#Local_News
Published 14 May 2025
▪️ ဝန်ထမ်းများ အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မိုးမကျမီ ယာယီရုံးအဆောက်အအုံများ အမြန်တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
▪️ ပြည်ပနိုင်ငံများမှ ပေးပို့လှူဒါန်းသည့် Modular (Prefabricated) Office/House များအနက်မှရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၂၇ တွဲဖြင့် နေပြည်တော် ရွာတော်ဘူတာသို့ Modular (Prefabricated) Office/House စုစုပေါင်းအလုံး ၂၀၀ ထပ်မံရောက်ရှိလာကြောင်း၊ထို Modular (Prefabricated) Office/House အလုံး ၂၀၀ ကို မီးရထားပေါ်မှ ကရိန်းကားများဖြင့် မော်တော်ယာဉ်များပေါ်သို့ စနစ်တကျတင်ဆောင်နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သယ်ယူပို့ဆောင်နေမှုအခြေအနေများ၊ Modular (Prefabricated) Office/ House များ စနစ်တကျနေရာချထားမှုအခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်အတူလိုက်လံစစ်ဆေးပြီး အန္တရာယ်ကင်းရှင်းစွာသယ်ဆောင်နိုင်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ မေလ ၁၃ ရက်တွင် ထပ်မံရောက်ရှိလာသည့် Modular (Prefabricated) Office/House စုစုပေါင်းအလုံး ၂၀၀ အနက် Modular (Prefabricated) Office ၁၆ လုံးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ နှစ်လုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လေးလုံး၊ အလုပ်သမားဝန်ကြီးဌာနသို့ ခြောက်လုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လေးလုံးဖြန့်ဝေပေးပို့မည်ဖြစ်ပြီး Modular (Prefabricated) House ၁၈၄ လုံးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ၁၀၄ လုံး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့အလုံး ၄၀ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလုံး ၄၀ ဖြန့်ဝေပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 May 2025
▪️ ပြီးခဲ့သည့်မတ်လ၂၈ရက်က ဖြစ်ပေါ်ခဲ့သော မန္တလေး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံ ၁၇၀၀ကျော်ကို ဦးစားပေးအဆင့် သုံးဆင့်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ထိခိုက်ခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများနှင့် တန်ခိုးကြီးစေတီပုထိုးများ ထိခိုက်ပျက်စီးမှု၊ ရှေးဟောင်းအဆောက်အအုံများ၏ ပျက်စီးမှုအလိုက် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်မည့် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ထားခြင်းဖြစ်သည်။
▪️ ၎င်းရှေးဟောင်းအဆောက်အအုံ ၁၇၅၂ ခုတွင် ပထမဦးစားပေး အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကြီးမားသော ရှေးဟောင်းအဆောက်အအုံများ၊ ဒုတိယဦးစားပေး အနေဖြင့် တစ်ပိုင်းတစ်စပျက်စီး၍ မူလလက်ရာကျန်ရှိမှုနည်းသော အဆောက်အအုံများ၊ တတိယဦးစားပေး အနေဖြင့်အောက်ခြေပန္နက်မှလွဲ၍ ကျန်အစိတ်အပိုင်းများသည် အသစ်နီးပါး ပြန်လည်ပြုပြင်ထားသော အဆောက်အအုံများအဖြစ် ခွဲခြားသတ်မှတ်ပြီး ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရှေးဟောင်းအဆောက်အအုံများနှင့် အမွေအနှစ်များ ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ငလျင်အသင်းတို့၏ အကြံပြုချက်များရယူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ရေရှည်တည်တံ့အောင် နည်းစနစ်မှန်ကန်စွာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို လည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးအကြီးအကဲ Mr.Ichiro Miyazawa အား ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဒေသအချို့မှာ မေတတိယအပတ်အတွင်းမိုးကြီးနိုင်တာကြောင့် ရေကြီး၊မြေပြိုနိုင်တဲ့အတွက် ကုန်းမြင့်နဲ့ မြစ်ချောင်းအနီးနေသူတွေကိုကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက သတိပေးအကြံပြုထားပါတယ်။
#Local_News
Published 14 May 2025
#ရေကြီးခြင်းနှင့်မြေပြိုခြင်း #သတိပြုရန်မိုးဇလအကြံပြု
#YMG/NN #Yangon_Times
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ကော်ဖီစိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးလာတယ်လို့ ပြင်ဦးလွင်မြို့နယ်ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာနက သိရပါတယ်။
#Local_News
Published 14 May 2025
#ကော်ဖီစိုက်ဧက #တိုးချဲ့စိုက်ပျိုးလာ
#YMG/NN #Yangon_Times
#Local_News
Published 14 May 2025
▪️ စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃.၆၇ သန်းနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံေတာ်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
▪️ အဆိုပါ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်များကိုနိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)မှ တဆင့်ရောင်းချပေးမည်ဖြစ်သော်လည်းသီးခြား နှုန်းထားသတ်မှတ်ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများကို FX Trading Platformမှ တဆင့်ရောင်းချပေးလျှက်ရှိရာ ယခုအကြိမ်သည် မေလအတွင်း တတိယအကြိမ်မြောက်ရောင်းချပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာစုစုပေါင်းအမေရိကန်ဒေါ်လာ၇၁သန်းနှင့် ထိုင်းဘတ်ထိုင်းဘတ်သန်း၂၀၀ကိုရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 May 2025
▪️ ယနေ့မနက်အစောပိုင်း၌ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အပါအဝင် ဒေသသုံးခု၌ မြေငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မေလ ၁၄ရက်နေ့ မနက် ၂ နာရီ ၅၁ မိနစ် ၁၈ စက္ကန့်အချိန်က ပုသိမ်ကြီးမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာ တွင်ဗဟိုချက်တည်နေရာအနက် ၁၀ကီလိုမီတာတွင် အင်အားပမာဏ ၃.၀ ရစ်(ခ်)တာစကေးရှိသည့်မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲမှ အသိပေးထားသည်။
▪️ ထို့အပြင် မနက် ၅ နာရီ ၁၅ မိနစ် ၄၂ စက္ကန့်အချိန်ကလည်း ပုဗ္ဗသီရိမြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာ တွင်ဗဟိုချက်တည်နေရာ
အနက် ၁၉ ကီလိုမီတာတွင် အင်အားပမာဏ ၃.၁ ရစ်(ခ်)တာစကေး သည့်မြေငလျင်ငယ်တစ်ခုထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် နောက်ဆက်တွဲငလျင် အဖြစ် မိတ္ထီလာအရှေ့တောင်ဘက် လှိုင်းတက်အနီး၊ မဂ္ဂနီကျု ၃.၀ မြေအောက်အနက် ၆ မိုင် ရှိသော မြေငလျင်တစ်ခုလည်း ယနေ့မနက် ၆နာရီ ၅ မိနစ်အချိန် ကလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published_14 May 2025
▪️ သုတစွယ်စုံစာပေဆု ဆုရရှိသူများ ဆက်သွယ်သတင်းပို့ကြရန် သက်ဆိုင်ရာက အကြောင်း ကြားထားကြောင်း သိရသည်။
▪️ သုတစွယ်စုံစာပေဆုကို စွယ်စုံမီဒီယာဂရု(ပ်)(SweSone Media Group) က ပေးအပ်နေခြင်းဖြစ်ပြီး ယခုအခါ (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် ဆုချီးမြှင့်သည့်အခမ်းအနားကို မကြာမှ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
▪️ သုတစွယ်စုံစာပေဆုချီးမြှင့်ပွဲအတွက် ဆုရရှိသူများစာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က မေလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာရာတွင် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်၏"ထင်ရှား ထူးချွန်ဆရာဝန်" ၊ အတ္ထုပ္ပတ္တိစာပေ ဘာသာရပ်အတွက် ဗိုလ်အေးမြင့်ကြူ ၏ "ကျွန်တော့်ကိုမမေ့ပါနဲ့"၊ ၂၀၁၉ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် သိန်းထွန်း(မြဝတီ)၏ "တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ" ၊ ၂၀၂၀ ပြည့်နှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ(ပြည်သူ့ကျန်းမာ)၏ "ကျန်းမာခြင်း ဆုလာဘ်"၊ ၂၀၂၁ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ "ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည် အသွေးကိုလေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)"၊ ၂၀၂၂ ခုနှစ်အတွက် ၊ ဘာသာ ပြန်စာပေဘာသာရပ်တွင် နေဇင်လတ် ၏ "စီးပွားဖျက်သူလျှို၏ ဖြောင့်ချက်"၊ စာပဒေသာဘာ သာရပ်တွင် မောင်ခေတ်ထွန်း ၏ "မောင်ခေတ်ထွန်း၏စာ(စိန်ရတုလက်ရွေးစင် စာပေါင်းစု)" ၊ အတ္ထုပ္ပတ္တိစာပေဘာ သာ ရပ်တွင် ဟိန်းလတ်၏ "မြန်မာ့စွမ်းအင်လူချွန်လူကောင်း" ၊ ၂၀၂၃ ခုနှစ်အတွက် စာပဒေသာဘာသာရပ်တွင် ဒေါက်ထွေး(ဆေး/မန်း)၏ "နိပွန်ပြည်တွင်တဒင်္ဂ" ၊ သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ညွန့်ရည် ၏ "အန်ကော ခေတ်ယဉ်ကျေးမှု"၊ အသုံးချသိပ္ပံဘာသာရပ်တွင် ပါမောက္ခဒေါက်တာမြသိန်းဟန် ၏ "ခွဲစိတ်ဆရာဝန်တစ်ဦး၏ဖြောင့်ချက်"စသည့်စာအုပ်များနှင့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုအား ရွေးချယ်လိုက်ကြောင်း သိရသည်။
▪️ တစ်သက်တာ စာပေဆုအတွက် ငွေကျပ် သိန်း ၃၀ နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ကျပ် ၁၅ သိန်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 48 of 2023