#Local_News
Published 24 June 2025
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှတိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအေနဖြင့် တိုက်ခန်းနေရာ အတွက် ကိုယ်တိုင် မဲနှိုက်ရမည်ဖြစ်ပြီးယခုလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
▪️ မဲနှိုက်ခွင့်ရရှိသူများကိုလည်း ယနေ့ (ဇွန်လ ၂၄ ရက် )မှစတင်ပြီး တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ကြောင်း၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသော တိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ပြီးဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများအား ရောင်းချပေးရန်အတွက် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းပေးခဲ့ခြင်းဖြစ်ကာလျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်မှ ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
▪️ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမ၌ ဇွန်လ ၂၆ နံနက် ၉ နာရီခွဲတွင် အငြိမ်းစားဝန်ထမ်းများ၊ နေ့လယ် ၁ နာရီတွင် ပြည်သူများနှင့် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 June 2025
▪️ ငလျင်လှုပ်ပြီး သုံးလနီးပါးအကြာအထိ ေ-သဆုံးရုပ်အလောင်းများ ရှာဖွေတွေ့ရှိနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
▪️ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့၊ Sky Villa အဆောက်အဦအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကိုနေ့စဉ်ဆောင်ရွက်လျှက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ Sky Villa အဆောက်အဦ(A) အဆောင်နှင့် (B) အဆောင်တို့အား ယာဉ်ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက် B အဆောင် အခန်းအမှတ် L 9 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအားယနေ့ မနက် ၃၀နာရီခွဲအချိန်၌ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 June 2025
▪️ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ၌ ယနေ့မနက်အစောပိုင်းတွင် ရာဘာမှိုင်းခံရုံမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာနှစ်နာရီကျော်ကြာငြိမ်းသတ်ခဲ့ရ
ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၂၄ရက်နေ့၊ မနက်၂နာရီ ၂၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်နှင့်စွပ္ပနူးကျေးရွာကြားရှိ ရာဘာမှိုင်းခံရုံမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျိုက္ကသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၄ နာရီ၁၄မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 23 June 2025
၁။ စားအုန်းဆီ တစ်ပိဿာ ကျပ်၁၀၀ ကျော် အထိထပ်မံကျဆင်း
၂။ Agro-based Textile industrial Complex တည်ဆောက်မည်
၃။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်လက်မှတ်ရေးထိုး
၄။ စစ်ပွဲပဋိပက္ခကြောင့် တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသောအီရန်အရေအတွက်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 June 2025
▪️ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများအား အာမခံငွေကြေးများ ထုတ်ယူရန် HRD Korea မှ အသိပေးကြေညာထားသည်။
▪️ ကြေညာချက်၌ တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးနောက် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများအနက် ပြည်ပြန်စရိတ် အာမခံကြေးနှင့် လုပ်သက်ဆုကြေးအာမခံကြေး ထုတ်ယူရန် ကျန်ရှိနေသော လုပ်သားများအနေဖြင့် မြန်မာ EPSစင်တာရုံးသို့ ဆက်သွယ်ပေး ရန်လိုအပ်ကြောင်း အသိပေးထားပြီး ၀၉၄၂၆၂၁၇၆၄၈ သို့ မနက် ၉နာရီမှ ညနေ ၅နာရီထိ ဆက်သွယ် နိုင်ကြောင်း၊ မိမိ၏ အမည် ပါရှိ/မပါရှိကို https://eps-mm.tistory.com/m/3တွင် စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ အဆိုပါလင့်ခ်တွင် အမည်များအား အင်္ဂလိပ်အက္ခရာ A မှ Z အထိ အစဉ်အတိုင်း နှင့် ပတ်စ်ပို့နံပါတ် / မွေးသက္ကရာဇ် / ရရှိမည့် အာမခံငွေပမာဏ စသဖြင့် ဖော်ပြပေးထားခြင်း ဖြစ်သောကြောင့် ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် အလုပ်လုပ်ကိုင်ခဲ့သူအားလုံး မိမိ၏ အမည် ရှိ/မရှိဝင်ရောက် စစ်ဆေးပေးနိုင်ကြောင်း၊ ကိုရီးယားတွင် တရားမဝင်နေထိုင်ခဲ့ခြင်းနှင့် မသက်ဆိုင်ဘဲ အာမခံငွေရှိပါက ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြည်ပကနေ တရားမဝင်တင်သွင်းလာတဲ့ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းများဖြစ်တဲ့ ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းရောင်းချစားသုံးတာ မပြုကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကသတိပေးလာပါတယ်။
#Local_News
Published 23 June 2025
#ဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်း #မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ SNEC PV Power EXPO မှာ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်ကုမ္မဏီလီမိတက်နဲ့ GCL System Integration Technology Co., Ltd. (GCL SI) တို့အကြားပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ နားလည်မှုစာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 23 June 2025
#ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် #MOUလက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
Page 57 of 2080