွင် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် ၃ ဦးဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသေးသည်။
▪️ အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အထူးဒေသ(၁)၏ မြို့တော် လောက်ကိုင်မြို့နှင့် ကိုးကန့်ခရိုင် နမ့်ဟူးမြို့နယ်အတွင်း ဗုံးကြဲတိုက်ခဲ့ပြီးနောက် လားရှိုးကို ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
▪️ ယနေ့ အောက်တိုဘာလ ၂၃ ရက်ထိ လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၂၀ ကျော် ရှိပြီဖြစ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Yangon_Times/PP
Page 72 of 1816