#Local_News
Published 20 August 2026

■ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်တွင် Tri Star 3 အမည်ရှိ ခရီးသည်တင်အမြန်ရေယာဉ် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရေယာဉ်ပေါ်ပါ လူ ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

■ မီးပြကျွန်း၏ အရှေ့ဘက် ရေမိုင် ၀ ဒသမ ၄ မိုင်ခန့်အကွာတွင် အဆိုပါရေယာဉ် ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

■ ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ရေယာဉ်ကို တွေ့ရှိခဲ့ပြီး ရေယာဉ်အမှုထမ်း ၁ ဦးနှင့် ခရီးသည် ၁၉ ဦး စုစုပေါင်း ၂၀ ဦးကို စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

■ ကယ်ဆယ်ခဲ့သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times