ကိုရီးယားသမ္မတနိုင်ငံမှ ခွင့်ဖြင့်ပြန်လည်ရောက်ရှိလာတဲ့ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေ လိုက်နာရမယ့်စည်းမျဉ်းတွေကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 18 August 2025
#ကိုရီးယားသမ္မတနိုင်ငံ #PJနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ
#YMG/SW #Yangon_Times
#Local_News
Published 18 August 2025
▪️ ဂျာမန်ဖိနပ်ထုတ်လုပ်သူက မြန်မာ့အရပ်အရှည်ဆုံးလူသားအတွက် အထူးချုပ် ဖိနပ်တစ်ရံကို ဂျာမနီသံရုံးမှတဆင့် ယနေ့ ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးသာမက ဘော်လီဘော ကစားသမားတစ်ဦးလည်းဖြစ်သည့် ကိုကောင်းညွှန့်ဝေသည် အရပ် ၂ မီတာကျော် (၇ ပေ ၁ လက်မ)ရှိပြီး ဖိနပ်ဆိုဒ် ၅၂ ဖြစ်ရာ ၎င်းအတွက် သင့်လျော် သော ဖိနပ်ကိုရှာဖွေရာတွင် မလွယ်ကူခဲ့ခြင်းကြောင့် ကိုကောင်းညွန့်ဝေအတွက် ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က စိတ်ကြိုက်ပြုလုပ်ပေးထားသော ဖိနပ်အသစ်တစ်ရံကို ဂျာမနီသံရုံးမှတဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ Georg Wessels သည် ကမ္ဘာတစ်ဝှမ်းလုံးက အရပ်ရှည်သူများအတွက် အရွယ်အစားကြီးသော ဖိနပ်များကို ထုတ်လုပ်ရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရှိ အရပ်ရှည်သူများအတွက် အထူးဖိနပ်များကို ပံ့ပိုးပေးလျက်ရှိပြီး ကိုကောင်းညွန့်ဝေအတွက် ယခုအကြိမ်ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ်အတွက် လူထုအခြေပြုအမှိုက်စီမံခန့်ခွဲမှုသင်တန်းကို ပဲခူးတိုင်းဒေသကြီးမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သန့်မြန်မာအဖွဲအစည်းမှ သိရပါတယ်။
#Local_News
Published 18 August 2025
#အမှိုက်စီမံခန့်ခွဲမှုသင်တန်း #ပဲခူးတိုင်းဒေသကြီးဖွင့်လှစ်သွား
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းတာမွေမြို့နယ်ရှိအလိုတော်ပြည့် ကျောင်းတိုက်မှ စာချနာယကဆရာတော်အရှင် ခေမိဿရ ၊ကံ့ကော်မြိုင်ဘုန်းဘုန်းလေးရဲ့ သက်တော်(၃၃)နှစ်ပြည့်ဝိဇာတမွေးနေ့အလှုတော်မဂ်လာမှာသံဃာ
တော်အပါး(၁၃၀)ကို စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှုကုသိုလ်ပြုခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 18 August 2025
#အရှင်ခေမိဿရဝိဇာတမွေးနေ့အလှူ #ဆွမ်းဆန်စိမ်းလောင်းလှု
#YMG/NN #Yangon_Times
#Local_News
Published 18 August 2025
▪️ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင်ကျင်းပသော ၂၀၂၅ ခုနှစ် တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းမှ စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့ ကြောင်း မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ဩဂုတ်လ၁၅ ရက်မှ ၁၇ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ တိုင်းနှင့်ပြည်နယ်၁၄ခု(ကယားမပါ) အင်အား၃၅၁ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၊ဗန်တိုကျား၅၅ ယောက်နှင့် အမျိုးသမီး ၃၁ဦး စုစုပေါင်း၈၆ဦး၊ဓါး၁-၂ကျား/မ ပေါင်း၇၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
▪️ " တိုင်းနဲ့ပြည်နယ် ၁၄ခုကဝင်ရောက်ယှည်ပြိုင်ကြပြီး ရန်ကုန်တိုင်း ကိုယ်စားပြုအသင်းက ယောက်ကျားလေးရောမိန်းကလေးရော အကုန်ဆုရရှိခဲ့ပါတယ် " ဟု (ကမ္ဘောဇ နန်းတွင်း လိုင်းခူးကါချန့် သိုင်းပြောင်းပြန် ပင်မဆရာကြီး)ဖြစ်သူ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီ နာယကဆရာကြီးဦးကြည်ဝင်းက YMG သို့ပြောသည်။
▪️ အဆိုပါ ဆုပေးပွဲအား သြဂုတ် ၁၇ ရက်ညနေပိုင်းကကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တက်ရောက်ခဲ့ကြောင်း၊
ထိုသို့တက်ရောက်ပြီးနောက် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို စုပေါင်းတံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်း၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှလည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
▪️ ထို့အတူ အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက် အပြပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တစ်ကိုယ် တော် လှံရှည်အပြပြိုင်ပွဲ၊ အမျိုးသားအတွဲလိုက် (၁+၃)ဓားရှည်ဝိုင်းထွက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး(၅၀-၅၅)ကီလို ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၄၅-၄၉)ကီလိုအတိုက်ပြိုင်ပွဲ၊ အမျိုး သား(၄၉-၅၃)ကီလိုအတိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 August 2025
▪️ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ကို မြန်မာဖက်ခြမ်းမှ ယာယီပိတ်လိုက်ကြောင်း သိရသည်။
▪️ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)သည် မြန်မာ – ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီမြို့မှ မဲဆောက်မြို့သို့ဖြတ်သန်းသွားလာရသော တံတားဖြစ်ပြီး လက်ရှိတွင် ထိုင်းဘက်မှ မြန်မာဘက်ခြမ်းသို့ဝင်မည့်ကုန် ကားများလည်း ပိတ်မိနေကြောင်း၊ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားအား ယာယီပိတ်လိုက်သော်လည်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ခရီးများနှင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။
▪️ တံတားယာယီပိတ်ခြင်းမှာ မှန်ကန်ကြောင်း ၊ သို့သော် မည်သည့် အကြောင်းကြောင့် ပိတ်ခြင်းနှင့် မည်သည့်အချိန်တွင်ပြန်လည်ဖွင့်လှစ်မည်ကို မသိရှိရသေးကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
▪️ ထိုသို့ တံတားမပိတ်မီကပင် နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားအနီး မဲဆောက်မြို့ဘက်ခြမ်းတွင် မြန်မာဘက်သို့သွားမည့် ထိုင်းကုန်စည်တင်ကားအစီးရေ ၅၀၀ခန့် ပိတ်မိနေကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 August 2025
▪️ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ အမြင့်ဈေး၌တန်းပြီးငြိမ်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။
▪️ ယနေ့ ဩဂုတ် ၁၈ ရက်မှ ၂၄ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်
ငွေကျပ် ၆၂၈၅ အဖြစ်သတ်မှတ်ထားသည်။
▪️ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းကစတင်မြင့်တက်လာခဲ့ရာ လေးပတ်တာအတွင်း
တစ်ပိဿာကို ကျပ် ၂၃၀ မြင့်တက်လာခဲ့ကြောင်းသိရသည်။
▪️ ထိုသို့မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင်မူ ယခင်အပတ်နှုန်းထားအတိုင်းတစ်ပိဿာလျှင် ၆၂၈၅ ကျပ်အထိသာ ဈေးငြိမ်နေကြောင်း သိရသည်။
▪️ အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
▪️ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 63 of 2149