ပြည်တွင်းသို့ ခွင့်နဲ့ပြန်လည်ဝင်ရောက်လာတဲ့ ခွင့်ပြန်လုပ်သားတွေအနေနဲ့ပြည်ပကို ပြန်လည်ထွက်ခွာရာမှာ ထွက်ခွာအမည်ခွင့်စာရင်းမှာ မိမိနာမည်ပါရှိမှသာ ပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ သိရပါတယ်။
#Local_News
Published 08 May 2025
#POEA #နာမည်ပါရှိမှသာပြန်လည်ထွက်ခွာနိုင်
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေသန်း၂၃၀ ကျော် ထပ်မံထုတ်ရောင်းပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးလာပါတယ်။
#Local_News
Published 08 May 2025
#စက်သုံးဆီလုပ်ငန်းရှင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲရန်ကြိုတင်လက်မှတ်တွေကို ဒီကနေ့မှာ စတင်ရောင်းချပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 08 May 2025
#မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ် #ကြိုတင်လက်မှတ်များရောင်းချ
#YMG/NN #Yangon_Times
ဝမ်းနည်းကြေကွဲဖွယ် ငလျှင်ကပ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂျပန်ရိုးရာ ကြိုးကြာရုပ်ခေါက် ဆုတောင်းပွဲကိုလာမယ့် ၁၀ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)မှ သိရပါတယ်။
#Local_News
Published 08 May 2025
#ဂျပန်ရိုးရာကြိုးကြာရုပ်ခေါက် #ဂျပန်ဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
#Local_News
Published 8 May 2025
▪️ မတ်လ (၂၈) တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် လူမှုအသိုက်အဝန်းရှိအများပြည်သူတို့ကို အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ပြီး24/7 ပတ်လုံး ကျန်းမာရေးဆွေးနွေးနိုင်မည့်အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ ကိုဖွင့်လှစ်လိုက်ကြောင်း သိရသည်။
▪️ အဆိုပါ ဖုန်းလိုင်းကိုပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT က ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအစီအစဉ်သည် ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)ရှိ အများပြည်သူတို့အတွက် ကျန်းမာရေးဆွေးနွေးမှုကို ချက်ချင်းနှင့် လက်လှမ်းမီ ပေးအပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
▪️ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကိုသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရာ ယင်းသို့သော အခြေအနေတွင် ယခုအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြင့် ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် အဆိုပါဒေသများရှိ သုံးစွဲသူများအား အရည်အချင်းပြည့်ဝသော ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခမဲ့ဆွေးနွေးတိုင်ပင်နိုင်စေမည် ဖြစ်ပြီး ယခုကဲ့သို့ ခက်ခဲသော ကာလအတွင်း လိုအပ်သော ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ဆေးညွှန်းများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်စေမည် ဖြစ်ေကြာင်း သိရသည်။
▪️ ထိုအခမဲ့ကျန်းမာရေးဆွေးနွေးမှုအစီအစဉ်အတွက် မေလ(၂) ရက်မှစ၍ ငလျင်ဒဏ်သင့်ဒေသများရှိ MPT GSM ဆင်းမ်ကတ် သုံးစွဲသူများသည် ပန်းလှိုင်ဆေးရုံကြီးမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးမှုကို အချိန်မရွေးရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 7 May 2025
▪️ မေလ ၆ ရက်နေ့က မန္တလေးလေဆိပ်တွင် ဖြစ်ပွါးခဲ့သည့် ကိစ္စနှင့်ပတ်သက် ၍မြန်မာအမျိုးသားလေကြောင်းမှ သတင်းထုတ်ပြန်ခဲ့သည်။
▪️ ထုတ်ပြန်ချက်၌ ၆.၅.၂၀၂၅ ရက်နေ့ ၁၈:၃၅ နာရီခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ကြာင်း၊ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
▪️ ထိုသို့ဖြစ်ပွါးခဲ့ခြင်းကြောင့်မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ်တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပြီး ယခု မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 8 May 2025
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်သောကြောင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို မေလ ၁၅ ရက် တွင် ဆင်ယင်ကျင်းပသွားမည် ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထမှ သိရသည်။
▪️ အဆိုပါမင်္ဂလာအခမ်းအနားများကို မေလ ၁၅ ရက် မနက် ၇ နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
▪️ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို ဆင်ယင်ကျင်းပသွားမည် ဖြစ်သောကြောင့် ရွှေသင်္ကန်းအလှူရှင်များ တက်ရောက်ကြရန်လည်း ဖိတ်ကြားထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 54 of 2022