#Local_News
Published 21 August 2025
▪️ ၂၄နာရီအတွင်း ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့သည့်ရန်ကုန်တွင်အထပ်မြင့်နေပြည်သူအများ စိုးရိမ်မှုမြင့်တက်လာနေသည်။
▪️ ရန်ကုန်မြို့အနီး ယမန်နေ့ညပိုင်းမှ စတင်ကာ ယနေ့ နံနက်ပိုင်းအထိ ငလျင်လေးကြိမ်လှုပ်ခတ်ခဲ့ရာ ယမန်နေ့ည ၇နာရီ၁၆မိနစ်က ကမ္ဘာအေးမြေငလျင်စခန်းမှအနောက်တောင်ဘက် ၅၆ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ည ၁၀နာရီ ၃၄မိနစ် နှင့် ၁၀နာရီ၄၈မိနစ်တို့တွင်လည်း အင်အားရစ်(ခ်)တာစကေး၄.၂အဆင့်ရှိငလျင်များ ရန်ကုန်မြို့အနီး ၅၁မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ " မနေ့က စလှုပ်တာ၄.၈ ကနေ ခုမနက်လှုပ်သွားတာ ၅.၁ဆိုတော့ ငလျင်ကြီးလာမှာလည်းစိုးရိမ်သလို ပင်လယ်ပြင်ဗဟိုပြုတာဆိုတော့ ဆူနာမီလည်းစိုးရိမ်တယ်" ဟု ပုစွန်တောင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
▪️ အဆိုပါမြေငလျင်များ လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယမန်နေ့ည ၇နာရီခန့်နှင့် ယနေ့နံနက် ၉နာရီခန့်တွင် လှုပ်ခတ်သည့်ငလျင်နှစ်ခုကိုသာ သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
▪️ ထိုသို့ထုတ်ပြန်ရာတွင်၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၈)မိနစ်၊ (၀၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်ဟု ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 20 August 2025
၁။ ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့တင်ပို့နိုင်ရေးတံဆိပ်ရရှိရန်ဆောင်ရွက်နေ
၂။ ရနောင်းဆိပ်ကမ်းမှတင်သွင်းရန် သွင်းကုန်လိုင်စင်ဦးစားပေးခွင့်ပြုပေးနေ
၃။ အာဆီယံရုပ်ရှင်ပွဲတော်တွင် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားပြသ
၄။ အိန္ဒိယသို့လာရောက်မည့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ပယ်ပျက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အများပြည်သူသုံးစွဲဖို့ မသင့်တော်တဲ့ တိုင်းရင်းဆေး(၂၆) မျိုးကိုကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#Local_News
Published 20 August 2025
#တိုင်းရင်းဆေး(၂၆)မျိုး #အများပြည်သူသုံးစွဲရန်မသင့်
#YMG/SW #Yangon_Times
ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်မှာ“ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားပါဝင်ပြသခဲ့တယ်လို သိရပါတယ်။
#Local_News
Published 20 August 2025
#ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်း #ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်
#YMG/SW #Yangon_Times
ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းကတစ်ဆင့် သွင်းကုန် တွေကို တင်သွင်းဖို့ သွင်းကုန်လိုင်စင်တွေ ဦးစားပေးခွင့်ပြုပေးနေတယ်လို့
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံက သိရပါတယ် ။
#Local_News
Published 20 August 2025
#ရနောင်း-ကော့သောင်း-ရန်ကုန် #သွင်းကုန်လိုင်စင်
#YMG/NN #Yangon_Times
ပေါ်ဆန်းမွှေးဆန်ကို ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ရေးတံဆိပ်ရရှိဖို့ဆွေးနွေးဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 20 August 2025
#ပေါ်ဆန်းမွှေးဆန် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 20 August 2025
▪️ ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ဒေသ၏ အကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်သူများကိုသာ ရွေးချယ်ကြရန်လိုကြောင်း ပြောကြားသည်။
▪️ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ၂၈ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြင့်သင်တန်းကို ယခုလ ၁၉ ရက် မှ ၂၁ ရက်အထိ ဖွင့်လှစ်နေပြီး စုစုပေါင်း သင်တန်းသားသင်တန်းသူ၂၀၀ဦးတက်ရောက်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 59 of 2149