#Local_News
Published 20 August 2026
■ စင်ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဝန်ဆောင်မှုများ လျှောက်ထားရာတွင် အဆင်ပြေစေရေးအတွက် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဩဂုတ်လ၁၉ရက်)တွင်အသိပေးထုတ်ပြန်ထားသည်။
■ အဆိုပါအသိပေးချက်အရ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားသူများနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားနိုင်ကြောင်း သိရသည်။
■ ထို့အပြင် PR အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအတွက်လည်း သက်ဆိုင်ရာ အထောက်အထားများ တင်ပြရမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်ဆိုင်ရာ လျှောက်ထားမှုများကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
■ PE အမျိုးအစား လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ Form ကို ဖြည့်စွက်၍ နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် စင်ကာပူနိုင်ငံတွင် နေထိုင်ခွင့် Student Pass စသည့် အထောက်အထားများကို ပူးတွဲတင်ပြရမည်ဖြစ်သည်။
■ PT အမျိုးအစား လျှောက်ထားသူများအနေဖြင့်လည်း Form နှင့်အတူ နိုင်ငံကူးလက်မှတ်၊ စင်ကာပူနိုင်ငံတွင် နေထိုင်ခွင့်အထောက်အထားများ၊ PR၊ LTVP၊ Dependent Pass စသည့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို တင်ပြရမည်ဖြစ်ပြီး အထောက်အထားများကို PDF ဖိုင်အဖြစ် ပေးပို့ရမည်ဖြစ်သည်။
■ PS အမျိုးအစား လျှောက်ထားသူများအတွက်လည်း သက်ဆိုင်ရာ Form နှင့် နိုင်ငံကူးလက်မှတ်၊ PR/SP/EP/WP စသည့် နေထိုင်ခွင့်အထောက်အထားများ၊ Seafarer's Identification and Record Book နှင့် Myanmar Seafarer's Certificates တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
■ နိုင်ငံကူးလက်မှတ်ဆိုင်ရာ စာရွက်စာတမ်းများကို သက်ဆိုင်ရာ Facebook နှင့် Website များတွင် လွှင့်တင်ပေးထားမည်ဖြစ်သဖြင့် လျှောက်ထားသူများအနေဖြင့် ကြိုတင်စစ်ဆေးနိုင်ကြောင်း သိရသည်။
■ ထို့အပြင် မေးမြန်းစုံစမ်းလိုသည့် လျှောက်ထားသူများအနေဖြင့် သတ်မှတ်ထားသည့် ဆက်သွယ်ရန်လမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပြီး Walk-in လာရောက်လျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သံရုံးက အသိပေးထားသည်။
■ နိုင်ငံကူးလက်မှတ်ဆိုင်ရာ အရေးပေါ်ကိစ္စများနှင့် ကောင်စစ်ဝန်ဆိုင်ရာ မေးမြန်းမှုများအတွက်
■ အဆိုပါစနစ်အရ လျှောက်ထားသူများအနေဖြင့် လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများကို ပြည့်စုံစွာပြင်ဆင်ပြီး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း လျှောက်ထားရန် မြန်မာသံရုံးက အသိပေးထားသည်။
#YMG/SW #Yangon_Times