#Daily_News
Published 25 December 2025
၁။ ကျိုင်းတုံရေတံခွန် ပန်းပွဲတော်ကျင်းပနေ
၂။ ပြည်ပသို့ဆန်တင်ပို့မှုမှ နှစ်စဉ်ဒေါ်လာသန်းတစ်ထောင်ခန့်ရရှိနေ
၃။ ဆီတင်သွင်းသည့်ကုမ္ပဏီများအား ဒေါ်လာခုနှစ်သိန်းကျော် ဗဟိုဘဏ်ထုတ်ရောင်းပေး
၄။ အမေရိကန်၏ဖိအားပေးမှုကြောင့်ဗင်နီဇွဲလားများ နေရပ်ပြန်ခက်ခဲလာနေ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 December 2025
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြနန်းစံကျော် ရွှေနန်းတော်နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီဘုရားများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းတွင် မြနန်းစံကျော်ရွှေနန်းတော်ရှိ နန်းဆောင်များ ဆေးသုတ်ခြင်း၊ အမွှမ်းပန်းများ ထိန်းသိမ်းခြင်း၊ မြေနန်းပြာသာဒ်ဆောင်တွင် ယွန်းကြိုးထိုးခြင်း၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူပြုလုပ်ပြသခြင်း၊ ရွှေတိုက်ဆောင်၊ မှန်နန်းဆောင်နှင့် ဘုရင့်အိပ်ခန်းဆောင်ရှိ နန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြနန်းစံကျော် ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်ရှိ ငလျင်ကြောင့် ပျက်စီးသွားသော ပိုက်ကွက်များကို အသစ်ပြန်လဲရန်၊ ဝေါကြီးရိပ်ဝှဲ (ခြင်္သေ့ခံ) ပုံစံတူ ခင်းကျင်းပြသပြီးပါက ဝေါအသုံးပြုသည့်အဆင့်အလိုက် ရှင်းလင်းချက်စာသားအား ပြည့်စုံစွာရေးသားပြသရန်၊ ဝေါအပေါ်ပိုင်းကို သံအသုံးပြုမည်ဆိုပါက သံချေးမတက်သော အောက်ခံဆေးသုတ်လိမ်းပြီး အပေါ်မှသစ်သားများ ကာရံဆောင်ရွက်ရန်၊ ဝေါပေါင်လုံးအရှည်ကို ပုရပိုက်ပါအတိုင်းအတာအတိုင်း ဆောင်ရွက်ရန်၊ ဝေါကြီးရိပ်ဝှဲပုံစံတူပြသပြီးပါက ဘေးတွင် ပွတ်လုံးတိုင်အရံအတား ပြုလုပ်ထားရှိရန်၊ ရွှေတိုက်ဆောင်အုတ်နံရံဆေးများအား ညီညာအောင် ဆေးသုတ်ရန်၊ မှန်နန်းဆောင်တွင် ထားရှိသည့် ထီးတိုင်ဒေါက်အား ဆေးပြန်လည်သုတ်ရန်၊ မှန်နန်းဆောင် အိပ်ဆောင်ခန်းတွင် ပြသထားသည့် ယပ်ရိုးရှည်အား အကြီးပြုလုပ်ပေးရန်နှင့် သလွန်အောက်ခံကတ္တီပါကော်ဇောအား လဲလှယ်သွားရန်မှာကြားသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရွှေနန်းတော်ကျောင်းသို့ ရောက်ရှိပြီး ရှေးဟောင်းသစ်သားဘုန်းတော်ကြီးကျောင်းဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လှေကားငါးစင်း ပြုပြင်ထိန်းသိမ်းမှုများကို ကြည့်ရှုစစ်ဆေးပြီး မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော စူဠာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့အား နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ထိခိုက်ပျက်စီးမှုများကိုလည်းကောင်း၊ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားနှင့် ဂန္ဓကုဋိတိုက်တို့၏ ထိခိုက်ပျက်စီးမှုများကို ဂေါပကအဖွဲ့မှ အများပြည်သူလှူဒါန်းမှုဖြင့် ဆောင်ရွက်နေစဉ် ဘုရားနှင့် ဗုဒ္ဓရုပ်ပွားတော်အကြား ယခင်ကနောင်မင်းသားအုတ်ဂူတည်ရှိသည့်နေရာတွင် ဘုရားပြုပြင်ရန် မြေကျင်းတူးရာမှ ကျင်းအတွင်း၌ အောက်ခံဖန်ကလပ်ပေါ်တွင် အဖုံးပါငွေဖရုံတုံးပုံစံအိုးအတွင်း လူအရိုးအိုးဟု ယူဆရသော အရိုးစအနည်းငယ်နှင့် အံသွားတစ်ချောင်းတို့ကို တွေ့ရှိခဲ့သည့် နေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စန္ဒာမုနိစေတီတော်အား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားသည်။
▪️ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ဝန်ထမ်းအိမ်ရာဖြစ်သည့် ပယ်ပုံတော်ဝင်းသို့ ရောက်ရှိပြီး အမရပူရမြို့နန်းတည် ဘိုးတော်ဘုရားခေါ်ဗဒုံမင်းသည် နိုင်ငံတော်အတွင်း ဒေသဌာနကိုလိုက်၍ လယ်ယာမြေနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဘုရင်မင်းမြတ် ပိုင်ဆိုင်သည့် မြေကို မင်းပယ်နှင့် တိုင်းတာသတ်မှတ်၍ ပြည်သူပြည်သား (ဆင်းရဲသား) များ ပိုင်ဆိုင်သည့် မြေကိုပကတိပယ်ဖြင့် တိုင်းတာသတ်မှတ်သည့် ကျောက်စာရုံများ ထိန်းသိမ်းထားမှုများကို ကြည့်ရှုစစ်ဆေးကာ အောင်ဇေယျရိပ်သာ၊ စစ်ကိုင်းဆောင်၊ ဟံသာဝတီဆောင်၊ မန္တလေးဆောင်၊ ဟန်လင်းဆောင်၊ ဗိဿနိုးဆောင်၊ အမရပူရဆောင်၊ တကောင်းဆောင်၊ သရေခေတ္တရာဆောင်တို့၏ ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကြေးမြင်ကျောင်း ပြန်လည်တည့်မတ်ခြင်း၊ သွပ်အဟောင်းများ ပြန်လည်အစားထိုးပြုပြင်ခြင်းနှင့် ရေတံလျှောက်ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ အက္ကပတ်မြင်းဝန်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မဝတ္ထုငွေများ ကပ်လှူခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်ကျင်းပနေတယ်လို့ ရှမ်းပြည်နယ်(အရှေ့ပိုင်းခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 24 December 2025
#ကျိုင်းတုံမြို့နယ် #ချယ်ရီပန်းပွဲတော်
#YMG/NN #Yangon_Times
#Local_News
Published 24 December 2025
#အစ်မတော်မြနန်းနွယ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် မူကြမ်းကိုရေးဆွဲလုပ်ဆောင်သွားမယ်လို့မြန်မာ_အိန္ဒိယခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 24 December 2025
#မြန်မာ_အိန္ဒိယ
#YMG/SW #Yangon_Times
ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ကို ယနေ့ဒီဇင်ဘာ ၂၄ရက်နေ့ က ရန်ကုန်မြို့၊ Melia Hotel (Grand Ballroom)မှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 24 December 2025
#ဆန် #Melia_Hotel
#YMG/SW #Yangon_Times
#Daily_News
Published 24 December 2025
၁။ မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး လုပ်ငန်းစီမံချက် မူကြမ်းရေးဆွဲမည်
၂။ "အစ်မတော်မြနန်းနွယ်" ၏ (၁၁၉) နှစ်မြောက် မွေးနေ့မင်္ဂလာကျင်းပမည်
၃။ ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်ကျင်းပ
၄။ လေဖြတ်လူနာစိတ်ထဲတွေးတောရုံဖြင့်ဘီးတပ်ကုလားထိုင်နှင့်စက်ရုပ်ခွေးတိုကိုထိန်းချုပ်နိုင်အောင် တရုတ်သုတေသီများတီထွင်ဖန်တီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 57 of 2265