#Local_News
Published 25 August 2026

■ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးပြီး ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနတို့ ပူးပေါင်း၍ ဖူဆယ်ဒိုင်လူကြီးမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် MFF Basic Futsal Referee Course 2/2026 သင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာစိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလဆန်းမှစတင် လျှောက်ထားနိုင်ပြီဖြစ်‌ကြောင်း သိရသည်။

■ အဆိုပါသင်တန်းကိုရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးသင်တန်းခန်းမ၌ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေး မှာ အခမဲ့ဖြစ်ကြောင်း သိရသည်။

■ သင်တန်းတက်ရောက်သူများသည် အသက် (၁၈) နှစ်ထက်မငယ်ရ၊ အသက် (၃၀) နှစ်ထက် မကြီးရဘဲ အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်ဖြစ်ကာ ကျန်းမာကြံ့ခိုင်ပြီး ပြေးလွှားလှုပ်ရှားနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

■ ထို့အပြင် စိတ်ပါဝင်စားသူများအနေဖြင့်လျှောက်လွှာများကို စက်တင်ဘာ(၁)ရက်နေ့မှစတင် ကာ လက်ခံသွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၈)ရက်နေ့၌လျှောက်လွှာနောက်ဆုံးတင်ရမည် ဖြစ်ကြောင်းသိရသည်။

■ စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းနံပါတ် - ၀၉-၄၄၈၀၄၄၃၁၅ကိုဆက်သွယ်နိုင်ပြီး Viber မှတစ်ဆင့် ဆက်သွယ်လိုပါက ၀၉-၄၀၂၃၀၂၆၄၀ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

#YMG/NN #Yangon_Times