#Local_News
Published 9 May 2025
▪️ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကြက်ကိုအစိမ်းစားပြနေသည့် ဗီဒီဖိုင်မှနတ်ကတော်ကို ကန့်ကွက်ရှုံ့ချပြီး ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူရန်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)၏ ထုတ်ပြန်ထားချက်အရ သိရသည်။
▪️ အဆိုပါ ဖြစ်ရပ်မှာ ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေကန်ကြီးပသပူဇော်ပွဲ၌ ဖြစ်ပြီး နတ်ကတော်ဖြစ်သူ အောင်ကိုမင်း ဆိုသူက ကြက်ကိုအစိမ်းစားပြခဲ့ခြင်း ဖြစ်သည်။
▪️ ထိုပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိ ပြီး ကြက်ကိုအစိမ်းစားပြသည့် ဗီဒီယိုဖိုင်ကိုလည်း Kyaw Soe Moe အမည်ရှိသော ဖေ့ဘွတ်အကောင့်ပိုင်ရှင်မှ ဖော်ပြခဲ့ပြီး ယင်းဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် မျှဝေဖြန့်ချိသူ အများအပြားလည်းရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)မှဗုဒ္ဓတရားတော်နှင့် မလျော်ညီသော ယစ်ပူဇော်ခြင်း အသွင်ဆောင်သည့် သတ္တဝါအရှင်လတ်လတ်အား သွေးစိမ်းရှင်ရှင် ကိုက်ဖြတ်စားသောက်ပြသည့်ဖြစ်ရပ်မှာ စက်ဆုတ်ရွံရှာဖွယ်ဖြစ်ကြောင်း၊ ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော ဒေဝတာ နတ်မင်း အပေါင်းတို့၏ရှေ့၌ ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်အတိဖြစ်ပြီး နတ်မင်းအပေါင်းကို ပူဇော်ပသ ရိုသေကြသည့် (၇)ရက်သားသမီးများမှလည်း အထင်အမြင်လွဲမှားစေသည့် စက်ဆုတ်ရွံရှာဖွယ် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း ယင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းလည်း ထုတ်ပြန်ထားသည်။
▪️ ထို့အပြင် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တိုင်ကြားသူများလည်းရှိနေပြီး ပူဇော်ကပြခဲ့သည့် ဒေဝါပညာရှင်ဖြစ်သူ ဖျာပုံမြို့မှ အောင်ကိုမင်း ဆိုသူကို ကော်မတီ၏လုပ်ထုံးလုပ်နည်းများအရ ဆက်လက် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းလည်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 May 2025
▪️ အမေရိကန်အပါအဝင် နိုင်ငံ ၈ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ Cultural Connection ပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဖော်ပြခဲ့ထားသည်။
▪️ အဆိုပါပွဲကို မေလ ၁၆ ရက်မှ ၂၅ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စု၏ သံရုံးများနှင့် ယဉ်ကျေးမှုစင်တာများ၏ သက်ဆိုင်ရာနိုင်ငံအကြောင်းကို လေ့လာနိုင်ရန် မည်သူမဆိုတံခါးများဖွင့်ထားပြီး ကြိုဆိုနေကြမည်ဖြစ်ကြောင်း ဆိုထားသည်။
▪️ ထို့ကြောင့်စိတ်ပါဝင်စားသူများအနေဖြင့် သံရုံး/စင်တာတစ်ခုခုသို့ဖြစ်စေ သို့မဟုတ် အကုန်လုံးကိုဖြစ်စေ သွားရောက်လည်ပတ်ခဲ့မည်ဆိုပါက တမူထူးခြားသည့် တွေ့ကြုံခံစားမှု၊ ထိတွေ့ဆက်ဆံမှုနှင့် စူးစမ်းလေ့လာခွင့်များကို ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကျင်းပမည့် နေရာအသီးသီးအတွက် နေ့ရက်နှင့် အစီအစဉ် အသေးစိတ်အပါအဝင် နောက်ဆုံးရအချက် အလက်တွေကို သိနိုင်ရန်အတွက် US Embassy Rangoon Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 May 2025
▪️ မန္တလေး ငလျင်ကြောင့် ရပ်ဆိုင်းလိုက်ရသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဇွန်လအတွင်းပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အသိပေးထားသည်။
▪️ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။
▪️ အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 May 2025
▪️ မြေငလျင်ကြောင့် ေခတ္တရပ်နားခဲ့သည့်"Bike Tour"ကို ယခု မေလ (၁၀) ရက်တွင် ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "စက်ဘီးစီးချင်တယ်၊ စက်ဘီးဝယ်ချင်တယ် ဒါပေမယ့် ဘယ်လိုစက်ဘီးအမျိုးအစားက ကိုယ်နှင့်ကိုက်ညီမှန်းမသိ၊ ဘယ်လိုအမျိုးအစားဝယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင်သန့်မြန်မာနဲ့ Prevent Plastics+ တို့ပူးပေါင်းစီစဥ်တဲ့ စက်ဘီးဝယ်ကြမယ်ဆိုတဲ့ Bike Tour လေးမှာပါဝင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ် " ဟု သန့်မြန်မာအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ Bike Tourကိုအင်းစိန်မြို့နယ်၊ နံ့သာကုန်း စက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်း၌ပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါ Bike Tourကိုစက်ဘီးအကြောင်းသိချင်သူ၊ စက်ဘီးစျေးစုံစမ်းလိုသူ၊ စက်ဘီးဝယ်ယူလိုသူ၊ စက်ဘီးစစီးမည့်သူကအစ စက်ဘီးစီးဝါသနာအိုးများအထိ အားလုံးပါဝင်နိုင်ကြောင်း သိရသည်။
▪️ Bike Tour မစတင်ခင် စုရပ်အဖြစ် အင်းစိန်မြို့နယ် Melody Cafe and Foodတွင် လိုက်ပါမည့်သူများအားလုံးအဆိုပါနေ့ နံနက် ၁၀နာရီမတိုင်ခင် တွေ့ဆုံမည်ဖြစ်ပြီးစက်ဘီးနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိ စက်ဘီးပရော်ဖက်ရှင်နယ် ဆရာကိုကျော်ကျော်ထက်မှ ဦးဆောင်ပြီး လိုက်လံပြသရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 May 2025
▪️ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံမှစေတနာရှင်များက အလှူငွေယန်း ၁၅,၀၁၃,၀၀၀နှင့်ယန်း သန်း ၂၀တန်ဖိုးရှိ ပစ္စည်းများလှူဒါန်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရသည်။။
▪️ မတ်လ ၂၈ ရက် (သောကြာနေ့) က မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ် ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့သောများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရာအဆိုပါမြေငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဟောင်း H.E. Mr. Makoto Koga မှ ယန်းငွေ ၅၀၀,၀၀၀ (ယန်းငါးသိန်း) ကို (၂၃-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Sai no Kuni Health and Welfare Cooperative မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် EAINDRA Network Co., Ltd မှ ယန်းငွေ ၁၀၀,၀၀၀ (ယန်း ၁ သိန်း) တို့ကို (၃၀-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Medical Care Planning Co., Ltd မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် Tokyo One Co., Ltd တို့မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) တို့ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ ရှီနာဂါဝါမြို့နယ်အတွင်းရှိ ဂျပန်နိုင်ငံသားစေတနာရှင်များမှ ယန်းငွေ ၄၀,၀၀၀ (ယန်းလေးသောင်း) ကို (၇-၅-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ အသီးသီးလာ ရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ေကြာင်း သိရသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးမေလ (၉) ရက်နေ့အထိ စေတနာရှင်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၁၅,၀၁၃,၀၀၀ (ယန်း တစ်ဆယ့်ငါးသန်း တစ်သောင်းသုံးထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့ေကြာင်း၊AEON 1% Club Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူလူထုအတွက် လှူဒါန်းသော ယန်း ၁၀,၀၀၀,၀၀၀ (ယန်း ၁၀ သန်း) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီးဖြစ်ကြောင်း၊
▪️ ထိုလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 08 May 2025
၁။ ဂျပန်ရိုးရာကြိုးကြာရုပ်ခေါက် ဆုတောင်းပွဲပြုလုပ်မည်
၂။ မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲရန်ကြိုတင်လက်မှတ်များစတင်ရောင်းချ
၃။ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာနှင့်ထိုင်းဘတ်သန်း ၂၃၀ ကျော် ထုတ်ရောင်းမည်
၄။ တရုတ်အင်ဂျင်နီယာများ လုပ်ငန်းအမျိုးမျိုး၌ စက်ရုပ်များကိုချဲ့ထွင်အသုံးချ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းသို့ ခွင့်နဲ့ပြန်လည်ဝင်ရောက်လာတဲ့ ခွင့်ပြန်လုပ်သားတွေအနေနဲ့ပြည်ပကို ပြန်လည်ထွက်ခွာရာမှာ ထွက်ခွာအမည်ခွင့်စာရင်းမှာ မိမိနာမည်ပါရှိမှသာ ပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ သိရပါတယ်။
#Local_News
Published 08 May 2025
#POEA #နာမည်ပါရှိမှသာပြန်လည်ထွက်ခွာနိုင်
#YMG/SW #Yangon_Times
Page 53 of 2022