#Local_News
Published_ 20 August 2026
■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဧည့်ခန်းမတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
■ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှု၊ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် ကျောက်ခက်နှင့်ရွှေကုက္ကိုလ်တို့ရှိ အဆောက်အအုံများအား မြန်မာနိုင်ငံဘက်မှ အမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးပါတယ်။
■ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် တားဆီးကာကွယ်နှိမ်နင်းလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်း ထိန်းသိမ်းတိုက်ဖျက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးပြောကြားပါတယ်။
■ တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများ၊ သင်တန်းသားများ၊ တပ်မတော် အားကစားအဖွဲ့များ၊ ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group
#YMG/MNN #Yangon_Times